ကိုယ်တွေက ငယ်စဉ်မွေးစမှ တက္ကသိုလ်
တက်ရောက်သည်အထိ ဝန်ထမ်းလိုင်းခန်းမှာ
နေခဲ့သည်။ အဆိုပါ ဝန်ထမ်းလိုင်းခန်းသည်
သစ်သားပြားအချပ်လေးများမိုးထားပြီး
သစ်သားနံရံများ ကာရံထားသည့် အိမ်မှာ
နေခဲ့သည်။ အဲ မှားသွားလို့ဗျို့။
မွေးစမှ သုံးတန်းလေးတန်ထိတော့
ဝါးထရံကာ၊ ဝါးကပ်မိုး ဝန်ထမ်းလိုင်းခန်း
မှာနေရပါသေးသည်။
အဲ့နောက်ပိုင်းမှ အဖေက ရာထူးတိုး၍
ဖော်ပြပါ သစ်သားအိမ်နှင့် နေရခြင်းဖြစ်ပါသည်။
ကျွန်တော်တို့ ပြောင်းပြီးသိပ်မကြာခင်အချိန်မှာ
ဝါးထရံကာအိမ်များ မီးလောင်းခြင်းခံရသည်။
အဆိုပါ မီးလောင်းသည့်အကြောင်းကို
ယခင်ပိုစ့်များတွင် ရေးသားပြီးဖြစ်ပါသည်။
သစ်သားအိမ်၊ ဝါးအိမ်များအကြောင်းရေးနေသည်နှင့် လိုရင်းမရောက်သေးပါ။
အဆိုပါအိမ်များမှာ နေစဉ်က မြေကြီးနှင့်
ထိတွေ့မှု မစိမ်းခဲ့ပေ။ ယခုကျွန်တော် အလုပ်စ
ဝင်သည့်အခါမှာ တိုက်ခန်းအိမ်များတွင်
နေရပါသည်။ ထိုတိုက်ခန်းနှင့် နေသည့်အချိန်မှ
စ၍ မြေကြီးနှင့် ထိတွေ့မှု ကင်းကွာခဲ့ရသည်။
တိုက်ခန်းများက အပြင်သို့ထွက်လျှင်
တမံတလင်းခင်းထားသည့်က တစ်မျိုး၊
အိမ်အတွင်း၌တစ်ဖုံ တမံတလင်းနှင့်သာ
ထိတွေ့နေရသည်။
မြေကြီးကို ထိတွေဖို့ ခက်ခဲလေစွ။
တခါတရံ သစ်ပင်စိုက်ဖို့ မြေကြီးကို
ရှာဖွေရတာအမော။ ခေတ်မှီတိုးတက်လာသည်နှင့်
အမျှ မြေကြီးကိုလည်း မြေဆွေးဆိုပြီး
တစ်အိတ်တစ်ထောင်ဖြင့် ရောင်းချသည်။
ထိုတစ်အိတ်တစ်ထောင် မြေဝယ်၍
သစ်ပင်စိုက်ရပါသည်။
ယခုလို မိုးဦးကျ သစ်ပင်စိုက်ပျိုး၍
ကောင်းလေးစွ။ လိုရင်းက မရောက်နိုင်။
အဲ့မြေကြီးက ကျွန်တော်အဖေမြေကွက်မှာ
တော့ ပေါသဗျို့။ ယခင်က လယ်မြေတွေ
ဆိုတော့ ဘာပင်စိုက်စိုက် ပေါက်ဆိုပဲ။
အဲ့ ဘာပင်စိုက်စိုက် ပေါက်သည့်မြေမှာ
ဘာပင်ကြီးမှန်မသိဘူး ပေါက်နေသည်။
ပုံမှာပါသည့် အပင်က ဘာပင်ဖြစ်သည်ကို
Hive မိတ်ဆွေတို့မှ သိကြပါလျှင်
ပြောပြပေးကြပါအုံး ရပ်ကွက်က လူကြီးမင်း
(ရပ်ကတို့) တို့။
@htwegyi
13-5-2021
သိပါဘူး ဘိုးထွေးရေ
အပင်သေးက အရွက်ကြီးလှပါပကိုး
အင်း ရွှေကူသားတွေတောင် မသိဆိုတော့ကာ။
Yay! 🤗
Your content has been boosted with Ecency Points, by @htwegyi.
Use Ecency daily to boost your growth on platform!
Support Ecency
Vote for Proposal
Delegate HP and earn more
အရွက်ကြည့်ရတာ ရေသဖန်းပင် အရွက်နဲ့ ခပ်ဆင်ဆင်ပဲ.... ရေသဖန်းပင် ၂ မျိုးရှိတယ်။ ရေသဖန်းသီး အကြီးမျိုးနဲ့ အသေးမျိုး။ ရေသဖန်း ပင် အသေးက အပင်ရဲ့ ကိုင်းတွေမှာ အသီးသေးသေးလေတွေနဲ့ မှည့်ရင် အဝါရောင် အဆင်းရှိတယ်။ ရေသဖန်း အကြီးက ပင်ခြေရဲ့ ပင်စည်မှာပဲ အသီးတွေ ပြွတ်ပြီးသီးတာ။ အသီးက လူကြီး လက်သီးလုံးလောက်ရှိပြီး မှည့်ရင် ပန်းဆီရောင် ပြောင်းသွားတယ်။ အလွန်စားလို့ကောင်းသလို အသီးထဲမှာ သဘာဝ ဂျယ်လီ လည်းပါပါတယ်။
ရေသဖန်းသီး အကြီးမျိုးက ရှားပါတယ်။ မြစ်ဘေး ကမ်းဘေးတွေမှာ ပေါက်လေ့ ရှိသလို ကချင်တွေက သူ့ရဲ့ အရွက်ကို သားငါးရောင်းတဲ့ နေရာမှာ ထုပ်တဲ့ ဖက်ရွက် အဖြစ် အသုံးပြုကြပါတယ်။ ဦးထွေး အပင်ကို ကြည့်ရတာ ရေသဖန်း အပင်ကြီးမျိုး ဖြစ်နိုင်ပါတယ်။ ကျွန်တော်လည်း တောတောင် တွေနဲ့ ဝေးနေတော့ မှားကောင်း မှားနိုင်ပါတယ်။
အပင်အောက်မှာ ဥကြီး ရှိတယ် ခုတ်လိုက်ရင် ပြန်ပေါက်လာတယ်။
အပွင့်က အဝါရောင်ပွင့်တယ်ကိုဟင်။ အသီးသေးသေးလေးတွေ သီးတယ်။
မိုးရာသီးမှာ ပြန်ပေါက်လာတာ။
အပင်အောက်မှာ ဥ ရှိတယ်ဆိုရင် တော့ သေချာတယ် ရေသဖန်းပင် မဟုတ်ဘူး။
အရွက်ကြီးတော့ ဖက်ပင်များလား။ မှန်းရတော့ ခက်ပါတယ်။
!PIZZA
အင်း ဖက်ကြီးက ကြီးတော့ ဖက်ပင်ပေါ့လေ။
@htwegyi! I sent you a slice of $PIZZA on behalf of @myanmarkoko.
Learn more about $PIZZA Token at hive.pizza