အရိပ် Shadow

in HIVE-MYANMAR4 years ago

img_0.7621092795142147.jpg

ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းနှင့်
ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်စာပေရှိသူ
မြန်မာလူမျိုးများသည် အဘယ်အကြောင်း
ကြောင့် ယခုအခါ သူများနောက်ကောက်
ကျနေပါသလဲ။ ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်း
တွေ ကိုယ်မြင်း ကိုယ်စိုင်းတွေကြောင့်
နောက်ကောက်ကျ နေခြင်းဖြစ်သည်။

ငယ်စဉ်က ကျောင်းသင်ခန်းစာများတွင်
မြန်မာပြည်နဲ့နယ်ချင်းထိစပ်နေသည့်
နိုင်ငံများကို သင်ယူ လေ့လာခဲ့ရသည်။
ထိုသို့သင်ယူရင်း နယ်စပ်နိုင်ငံများသည်
ကိုယ့်နိုင်ငံလောက် ကြီးမားမှုမရှိ၊
မိမိတို့နိုင်ငံလောက်လဲ မချမ်းသာဟု
ထင်ခဲ့သည်။

img_0.36495156798121786.jpg

ယခုတော့ဒီလိုမဟုတ်ပါပဲ
လေးဆယ်ကျော်ငါးဆယ်အတွင်း
ပြန်တွေးမိသည့်သည့်အခါ အော်
ကိုယ်တွေထက် ဒီနိုင်ငံတွေကသာနေပါလား။
ဘာဖြစ်လို့များ ယခုလိုနောက်ကောက်
ကျနေပါသလဲဟု စဉ်းစားကြည့်သည့်အခါ
အရိပ် တွေကြောင့်ဟု ထင်မိသည်။

လောဘအရိပ်

ဒေါသအရိပ်

မောဟအရိပ်
တွေကြောင့် အရိပ်ပေါ်အရိပ်ဆင့်၍
မြန်မာပြည်ကြီးက မည်းမှောင်နေပေတော့
သည်။

img_0.5527054809600953.jpg

ကြီးသူကိုရိုသေ
ရွယ်တူကိုလေးစား
ငယ်သူများကိုသနား ငဲ့ညှာတတ်သူတွေဟု
ယခုတလော မြန်မာ့အသံမှ သီချင်းလွင့်နေသည်။
ထိုသီချင်းဆိုသူများက တခေတ်တခါက
အသံအားကောင်းကောင်း၊ အောင်မြင်
ကျော်ကြားခဲ့သော မျိုးသမီးအဆိုတော်
များဖြစ်သည်။

img_0.6048785544952339.jpg

ဖော်ပြပါသီချင်းထဲက စာသားက‌ကတော့
အတော်ကိုကောင်းမွန်ပေသည်။
လက်တွေ့ အပြင်မှာတော့
ကြီးသူကလည်း ကြီးတဲ့အတိုင်းမကျင့်
ရွယ်တူတွေ့လျှင် ပခုံးချင်းတိုက် ရင်ဘတ်ချင်းတိုက်
ငယ်သူကလည်း ငယ်သည့်အတိုင်းမပြုမှု
ကြတော့ကာ ဘယ်တော့များမှ
တက်နေထိ ကျက်သရေရှိတဲ့
တို့မြန်မာပြည်ကြီး ဖြစ်မှာပါလိမ့်။

@htwegyi
27-12-2021

Sort:  

ကိုယ်ကစလို့ပြုပြင် ကိုယ့်ကိုယ်ကိုယ်သာတာဝန်ရဲရဲ ယူကြမယ်ဆိုရင်ဖြင့် ဖြစ်နိုင်လောက်ကောင်းပါရဲ့ဗျာ

ကိုယ်က စလို့ ပြုပြင်ကြတာပ

အားလုံးညီညာ ပြင်ကြပါမှသာ
!PIZZA

ဟုတ်သပ အကုန်ပြင်ကြပါမှ

PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@kachinhenry(13/15) tipped @htwegyi (x1)
tin.aung.soe tipped htwegyi (x1)

Join us in Discord!

ညီညာမှ ပြည်သာမယ်လေ
!LOL

!LUV

Some jerk threw a bottle of omega 3 pills at me.
Luckily my injuries were only super fish oil.

@htwegyi, I sent you an $LOLZ on behalf of @golden.future
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/6)

ပြည်သာအောင် ညီညာကြတာပ။

အဓိကတော့ စိတ်ဓာတ်ကိုအရင်ပြင်ကြရပါမယ်

အင်း...ပြောကိုမပြောချင်တော့ဘူး။

အရိပ်တွေထက် ... ဂျင်းတွေက ပိုများခဲ့လိုပါ။ ဝါးရင်းတုတ်နဲ့ မြို့ တက်သိမ်းတာတို့ / အပ်စိုက် ရွေးတာတို့ သဘောကျ နေခဲ့ကြတာကိုး။ ဆရာ အောင်သင်း ပြောသလို "အုန်း "ဆိုသေတာပဲ။ ကိုယ်က ပြန် မ "အုန်း" နိုင်ပဲကိုး။ !LOL. !PIZZA

OH NO!
You are out of jokes for the day!

@kachinhenry you can call @lolzbot a maximum of 8 times per day.
Level up by buying more $LOLZ so you can share more jokes per day!