ဒီရက်ပိုင်းက ဝေလေလေပင်။ ပိုစ့်လည်း ကောင်းကောင်း မရေးဖြစ်ပေ။ လုပ်ရ ရေးရမှာ ပျင်းနေ၏။ ဒီရက်ပိုင်း လုပ်ဖြစ်တာက ဇာတ်ကား ကြည့် ဖြစ်ခြင်း ဖြစ်၏။ ဇာတ်ကားကိုမှ ဇာတ်လမ်းတွဲ ဖြစ်၏။ တော်ရုံဆို ကျနော်ကား ဇာတ်လမ်းတွဲ သိပ် မကြည့် ဖြစ်ပေ။ ရုပ်သံလိုင်းတွေက ထုတ်လွှင့်ပြသသည့် ဇာတ်လမ်းတွဲတွေဆို ပိုလို့တောင် ဆိုးသေး မကြည့်ဖြစ်။ ကောင်းခန်းရောက် ကြည့်ကောင်းလျှင် တပိုင်းက ပြီးပြီ မဟုတ်လား။ အရသာ ပျက်ရသလို ကြည့်ရတာလည်း တို့လို့တန်းလန်းကြီးနှင့် အဆင် မပြေပေ။ ထို့ကြောင့် ဇာတ်လမ်းတွဲဆို ကျနော် ရှောင်၏။
မြန်မာနိုင်ငံမှာ အပြများသည့် series တွေက korea,philippines,Thai,india အစရှိသဖြင့် ရှိ၏။ မြန်မာ ရုပ်သံ series များလည်း မကြာခဏ ပြ၏။ လူကြိုက်များ လူကြည့်များတာကတော့ korea series တွေ ဖြစ်၏။ များစွာသော နိုင်ငံစုံ ရုပ်သံ series တွေထဲမှာမှ အရှည်ဆုံးတွေကတော့ india series တွေ ဖြစ်၏။ မုဆိုးမလေး မဂဂ်ါကိုသာ ကြည့်။ မပြီးမစီး ရှည်လွန်းလို့ ရွဲ့ပြောခြင်း ဥပမာပေး ပြောခံရလေ့ ရှိ၏။
ပြီး indian series တွေက တခုခုဆို လူစေ့ မျက်နှာတွေ လိုက်လိုက် ရိုက်ပြနေတာ မပြီးတော့။ အလွန်မှကို စိတ်ရှုပ်ရ၏။ တော်ရုံ စိတ်ရှည်ရုံလောက်တော့ india series တွေကို ကြည့်ဖို့ စိတ်မကူးသင့်ပေ။ ထိုထိုသော အကြောင်းအရာတွေ ရှိပေမယ့် ဒီရက်ပိုင်း ကျနော် ကြည့်ဖြစ်သည့် series က india series ဖြစ်ချေ၏။ အံသြသွားသလား မိတ်ဆွေ။
မအံသြနှင့်ဦး။ india series ဆိုပေမယ့် ယခု series က အပိုင်း (၁၀) ပိုင်းသာ ရှိ၏။ တပိုင်း ကြာချိန်က မိနစ် (၅၀)၊ တနာရီ အတွင်းသာ ရှိ၏။ ထို series ကိုက မမျှော်လင့်ပဲ ကြည့်ဖြစ်သွားခြင်း ဖြစ်၏။ CM မှာ ဇာတ်ကား ကြည့်ဖို့ ရှာဖွေနေရင်း အဆိုပါ ဇာတ်ကား (series) ကိုတွေ့သွားခြင်း ဖြစ်၏။ အညွှန်းက ကောင်းနေသလို အပိုင်းကလည်း တိုနေသဖြင့် ကြည့်ဖြစ်သွားခြင်း ဖြစ်၏။ IMDB rating မှယလည်း rating ကောင်းကောင်း ရထား၏။
ကျနော်တို့ ကြည့်ဖူးနေကြ india series တွေလို မဟုတ်။ (တခုခုဆို အယောက်စေ့ မျက်နှာတွေ တဒိန်းဒိန်း တဒိုင်းဒိုင်း ရိုက်ပြနေခြင်းမျိုး မရှိပေ။ တစိတ်ရှိ ထထကခြင်းမျိုးလည်း မပါပေ။ india series မှ ဟုတ်ပါလေစဟု ထင်မှတ်ရအောင်ပင် ဖြစ်၏။ စိတ်ဝင်စားဖို့လည်း ကောင်း၏။ စကြည့်လိုက်တာနှင့်ကို ဆက်ကြည့်ချင်အောင် ဇာတ်က ခေါ်ဆောင်သွားတော့၏။
ကဲ ဇာတ်လမ်း အကြောင်းတွေတော့ မပြောနေတော့ပါဘူးလေ။ CM က link လေးကို တပါတည်း တင်ပေးလိုက်မယ်။ (CM က review ကိုသာ ဆက်ဖတ်ကြည့်လိုက်တော့) မကြည့်ရသေးရင် ကြည့်ကြည့်။ Home Stay ရင်း အပျင်းပြေ ပေါ့။ အမှန်တော့ အပျင်းပြေ ရုပ်သံ ဇာတ်လမ်းမျိုး မဟုတ်ဘူး။ အတွေ့အကြုံ အသိအမြင် အတွေးတစုံတရာ ပွင့်သွားစေ၊ လင်းသွားစေမယ့် ရုပ်သံ series မျိုး။ နောက်ပြီး သူက ဖြစ်ရပ်မှန်ကို အခြေတည်ပြီး ရိုက်ထားတာပါ။ serirs နာမည်က Synopsis of Scam 1992 – The Harshad Mehta Story
https://channelmyanmar.org/tvshows/scam-1992-the-harshad-mehta-story-2020/
ဟုတ် ညီ...ကျနော်ကြည့်လိုက်မယ်.....