ပင်စင်ထုတ်ချိန်။

in HIVE-MYANMAR21 days ago

ယနေ့ အမေ့ပင်စင်သွားထုတ်သည်။
အမေက အဖေ့ရဲ့ပင်စင်ကို ထုတ်ယူခြင်း
ဖြစ်သည်။ အမေ ကံကောင်းသည်ဟု
ပြောရမည်။ အမေ့သူငယ်ချင်းနှင့် အမေ့ အမ
တိုသည်လည်း သူရို့၏ ခင်ပွန်းများ ပင်စင်ကို
စားကြသူများဖြစ်သည်။ သူရို့ခမျများတော့
တစ်ဆယ့်ငါးနှစ်ပြည့်၍ ခင်ပွန်းပင်စင် မစား
ရတော့ပေ။

အမေကတော့ ကံကောင်စွာဖြင့် တစ်ဆယ့်ငါးနှစ်
မှ အသက်ရှင်ပြီး သေဆုံးသည်ထိ ပင်စင်ခံစားခွင့်
ရရှိမှုကို မှီခဲ့သည်။ ထိုကြောင့် ယနေ့အမေ
အသက်ကိုးဆယ်နား နီးသည့်အထိ အဖေ၏
ပင်စင် မိသားစုပင်စင်ကို ခံစားခွင့်ရနေသည်။

ပင်စင်ထုတ်ယူမှုကို ယခင်က တလတကြိမ်
ထုတ်ယူသည်။ အမေ့ပင်စင်ကို ကျွန်တော်က
ကိုယ်စားလှယ်လွှဲစာဖြင့် သွားရောက်ထုတ်ယူသည်။
ထိုကိုယ်စားလှယ်လွှဲစာကို ယခင်က ရုံးတံဆိပ်
ပါ အရာရှိငယ်လက်မှတ်ထိုးလျှင် ပင်စင်ထုတ်ယူ
၍ရသည်။

ယခုအခါ ထိုကိုယ်စားလှယ် လွှဲစာကို ရပ်ကွက်
လူကြီး သို့မဟုတ် ရုံးမှ ပြန်တမ်းဝင်အရာရှိ
တဦးက လက်မှတ်ထိုးပါမှ ရပေတော့သည်။
ဒီတော့ လက်မှတ်ထိုးရန် အခက်အခဲဖြစ်သည်။
သို့ပါ၍ ကိုယ်စားလှယ်ဖြင့် မထုတ်ပဲ အမေကိုယ်တိုင်
ထုတ်ယူတော့သည်။

အမေကိုယ်တိုင်က အပြင်ထွက်ချင်သည်။
ဒီတော့ အမေ့ကို ခေါ်၍ မြို့ထဲသို့ အိုးဝေငှား
သွားရသည်။ အိုးဝေငှားခက တသောင်းခန့်
ပေးရသည်။ အမေ့ပင်စင်က တလ ငါးသောင်း
ကျော်ဆိုတော့ အဆင်မပြေပါ။ ပင်စင်ကို
နှစ်လမှ တခါပေါင်းထုတ်ရသည်။ အမေလည်း
အပြင်ထွက်ရ၊ ကိုယ်စားလှယ် လက်မှတ်ထိုး
ရသည့် အခက်အခဲလည်း ပြေလည်သွား
ပေတော့သည်။

ပင်စင် ထုတ်ယူတိုင်း ဘူတာကြီးသို့ ရောက်ရသည်။
ကိုယ်ရဲ့လုပ်ငန်းခွင်ကို သတိရမိသည်။
ဘူတာကြီးကို မြင်တိုင်း လွမ်းသလို၊ ဆွေးသလို
ရင်မှာ ဟာတာတာကြီးကတော့ ယခုထိ ဖြစ်နေဆဲ
ဖြစ်နေမြဲပါပဲဗျာ။

@htwegyi
April 23, 2024

Sort:  

!hiqvote

@htwegyi, the HiQ Smart Bot has recognized your request (1/1) but the mana is too low. Try again later.

As a consolation, @htwegyi gets !PIZZA from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

မကြာခင် ပြန်ထိုင်ရတော့မှာပါဗျာ။
အားတင်ထား အချစ်ရေ့
!luv
!lolz

htwegyi, tin.aung.soe sent you LUV. 🙂 (2/10) tools | trade | connect | wiki | daily

Made with LUV by crrdlx.

You can never trust an artist
Theyre super sketchy

Credit: reddit
@htwegyi, I sent you an $LOLZ on behalf of tin.aung.soe

(1/10)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.

ဖိုက်တင်းပါဗျို့။

!pizza
!hug

Dear @htwegyi, you just got hugged.
I sent 1.0 HUG on behalf of @walarhein.
(1/3)

!lol
!meme

How much memory does a comedian's computer have?
Lots of gigglebytes!

Credit: reddit
@htwegyi, I sent you an $LOLZ on behalf of golden.future

(1/10)

PLAY & EARN $DOOM

PIZZA!

$PIZZA slices delivered:
@hiq.smartbot(5/5) tipped @htwegyi