ရေတက်ငါးဇင်ရိုင်းမလုပ်နဲ့

in HIVE-MYANMAR3 months ago

"နင်တို့ရေတက်ငါးဇင်ရိုင်းမလုပ်နဲ့။အလုပ်တခုကိုသေသေ
ချာချာဖြစ်ထွန်းအောင်လုပ်။"ငယ်ငယ်ကလူကြီးသူမများ
ပြောခဲ့သောစကားဖြစ်သည်။မှန်ကန်လှသောစကားဖြစ်
သည်။
မိမိတို့ပတ်ဝန်းကျင်မှလူများနှင့်အသိမိတ်ဆွေများထဲကို
ကြည့်လိုက်လျှင်အလုပ်တခုကိုစွဲစွဲမြဲမြဲမလုပ်သောသူများ
သည်ဟိုယောင်ယောင်ဒီယောင်ယောင်ဖြင့်ဘာမှမဖြစ်ထွန်း
သည်ကိုတွေ့ရသည်။အလုပ်တခုကိုစွဲစွဲမြဲမြဲလုပ်ကိုင်သူများသည်သာ နေရာတနေရာရ၍ရပ်တည်နေကြသည်ကို
တွေ့ရပေသည်။
အလုပ်တခုကိုစတင်လုပ်ကိုင်တော့မည်ဆိုလျှင် မိမိလုပ်
ကိုင်မည့်အလုပ်အကြောင်းခြေခြေမြစ်မြစ်သိရမည်။ထိုအလုပ်ကို မည်ကဲ့သို့သောနည်းလမ်းဖြင့်လုပ်ကိုင်မည်ကို
planဟုခေါ်သည့်စီမံကိန်းရေးဆွဲရမည်။ ကြုံတွေ့နိုင်
သည့်ဆုံးရူံးမှူ riskတွေကိုသိထားရမည်။ထိုသို့ကြုံတွေ့
ရလျင်မည်ကဲ့သို့ရုန်းထွက်ရမည်ဟူသော နည်းလမ်းကို
ရှာဖွေထားရမည်။ထိုအလုပ်ကိုပေါ်ပင်မလုပ်ပဲရည်ရှည်
စွဲမြဲစွာလုပ်ကိုင်ရမည်။
ထိုကဲ့သို့ ခဏတာမဟုတ်ပဲရည်ရှည် ကြိုစားအားထုတ်သူ
အတွက် အောင်မြင်မှူသည်အရှေ့ကစောင့်ကြိုနေပေမည်။
ထို့ကြောင့်မိမိအကြံဥာဏ်ပေး၍ ရေးသားချင်သည်မှာ အလုပ်တခုကို လုပ်ကိုင်ဆောင်ရွက်ဖို့ဆုံးဖြတ်ချက်မချခင်
မိမိကိုယ်မိမိမေးခွန်းများမေးကြည့်ပါ။
ထိုအလုပ်ကိုမိမိသည် ခေတ်ရေစီးကြောင်းအရ ပေါ်ပင်
ဖြစ်၍ တပါးသူတို့လုပ်ကိုင်နေသည်ကိုကြည့်၍ရွေးချယ်
ခြင်းလား။ထိုကဲ့သို့အချက်ကြောင့်ရွေးချယ်မိသည်ဆိုလျင်
လည်းအထက်ပါဖော်ပြပါအချက်များအတိုင်းမိမိဤအလုပ်
အကြောင်းကျွမ်းကျွမ်းကျင်ကျင်နှံ့ နှံ့စပ်စပ်သိပြီးပြီလား။
ဤလုပ်ငန်းကိုမိမိရည်ရှည်လုပ်ကိုင်ဖို့အမှန်တကယ်စိတ်
ပါဝင်စားမှူရှိသလားဆိုသည့်အချက်သည်အဓိကအကျ
ဆုံးအချက်ဖြစ်သည်ဟုထင်မြင်မိပါသည်။
ထို့ကြောင့်မည်သည့်အလုပ်ကိုမဆိုခဏတာလုပ်ဆောင်
ပြီးလက်လျော့သွားခြင်းမရှိပဲ ရည်ရှည်ဇွဲလုံ့လဝီရိယဖြင့်
ကြိုးစားလုပ်ကိုင်ကြပါဟုတိုက်တွန်းရင်းနိဂုံးချုပ်လိုက်ရပါ
တော့သည်။

Photo credited from google

Sort:  

!lolz

I was so mad when I found out I was cloned.
I was litteraly beside myself.

Credit: reddit
@eieikhing, I sent you an $LOLZ on behalf of walarhein

(2/10)

PLAY & EARN $DOOM

ကိုယ်တွေတော့ အလုပ်တခု စတော့မလို့။
အသေးလေးက စရတာပေါ့။
!LOLZ

I'm on a seafood diet.
When I see food I eat it.

Credit: happyme
@eieikhing, I sent you an $LOLZ on behalf of htwegyi

(2/8)
ENTER @WIN.HIVE'S DAILY DRAW AND WIN HIVE!

ကမြတို့လညျးအသေးလေးတှပေဲစလုပျရတာပဲ tradeတာ
တောင်mexcမှာ$5ကစခဲ့တာ အခုလည်းအရင်းမရှိဘူး😂😂