အသက် မကြီးသေးပါ မောင်ရယ်။

in HIVE-MYANMARlast month

ခရီးသွားပြန်တော့ သမီးရည်စားဘဝ
ဘာလိုလိုရယ်။
ရင်ထဲ ဖိုလှိုက်နေမိတယ်။
ကျွန်မတို့အရွယ် က ဖို့ကွယ်
အသက် မကြီးသေးပါမောင်ရယ်
ထန်းရွက်ပုတီးလေး ဆွဲလို့
ရွှေစာရံကို အရောက်သွားအုံးမယ်။

တနေ့က တပေါင်းလပြည့်ကျော် တရက်နေ့
ဖြစ်သည်။ ရွှေစာရံ ဘုရားသို့ ရောက်ခဲ့သည်။
ရွှေစာရံဘုရားပွဲက တပေါင်းလဆန်းမှ လပြည့်ကျော်ထိ
ကျင်းပသလားမသိပါ။ ကျွန်တော်သွားတော့
ဘုရားပွဲဈေးတန်းက စည်ကားနေသည်။

အညာနွေ နေပူပူအောက်မှာ အညာဘုရားပွဲက
ရိုးရာမပျက်စည်ကားနေသည်။ ဖုန်လုံးတလိမ့်လိမ့်ကြားထဲ
လူအုပ်ကြားထဲ တိုးဝှေ့ကာ သွားနေကြသည်။
ဘုရားဝင်ဖူးပြီး ဘုရားပွဲဈေးပတ်မိသည်။
ရွှေစာရံနှင့် ထန်းရွက်ပုတီးက ယှဉ်တွဲနေသည်။

သို့သော် ယခုခေတ်ကာလမှတော့ ထန်းရွက်ပုတီးကို
မက်မက်စက်စက်ဆွဲသူ မတွေ့ရှိ‌တော့ပေ။
ရွှေစာရံပွဲ၏ လိုဂိုတခုအနေဖြင့်သာ ထန်းရွက်ပုတီး
များကို တွေ့မြင်ရသည်။

ဗူးသီခြောက်ဖြင့် ပြုလုပ်ထားသော ရေဗူးလေး
များကိုလည်းတွေ့ရသည်။ ဆီးသီးခြောက်များလည်း
တွေ့ရသည်။ အညာဘုရားပွဲပီပီ ကြက်သွန်နီ၊
ကြက်သွန်ဖြူနှင့် ငရုပ်သီးခြောက်များ ရောင်းချသူ
ဈေးသည်များလည်းတွေ့ရသည်။

ဘုရားပွဲဈေးတန်းမှ မုန့်ခေါင်းအုံးနှင့် ဆန်မုန့်ကြော်
များကို အများအားဖြင့် တွေ့ရသည်။ အိမ်စားရန်အတွက်
ဆန်မုန့်ကြော်တထုတ်နှင့် မုန့်ခေါင်းအုံးများကို ဝယ်ယူခဲ့သည်။

ရွှေစာရံဘုရားရောက်တိုင်း ဒုဌဝတီမြစ်ကြီးဘေး
သို့ သွားရောက်ကာ ငေးမောတတ်သည်။ ယခုအခေါက်တော့
အချိန်မရသဖြင့် မြစ်ဘေးသို့
မသွားရောက်ခဲ့ပါ။ ပွဲတော်ချိန်ဖြစ်သဖြင့် လူစည်၍လည်းဖြစ်ပါသည်။ နောက်တခါ
ရောက်ခဲ့ပါမူ အေးဆေးစွာဖြင့် အမတော်
စောမွန်လှ ရဲ့ အကြောင်းတွေးကာ
ငေးမောရပါအုံးမည်။

@htwegyi
March 14, 2024

Sort:  

!pizza
!PGM

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 1 SBT - 0.1 THG - 0.000001 SQM - 0.1 BUDS - 0.01 WOO - 0.005 SCRAP - 0.001 INK tokens

remaining commands 1

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444


!luv
!meme

htwegyi, golden.future sent you LUV. 🙂 (2/10) tools | trade | connect | daily

Made with LUV by crrdlx.

ရွှေစာရံ ရောက်ခဲ့ပြီပေါ့။
!luv
!hug

Dear @htwegyi, you just got hugged.
I sent 1.0 HUG on behalf of @walarhein.
(2/3)

htwegyi, walarhein sent you LUV. 🙂 (3/10) tools | trade | connect | daily

Made with LUV by crrdlx.

ရောက်ခဲ့ပြီဗျိူ့။

@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @htwegyi gets !PIZZA from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

PIZZA!

$PIZZA slices delivered:
@hiq.smartbot(4/5) tipped @htwegyi