ပြည်သူ့သံပုံး (ဗုံး) (၁၇၀)

in HIVE-MYANMAR3 years ago

img_0.7396728979294764.jpg

အတွင်းထောင်ထဲက အသံတွေ
အပြင်ထောင်ကို
ဖောက်ကွဲ ပွင့်အန် ထွက်လာခဲ့တယ်

ငါတို့ သွေးမအေးခဲ့
ငါတို့ အချင်းချင်း
သတိတရ ရှိခဲ့
ကိုယ်ချင်းစာခဲ့
ကာကွယ်ပေးခဲ့
(ကာကွယ် ပေးနိုင်သလောက်)

အထဲကော အပြင်ကော
ဒုက္ခတွေနဲ့ ဆိုပေမယ့်
အတွင်း ဒုက္ခက ပိုမယ်
ပြီး ပိုမောပန်းမယ်
အားတင်းထားကြပါ
အပြင်ကနေ ပိုကြိုးစားပေးပါ့မယ်
အရေးတော်ပုံ အောင်ရမည်

ရှူး... ရှူး... သွား
အာဏာရူး... ထွက်သွား

#CivilDisobedienceMovement
#JusticeForMyanmar
#RejectMilitaryCoup
#FightForDemocracy
#SaveMyammar
#HearTheVoiceOfMyanmar