ဘာသီးလဲ။

in HIVE-MYANMAR2 years ago (edited)

img_0.7621092795142147.jpg

ငယ်စဉ်က နေခဲ့သည့်နေရာမှာ တရုတ်မန်းကျီးသီး
ပင်များရှိသည်။ ထိုအသီးများကို ယနေ့
Facebook မှာ တွေ့လိုက်ရသည်။ ယခုခေတ်
ကလေးများကတော့ သိသူနည်းမည်ထင်သည်။
ထို တရုတ်မန်းကျီးသီးကို Facebook တွင်
တလုံမန်းကျီးသီး ဟုရေးထားသည်။

ကျွန်တော်တို့ကတော့ ငယ်စဉ်က တရုပ်လား
တရုတ်လား တလုံလား မသိပါ။ သို့ပေသိ
တရုတ်မန်းကျီးသီးဟု ခေါ်သည်သာများသည်။
ထိုအသီးကို ငယ်စဉ်က သရေစာ (သွားရည်စာ) အဖြစ် စားခဲ့သည်။


Credit Image.

အပင်က အပင်ကြီးမျိုးဖြစ်သည်။ အကိုင်း
အခက်များမှာ ဆူးများပါရှိသည်။ အနီရောင်
နှင့် အစိမ်းရောင်နှစ်မျိုးတွေ့ရသည်။
ချို စိမ့်သည့် အရသာရှိသည်။ ငယ်စဉ်
အိမ်ခေါင်းရင်းမှာ နှစ်ပင်ရှိသည်။ တပင်က
အနီ၊ တပင်က အစိမ်းဖြစ်သည်။

ထို တရုတ်မန်းကျီးသီးများက အကွေးလိုက်သီးသည်။
မှည့်သည့်အခါ စိမ်းရာမှ အနီရောင်သန်းလာသည်။
တခါတရံ အနီရောင်ပြောက်ကျားလေးများသီး
ပြီးမှည့်တတ်သည်။ အခွံကာသာ အနီရောင်
ဖြစ်ပြီး အထဲမှ အသားက အဖြူရောင်
ဖြစ်တတ်သလို၊ အနီရောင်လည်းဖြစ်တတ်သည်။
အဖြူ အနီ ရောလျှက်လည်း တွေ့ရတတ်သည်။
အစေ့က အမဲရောင်ဖြစ်သည်။

အိမ်ခေါင်းရင်းမှ အနီရောင်အပင်က
မှည့်သည့်အခါ အထဲမှ အဆံများက ဖြူဖွေး
နေသည်။ စား၍အလွန်ကောင်းသည်။
တရုတ်မန်းကျီးသီးက စားပြီးပါက ပါးစပ်
နံသည်။ ထို ခေါင်းရင်းမှ အနီရောင်အပင်
သည် စားပြီးပါက အနံ့ သိပ်မရပေ။
တရုတ်မန်းကျီးသီးကို မြွေစိမ်းများက
ကြိုက်သည်လားမပြောတတ်ပါ။ ထိုအပင်
များပေါ်တွင် မြွေစိမ်းများကို မကြာခဏ
တွေ့ရတတ်သည်။

ငယ်စဉ်ကတော့ ထို တရုတ်မန်းကျီးသီး
များသီး၍ အပင်ပေါ်ပြွတ်သိပ်ခဲနေပါရင်
ဝါးလုံးဆွဲ၍ ခေါင်းမော့ကာ ဇက်ညောင်းအောင်း
ခူးစားခဲ့ဖူးသည်။ ကိုယ်တွေ ငယ်ဘဝ
အမှတ်တရများထဲက တရုတ်မန်းကျီးသီး
လေးလဲပါဝင်သပေါ့။ အဲ လေတံခွန်ရာသီ
ရောက်ပါရင် ဝါးလုံးထိပ်မှာ ထို တရုတ်
မန်းကျီးပင်က ဆူးခိုင်းကို ချည်းပြီး
စွန်လိုက်ခဲ့ရတာလည်း အမှတ်တရပါပဲလေ။

@htwegyi
28-9-2022

Sort:  

ပုံလည်း ပါဘဲနဲ့။
ကလားမန်ကျီးကွေး လို့လည်း ခေါ်တယ်။
!lol

ပုံတင်ဖို့ မေ့သွားလို့ ပြန်တင်ထားလိုက်သည် 😆။

စားပြီးရင် ဒညင်းသီးလို ပါးစပ်နံလို့ သိပ်မစားဖြစ်ဖူး 😁 !LOLZ

My neighbors listen to really good music.
Whether they like it or not.

Credit: reddit
@htwegyi, I sent you an $LOLZ on behalf of @ansoe

@cryptoshots.nft 🔫 3D Shooter LIVE on Hive. Play and earn DOOM!!
(1/2)

ဟုတ်တယ် အဲ့သလိုတော့ နံတယ်ဗျို့။

!PIZZA
!LOL

PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@walarhein(1/5) tipped @htwegyi (x1)

Please vote for pizza.witness!