ဟေ့ ဟေ့ ရုံးသမလေးတွေ ရေ။

in HIVE-MYANMAR15 days ago (edited)

ကိုယ့်ကျင့်တရား ဘာအရေးကြီးလဲကွာ

ချမ်းသာဖို့က အရေးကြီးတယ်။

ရေလျှံဖို့က အရေးကြီးတယ်။

ဂွင်ကောင်းတုန်းရှာထားမှ ဂွင်မကောင်းတဲ့
နေရာရောက်ရင် သေပြီဆရာ။

ဂွင်ကောင်းတဲ့နေရာ ရဖို့
အထက်လူကြီးကို သွားကန်တော့ရမယ်။

လေးနာရီခွဲပြီး ရုံးဆင်းစို့။
ဘာ သူတို့က ရုံးမဆင်းသေးဘူး ဟုတ်လား။
သူတို့ ဆင်းဆင်း မဆင်းဆင်း တို့တော့
ရုံးဆင်းပြီး။ သူတို့က ဘေးပေါက်ရတယ်
တို့က ဘာအပေါက်မှမရဘူး ဒီတော့
ရုံးဆင်းတယ်ဟေ့။

ရုံးတက်တာ ကိုးနာရီခွဲ လက်ဖက်ရည်သောက် တာ
ဆယ်နာရီ ရုံးအလုပ်ကျ ဆယ့်တစ်နာရီမှာ
လုပ်၊ ဆယ့်နှစ်နာရီ ထမင်းစား။ ထမင်းစားပြီး
စကားထိုင်ပြော။ တစ်နာရီခွဲ အလုပ်လုပ်။
နှစ်နာရီ လက်ဘက်ရည်သောက်။ သုံးနာရီ
အလုပ်အနည်းငယ်လုပ်။ လေးနာရီ ရုံးဆင်းဖို့
ပြင်။ လေးနာရီခွဲ အလုပ်ဆင်း။ ဒါက
အများအားဖြင့်သော အစိုးရရုံးဝန်ထမ်းများ၏
တိုင်မ်တေဘယ်လ် ဖြစ်သည်။

မြန်မာပြည် အစိုးရရုံးအလုပ်သမားအများစု၏
လုပ်ငန်းသဘာဝက အတော်ကို ခေတ်ပျက်တာ
ကြာပေသည်။ မကောင်းဆို သူရို့ရသည့်လခနှင့်
ကုန်ဈေးနှုန်းကလည်း ကွာခြားပေသည်။
အမှန်တကယ် တွက်ကြည့်ပါမူ ရတဲ့လခငွေ
သည် လူတန်းစေ့အောင် မနေနိုင်ပါ။
အထက်လူကြီးတွေတော့ မသိဘူးပေါ့ဗျာ။

ရရှိ ဝင်ငွေနှင့် ထွက်ငွေ မညီမျှသောအခါ
လူ၏ ကိုယ့်ကျင့်တရားသည်လည်း
ပျက်စီးဖို့ လွယ်ကူပေမည်။ ကိုယ်ကျင့်တရားကို
ထိမ်းသိမ်းသူက အတော်နည်းပါးပေမည်။
ကိုယ်ကျင့်တရား ဆိုသည်ကလည်း
အပြောလွယ်သလောက် လိုက်နာဖို့
အင်မတန် ခက်ခဲပေသည်။

ကိုကျင့်တရားဆိုသည်မှာ ရှုပ်ရှုပ်ထွေးထွေးမဟုတ်။
မှားသလား မှန်သလား သင့်သလား မသင်ဘူးလား၊
ခွဲခြားသည့်ကိစ္စသည် ဘာမှမခဲယဉ်း။ ခဲယဥ်းသည်ကမှန်သည့်အတိုင်း သင့်သည့်အတိုင်း တကယ်လက်တွေ့ကျင့်သုံး လုပ်ကိုင်ဖို့ဖြစ်သည်။

ဘယ်သူမှမမြင်သည့်အချိန်မှာ ကျွန်တော်တို့
မဟုတ်တာ လုပ်သလား၊ မလုပ်ဘူးလား။
ဘယ်သူမှမသိဘူးဆိုပြီး လစ်သည့်အချိန်
လုပ်ငန်းကိစ္စမှာ ခိုသလား၊ မခိုဘူးလား။
သူတစ်ပါးအပေါ်မှာ မတရား အမြတ်ထုတ်သလား
မထုတ်ဖူးလား။ ကျွန်တော်တို့မှာ ကိုယ်ကျင့်သီလ
ပြည့်ဝ မပြည့်ဝဟုသည် ကျွန်တော်တို့ အပြုအမူ
တွေပေါ်မှာမူတည်နေမည်။

ငယ်စဉ်က သွန်သင်ပဲ့ပြင်ခြင်းခံရသောကလေးသည်
မှန်သောအကျင့် သင့်သောအရာကို ပြုကျင့်တတ်သောအလေ့အထများ စွဲမြဲကိန်းအောင်းကာ ကြီးပြင်းလာသောအခါ၌ ကိုယ်ကျင့်တရားကောင်းသူအဖြစ်
လူအများကြားတွင် တင့်တယ်မည်၊ အောင်မြင်မည်။

ဖော်ပြပါ စာသားများက ဖေမြင့်၏ နှလုံးသားအာဟာရ
ရသစာများမှဖြစ်ပြီး။ မူရင်း -
James P.Lenfestey ၏ Catch of Lifetime
ဖြစ်ပါသည်။

ကျွန်တော်သည်လည်း အစိုးရ လခစားပေမို့
ထိုနည်းလည်ကောင်းပါပဲ။ တခါတရံ တွေးမိသည်။
ဝန်ထမ်းဘဝ မတိုးတက် မချမ်းသာ ဒုံရင်းဘဝသာ။
ကုန်သည်ပွဲစား ဘဝကို အားကျ။ အဲ သူရို့ကလည်း
ကျွန်တော်တို့ဘဝကို အားကျ။ လူ့ဘဝ သံသရာကြီးမှာ
ကောင်းတာလုပ်ဖို့ ခက်ခဲသလောက်။
မကောင်းတာလုပ်ဖို့ အင်မတန် လွယ်ကူ
လွန်လှပါတယ်လေ။

@htwegyi
April 16, 2024

Sort:  

!lolz
!hug

Dear @htwegyi, you just got hugged.
I sent 1.0 HUG on behalf of @walarhein.
(1/3)

Did you hear about the Irish guy who was assassinated at the antique store?
It was a knick knack paddy whack.

Credit: playbyhive
@htwegyi, I sent you an $LOLZ on behalf of walarhein

(1/10)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.

@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @htwegyi gets !PIZZA from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

PIZZA!

$PIZZA slices delivered:
@golden.future(1/10) tipped @htwegyi