ခါး ခါး ခါး

in HIVE-MYANMARlast year

img_0.7621092795142147.jpg

ကင်းမှုံသီးပင်က အိမ်ခြံစီးရိုးပေါ်မှာ နွယ်တက်
နေသည်။ ခြံစည်ရိုးမှ တဆင့် စိန်တလုံး သရက်ပင်
ပေါ်သို့ နွယ်က တွယ်တက်နေသည်။ ထိုအခါ
တူမက သရက်ပင်ပေါ် နွယ်အုပ်သွားမည် စိုး၍
နွယ်များကို ဖြတ်တောက်ပစ်သည်။

ကျွန်တော့်အကို စနေသားက နွယ်များ
ဖြတ်ထားသည်ကို မြင်သောအခါ-

"ဟာ ကင်းမှုံနွယ်တွေ ဘယ်သူဖြတ်ပစ်တာလဲ။
ငါက စိန်တလုံး သရက်ပင်ကို အုပ်နေအောင်
တမင်ထားတာ။ ဘယ်သူက လက်ကမြင်း
လိုက်သလဲ။ အတော် လက်အားတဲ့ ဟာတွေ"

နွယ်ဖြတ်သူ ကျွန်တော်နှင့် တူမ အသာကလေ
ငြိမ်နေရသည်။ စနေသားက အတော်ရစ်သည့်သူ
ဖြစ်သည်။ ညနေ မူးလာပါလည်း ထိုနွယ်
အကြောင်းကို ဆက်လက် ပြောဆိုခြင်း ခံရ
ပေအုံးမည်။ ကင်းမှုံတို့က ဖွေးဖွေးလှုပ်ပွင့်သည်။
အသီးများကို ခူး၍ မျှစ်ဖြင့် ကြော်စားသည်။

ကင်းမှုံသီးက အခါနှင့် အချို နှစ်မျိုးရှိသည်။
အိမ်ခြံစည်းရိုး ပေါက်နေသည်က အခါပင်
ဖြစ်သည်။ သူ့ချည်းပဲ ချက်၍ မစားနိုင်
မျှစ်ကလေးရောပါမှ စားကောင်းသည်။
အဲ ကျွန်တော်တို့က မျှစ်နှင့်ရောပါမှ စား
ကောင်းသည်ဟု ဆိုသော်လည်း အကိုစနေသားက
ကင်းမှုံသီးတခုတည်း ကြော်စားသည်။

သူက မျှစ်နှင့် ရောတာ မကြိုက်ဟု ဆိုသည်။
သူ့ဟာသူ ကြော်၍ သူ့ကင်းမှုံသီးကြော်
ကုန်အောင် မစားနိုင်ပေ။ အဘယ်မှာ
စားနိုင်ပါမည်နည်း အတော်ခါပေသည်။

စနေသားက အခါကြိုက်သည်ပင် သူ့
ကင်းမှုံသီးကြော် အကုန်မစားနိုင်ပေ။
သူက အခါကြိုက်သူပီပီ တနေ့က အိမ်ရှေ့မှာ
ရှိသော တမာပင်ကလေးမှ တမာရွက်များ
ခူး၍ ပြုတ်စသည်။

ထိုအပြင် ခြံဘေးပတ်လည်၌ ပေါက်နေသော
ဂွေတောက်ပင်ပေါက်လေးများမှ အရွက်နုလေး
များကိုလည်း ခူး၍ ငံပြာရည်ချက်နှင့် တို့စားသည်။
ထိုအပြင် နောက်ထပ် အခါရှိသးသည်။
မယ်ဇလီရွက်နုလေးများကိုလည်း ပြုတ်၍
တို့သည်။ အဲ နောက်ထပ်ပြီး တခါ အခါရှိသေး
သည်။ ကြက်ဟင်းခါးသီးခြုံမှ ကြက်ဟင်းခါးသီး
လေးများကိုလည်း ခူး၍ ပြုတ်ကာ တို့စား
လိုက်ပါသေးသည်။

@htwegyi
22-3-2023

Sort:  

အခါးအတော်ကြိုက်တဲ့ အကိုကြီး စနေသားပါပဲဗျာ !LOLZ !MEME !PIZZA

အရက်သမား အခါး စားတော့ ကျန်းမာရေးကောင်းတာပေါ့။
!LOL
!MEME

I can see the future
But it takes me a while.

Credit: reddit
@htwegyi, I sent you an $LOLZ on behalf of @golden.future

(1/8)

PLAY & EARN $DOOM

သူက သူ့စိတ်ကူးနဲ့ စားတာနေမှာ။

ဆားနဲ့နာနာနယ် ရေစင်အောင်ဆေးပစ်ရင် အခါးသက်သာပါတယ် 😁 !LOLZ

What do you call a religious ceremony with one person?
Single service.

Credit: reddit
@htwegyi, I sent you an $LOLZ on behalf of @ansoe

(2/6)

PLAY & EARN $DOOM

အဲ့သလို လုပ်တာတောင် ခါးသေးသဗျို့။

PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@uthantzin(7/10) tipped @htwegyi (x1)
callmemaungthan tipped htwegyi (x1)
walarhein tipped htwegyi (x1)

Join us in Discord!