လမ်းကြောင်းကြီး

in HIVE-MYANMAR4 years ago (edited)

image

လမ်းကြောင်းကြီးကို ကျွန်တော်စတင်လျှောက်ခဲ့ပါပြီ။ ကျွန်တော်တို့ခေါင်းဆောင် ကိုဟင်နရီအောင်က
လမ်းကြောင်း ဆိုသည့်အမည်ဖြင့် ပိုစ့်တစ်ခု
ရေးတင်ခဲ့သည်။ သူရေးပြီသောအခါ ကျွန်တော်လည်း လမ်းကြောင်းကြီးတစ်ခု ရေးတင်မည်ဟု
မန့်ခဲ့ပါသည်။ မန့်ခဲ့သည့်အတိုင်း ယခု
လမ်းကြောင်းကြီးကို စတင်ပါတော့မည်။

လမ်းကြောင်းကြီး၊ လမ်းကြောင်းကြီးနှင့်
ဘာများပါလိမ့်လို့ မသိသူတို့က သိချင်ပေမည်။
အစိုးရရုံးဌာနများသို့ သွားရသည့်အကြောင်းကို
ရေးသားကြခြင်းဖြစ်ပါသည်။ ကျွန်တော့အဖေ
ဝန်ထမ်းဘဝက ရရှိခဲ့သည့် မြေကွက်အတွက်
ဂရန်သက်တမ်းတိုးရန် ရုံးဌာနများသို့
သွားရောက်ရသည်။

အဖေ မြေကွက်ရရှိခဲ့သည်မှာ 1990 ခုနှစ်ကဖြစ်သည်။ ယခု 2020 ပြည့်တွင် နှစ်30
ဂရန်ပြည့်ပြီဖြစ်၍ နောက်ထပ် ဂရန်သက်တမ်း
တိုးရပါသည်။ သူရခဲ့သည့်မြေကွက်တွင်
အဖေမနေခဲ့ပါ။ 1991 ခုနှစ်မှာ ကွယ်လွန်
သွားရှာသည်။ ဂရန်သက်တမ်းတိုးရန်အတွက်
ကျွန်တော့အမေသည် အဖေ၏ တရားဝင်
ဇနီးတစ်ဦးဖြစ်ကြောင်း ကျမ်းကျိန်ရပါမည်။

20200627_103223.jpg

ထိုသို့ ကျမ်းကျိန်ရန်အတွက် အမေအား
တရားရုံးသို့ ခေါ်ဆောင်ရပါမည်။ အမေက
လေဖြန်းရောဂါဖြစ်နေ၍ လမ်းကောင်းစွာ
မလျှောက်နိုင်ပါ။ ရှေးဦးစွာ စုံစမ်းရန်အတွက်
တရားရုံးသို့ အစ်မနှင့် ကျွန်တော် သွား
ရောက်ခဲ့သည်။ တရားရုံးတွင် ကျမ်းကျိန်
ပါက 30000ကျပ်ပေးရမည်။ ကျမ်းကျိန်ပြီး
စည်ပင်ရုံးသို့ ဆက်လက်သွားရောက်ရအုံးမည်
ဖြစ်သည်။

ထိုအခါ လေဖြန်း လမ်းမလျှောက်နိုင်သော
အမေအတွက် ခက်ခဲသည်။ အမေ မလိုက်ရပဲ
ကျွန်တော်တို့သာ အမေ့ကိုယ်စား သွားရောက်
လုပ်ကိုင်လျှင် ရမည်လားဟု စုံစမ်းသည့်အခါ
အမေ့က ကျွန်တော်တို့အား GP လွှဲရမည်ဟု
ပြောသည်။ GP (General Power)
လွှဲခ တစ်သိန်းပေးရမည်။ ထပ်မံ သေချာအောင်
ဈေးစုံစမ်းသည့်အခါမှာ တစ်ဦးက 130000ကျပ်၊
နောက်တစ်ဦးက 250000ကျပ်ဟု ဈေးအသီးသီး
ပြောကြသည်။

ရုံးဌာနမှလုပ်သော ကျွန်တော်သည် ကိုယ့်ရုံးမှာတော့
ကြက်ဖ၊ အခြားရုံးများမှာတော့ ကြက်မဖြစ်ရပါသည်။
ဒီတော့ ဈေးနည်းသည့် တစ်သိန်းသုံးသောင်းနှင့်
ကျမ်းကျိန်၊ GP လွှဲနှစ်ခုအတွက် ဈေးတည့်ခဲ့သည်။
ထိုအရာများပြုလုပ်ရန်အတွက် အဖေ၏ သေဆုံး
ကြောင်းလက်မှတ် အထောက်အထားယူရခဲ့ရမည်။
အမေက အဖေ့တရားဝင်ဇနီးဖြစ်ကြောင်း
ရပ်ကွက်ထောက်ခံစာယူရမည်။

ရပ်ကွက်ထောက်ခံစာက ပြဿနာမရှိပါသော်လည်း
အဖေ့သေဆုံးကြောင်းလက်မှတ်က ပြဿနာရှိပါတော့သည်။

ဆက်လက်ရေးသားပါမည်.......။

@htwegyi

Sort:  

ခုခေတ်လမ်းကြောင်းများ တယ်ကြီးသကိုးနော့။
ပြည်သူတွေကို ဂုတ်သွေးစုတ်နေကြတာ။ စေတနာ့ဝန်တမ်းဆိုတာ နာရေးကူညီမှုတောင်မှ ဒိုးပြားထွက်ရတယ်😁။

ဟုတ်သဟေ့ ဒါကြောင့် အမေစုက ပရဟိတတွေ စာရင်းပေး
စနစ်တကျဖွဲ့မယ်ပြောတော့ အသံတွေထွက်လာသပ။

ဝန်ထမ်း အချင်းချင်းတောင် နားလည်မှု နဲ့ လုပ်မပေးကြဘူးလား..?

ဟ မ လေး ကိုဟင်နဲ့ ပျင်းတောင် ပျင်းသေးတယ် ဆိုသပ။
ကျွန်တော်လုပ်ရတာက ပြည်ထဲရေးလက်အောက်က တရားရုံးမှာလေ။
လာသမျှလူကို ဘယ်လိုငွေညှစ်ရမလဲ အတွေးရှိတဲ့အုပ်စုဗျ။

လမ်းကြောင်းမရှင်းလို့ကတော့ သိတယ်မို့လား

ဟင်း ဟင်း သိသပ ၊😁

တကယ့်ကိုလမ်းကြောင်းကြီးပါလားဗျာ
ရေးထားတဲ့ဆောင်ပုဒ်တွေမှ အားမနာ

ကျွန်တော်တို့ မီးရထားလိုပ အပိုပေး ရန်မလိုပါပေါ့ 😁