Hive နှင့် Steemit ကြား အတူတူရင်ခုန်ရင်း

in HIVE-MYANMAR4 years ago

image

အခြေအနေတွေက အနည်းငယ်
ရှုပ်ထွေးနေသည်။ ဘာတွေဆက်ဖြစ်လာမလဲ၊
ဘာတွေကျန်ခဲ့မလဲ၊ ဘယ်သူတွေနိုင်မလဲ၊
ဘယ်ကွိုင်းက ဦးဆောင်သွားမလဲဆိုတာ
စိတ်ဝင်စဖွယ်ကောင်းနေပါသည်။
ယခုလောလောဆယ်မှာတော့
Steem တွေက အခြေအနေဆိုးနေသည်။
မည်သည့်အိပ်ချိန်မှ လက်ခံ လွှဲပြောင်းခြင်း
ပြုမရပေ။ အချို့အိပ်ချိန်က လွှဲပြောင်း
ရသည်ဟုပြောသည်။

ပါဝါဒေါင်းသူတွေ မပြီးဆုံးခင် ယခုကဲ့သို့
ဖြစ်ပျက်သည်မှာ အလွန်ဆိုးလှသည်။
ကိုယ်တွေက steem တစ်ဝက်ခန့်ကို hive
သို့ ပြောင်းထားသည့်အတွက် ပြဿနာ
အနည်းငယ်သာရှိသည်။ steem များ ပါဝါ
မဒေါင်းထား၊ မလွှဲပြောင်းထားသူများအတွက်
ယခုအခါ အခက်အခဲဖြစ်ကြပေမည်။
သူရို့အတွက် ဝမ်းနည်းမိသည်။

20200524_133716.jpg

ကိုယ်တို့ရဲ့ msc အဖွဲ့သားတွေထဲမှာ လုံးဝ
ပါဝါမဒေါင်းရသေးသူများရှိမလားမသိ။
မဒေါင်းသူရှိရင်တော့ steem အခြေအနေ
ပြန်ကောင်းပါစေ ဆုတောင်းရမည်သာ။
အဖွဲ့ဝင်မဟုတ်သည့် အခြား steemit
ရေးသားသူများ အတွက်ကိုရောပါ။

ဂျက်စတင် ဆိုသည့် ငနဲ ဘာတွေများ
ဆက်လုပ်မှာပါလိမ့် သိချင်စမ်းပါဘိ။
Steemit ရဲ့ရိုက်ချက်က Hive ကို
လာ မထိခိုက်ကောင်းပါရဲ့။ ကျွန်တော်တို့
ငယ်စဉ် ကလေးဘဝက လောင်းကစားဖြစ်ဖြစ်
တစ်ခုခုပြိုင်ဆိုင်ရင်းဖြစ်ဖ့စ် ရှုံးသူက ရှုံးမဲ မဲ တတ်သည်။ တခါတရံ ညစ်တတ်သည်။

ဒီလိုပဲ ဂျက်စတင် က ရှုံးမဲမဲပြီး
ကျွန်တော်တို့ရဲ့ hive ကို လာပြီ
ဒုက္ခများပေးမလား။ အင်း ဒါဆိုလဲ
တမျိုးကောင်းတာပါပဲ။ hive ကို
လူသိများသွားတာပေါ့။ ဘာပဲဖြစ်ဖြစ်
အဆိုးထဲက အကောင်းပေါ့။ ရှေ့ဆက်ပြီး
ဘာတွေဖြစ်လာဦးမလဲဆိုတာ
စောင့်ကြည့်ရင်း အတူတူရင်ခုန်ကြတာပ။

@htwegyi

Sort:  

မျက်စိတော့ ဖွင့်ထားပေါ့ဗျာ
အိပ်ချိန် တော့ အိပ်ပါဗျ
ခု စတင်း ဘယ်လောက် ထုတ်ဖို့ ကျန်သေးလဲ

350 လောက် ပါဝါဒေါင်းဖို့ကျန်သေးတယ်။

အကူအညီ လိုရင် ပြောပါဗျာ

ကေျးဇူး ကိုဟိန်း
ကိုဟိန်းရော အကုန်ထုတ်ပြီးပလားဗျ။