ယနေ့ အမေနှင့် ကျွန်တော် အိမ်မှာ နှစ်ယောက်ထဲ
ရှိသည်။ တာရာပွကြီးက သူ့မိတ်ဆွေနှင့် အပြင်ထွက်
သွားသည်။ တာရာပွကြီးက အိမ်ကပ်သည်တော့မရှိပါ။
အမနှင့် ညီမက ယနေ့ သွားဆေးခန်းကို
သွားကြသည်။ အမ၏ သွားက ခေါင်းလောင်းပေါက်
ဖြစ်နေကာ ကိုက်နေသည်။ ယခင်ကလည်း အမ
သည် သွားဆေးခန်းပြခဲ့ဖူးသည်။ ထိုစဉ်က သွားအတု
သုံးချောင်းစိုက်ခဲ့သည်။ ထိုသို့ သွားများ
စိုက်စဉ်က သွားဆရာဝန်က ပြောသည်။ ယခု
နှုတ်ရမည့်သွားကိုလည်း တခါတည်း နှုတ်ပစ်ရန်
ပြောခြင်းဖြစ်သည်။
အမ က ထိုအံသွားကို မနှုတ်ပေ။ အဘယ်ကြောင့်
ဆိုသော် သွားတုစိုက်သည့် သွားများ အဆင်မပြေပါက
ထို ပိုစား အခေါင်းပေါက်သွားဖြင့် စားရမည်ဖြစ်၍
မနှုတ်ခဲ့ခြင်းဖြစ်သည်။ ယခုတော့ ထို သွားက ကိုက်
လာသဖြင့် နှုတ်ရပေတော့သည်။ အမက သွားဆေးခန်း
သွားမည်ဖြစ်၍ အငယ်မကလည်း သူ့သွား
ပြချင်သည်ဆိုကာ လိုက်ပါသွားသည်။ အငယ်မ၏
သွားက သွားချိုးများကပ်နေသည်။ ထို ချိုးကပ်နေသော
သွား၏ အမြစ်က သွားဖုံးကို ဖောက်၍
ထွက်နေသည်။
ထို ချိုးတက်သွားဖုံးဖောက်သွားကို ပြရန် အငယ်မ
ကလည်း ဆေးခန်းလိုက်သွားသည်။ ဒီတော့
အိမ်မှာ အမေနဲ့ ကျွန်တော်သာ ကျန်ခဲ့သည်။
အမေက သူ့အနား လူမရှိရင် ဘယ်သူ၊ ဘယ်ဝါ
ဟု ခေါ်တတ်သည်။ သူတယောက်ထဲနေရတာ
အားငယ်၍ဟု ပြောသည်။ အရေးဟဲ့၊
အကြောင်းဟဲ့ဆို ငါ့အနား ဘယ်သူမှ မရှိရင်
မခက် ပေဖူးလားဟု ပြောရှာသည်။
မှန်ပါသည် တလောက ငလျင်လှုပ်သွား
သည့်အချိန်မှ စ၍ အမေက သူ့အနား
တယောက်ယောက်ရှိမှ ဖြစ်ပေသည်။
အမေက သူနဲ့ ကျွန်တော် နှစ်ယောက်ထဲ
ရှိစဉ် စကားများပြောသည်။ သူငယ်စဉ်က
အကြောင်းများကို ပြောပြသည်။ သူငယ်စဉ်
အကြောင်းများကို မကြာခဏ ပြော၍ ကျွန်တော်
တို့လည်း သိပြီးဖြစ်သည်။ ယနေ့တော့ အမေ့
စကားများကို ပိုစ့်ရေးရန် သေချာမေးရသည်။

အမေ မွေးဖွားရာ အရပ်သည်က မြန်မာပြည်
အလယ်ပိုင်း၊ အပူပိုင်းဒေသဖြစ်သည်။
ကန်ရေသောက်၊ မြက်ခြောက်စားရတဲ့ အရပ်
ပေါ့ဟု ကျွန်တော်က စ မိသည်။ အေးဟုတ်တယ်။
အမေက ပြုံး၍ ပြောသည်။ ငယ်စဉ်က သူရို့
ဒေသမှာ ရေရှားပါးသဖြင့် သူ့အမရှိရာ မန္တလေးမြို့
သို့တက်ခဲ့သည်။ မြို့မတက်မီ ရွာမှာ လုပ်ကိုင်
စားသောက်ခဲ့ရသည်များကို ပြောပြသည်။
ရွာနှင့်ဝေးရာ အရပ်သို့ ထင်းခုတ်သွားရသည်။
ထင်းခုတ်ရာတွင် တနေကုန်ခုတ်ရသည်။
ထိုခုတ်ပြီးသော ထင်းများကို ခြောက်အောင်
သုံးရက်ခန့်နေလှန်ထားရသည်။ နေလှန်ရင်း
ထင်းခုတ်ရင်းဖြင့် သုံးရက်မြောက်မှာ ထင်းစည်
များကို ရောင်းချသည်။ ထင်းခုတ်ရောင်းချခြင်း
အတွက် ငွေသုံးကျပ်ရသည်။ သုံးရက်မှာ သုံကျပ်
ရခြင်းဖြစ်သည်။ ထိုငွေသုံးကျပ်ရအောင်
သုံးရက်ခန့် မိမိရွာနဲ့ အဝေးရှိ ထင်းရှိရာအရပ်မှာ
နေပြီး နီးစပ်ရာ ဘုန်းကြီးကျောင်းမှာ ဆွမ်းကျန်
တောင်းစား၍ လုပ်ကိုင်ခဲ့ရသည်။

ထိုသို့ ထင်းခုတ်ပြီး ရရှိလာသော ငွေသုံးကျပ်ကို
ကျစ်ကျစ်ပါအောင် ဆုပ်၍ ရွာသို့ ပြန်ခဲ့သည်။
ရွာသို့ရောက်သည့်အခါ အမေက သူ့အမေကို
အမေ ရော့ ကျုပ် ထင်းခုတ်ရောင်းလာတဲ့ ငွေ
ဟုပြောကာ သူ့အမေလက်ထဲထည့်လေသည်။
အမေ့ အမေက သူ့သမီးပေးသော ငွေကို
ကြည့်ကာ သာဓုသုံးကြိမ်ခေါ်လေသည်။
@htwegyi
November 19, 2025
Congratulations @htwegyi! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)
Your next target is to reach 100000 upvotes.
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP