
ကျွန်တော့်အဖေအကြောင် ရေးရပါအုံးမည်။
လူက အရပ်ပုသည်။ သူအရပ်ပု၍ အရပ်ရှည်
သည့်အမျိုးသမီးကို ယူခဲ့သည်ထင်သည်။
အမေ့က အရပ်ရှည်တာကိုး ကိုယ့်အထင်
ရေးရတာပါ။ ပုသူက ရှည်ချင်သည်။
ပိန်သူက ဝချင်သည်။ ဝသူက ပိန်ချင်သည်။
လူ့သဘော သဘာဝက အဲ့သလို။
သို့ပေသိ ဆင်းရဲသူက ချမ်းသာချင်သည်။
ချမ်းသာသူကတော့ မဆင်းရဲချင်ပါဘူးလေ။
အဖေ က မီးရထားမှ ဝန်ထမ်းတဦးဖြစ်သည်။
ပန်းပဲဆရာဖြစ်သည်။ ရထားလမ်းများကို
ပြုပြင်ရသည်။ ရထားလမ်းပြုပြင်ရာတွင်
အဖေ့က ရှေးလမ်းဗိုလ်ကြီးများကို မှီခဲ့သည်။
ထိုကြောင့် လုပ်ငန်းကျွမ်းကျင်သည်။
ရှေးခေတ်က လမ်းပိုင်းများကို ပြုပြင်ရာတွင်
လမ်းဗိုလ်ကြီး၊ လမ်းဗိုလ်လေးများနှင့်
သူရို့လက်အောက်မှ လုပ်သားခေါင်း၊
ဇာဝီလှည့်ခေါ် (လမ်းလျှောက်)နှင့် လုပ်သားများ
ရှိသည်။

I'm
အဖေ့ က ကိုယ့်အဖေ့မို့ ပြောတာမဟုတ်
ရထားလမ်းပြင်ရာတွင် ပါရမီရှိသည်။
ရထားလမ်းလွှဲကူးများ ပြုပြင်ရာတွင်
ကျွမ်းကျင်သည်။ ရှေးခေတ်လမ်းဗိုလ်ကြီးများ၏
နည်းပညာများကို လက်တွေ့မြင်ထားရ
သည့်အပြင် ဖြတ်ထိုးဉာဏ်ကောင်းသည်။
ကိုယ်တွေက အဖေ့လောက် ဉာဏ်မကောင်း
ပါ။ ကြုံတုန်း ဝင်ကြွားရတာပါလေ။
လမ်းများပြုပြင်သည့်အခါ အဖေ့ပါရှိပါက
လမ်းဗိုလ်ကြီး၊ လမ်းဗိုလ်လေး လိုက်ပါစရာ
မလို မျက်နှာလွှဲထားနိုင်သည်။ ယခုနောက်ပိုင်း
တွင် အချို့သော လမ်းဗိုလ်လေးများက
စာတွေ့သာသိကြပြီး လက်တွေ့တွင်
မကျွမ်းကျင်ကြပေ။ ထိုအခါ အဖေ့ကို
ကပ်၍ မြောက်၍ ပညာယူကြရသည်။
အဖေ့ကလည်း သူ့ကို မြောက်ပေပါက
သူတတ်သည့် ပညာ အကုန်ပေးပါသည်။
အဖေက အရက်ကို ကြိုက်နှစ်သက်စွာ
သောက်ခဲ့သည်။ ယခင် Steemit တွင်
ရေးသားထားပြီးဖြစ်ပေမည်။ အဖေက
ဘုန်းကြီးကျောင်းသားတဦးဖြစ်သည်။
အတန်းပညာ သင်ကြားခဲ့ရခြင်း မရှိပါ။
ဘုန်းကြီးကျောင်းသား ပီပီ မြို့ပေါ်ရောက်စ
အရက်မသောက်တတ်ပါ။ အခြားသူများ
သောက်သည်ကို ခွေးမသောက်သည့်
အရည် ဟုပြောခဲ့ဖူးသည်။
ထိုနောက်မှာတော့ ထိုခွေးမသောက်သည့်
အရည်ကို စွဲစွဲလန်းလန်း နှစ်နှစ်ကာကာ
သောက်သုံးခဲ့ပါသည်။ ထို အရက်ကြောင့်ပင်
အသက်ပါ ထွက်ခွါခြင်းခံရပါလေတော့သည်။
(ဒုတိယပိုင်း ဆက်ပါအုံးမည်။)
@htwegyi
4-2-2022
အရက် အရက် ဒင်းကြောင့်
!LOL
lolztoken.com
The Boo Boo Dolls.
Credit: reddit
@htwegyi, I sent you an $LOLZ on behalf of @walarhein
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/4)
ကောင်းတယ် တဲ့ဗျ
ဟုတ်ပါ့နော်။ ခုခေတ်တချို့လမ်းဗိုလ်လေးတွေက ရှေးကမယ်ဇလီကြီးတွေလောက် လမ်းပြင်မကျွမ်းကျင်ကြဘူး။
ခေတ်က တဖြည်းဖြည်း အပျက်သဘောဆောင်သလို
အလွယ်လမ်းလိုက် ဂွန်နှိုက်လာကြတာပ။
ဘထွေး အဖေကလည်း မီးရထားလုပ်သားကြီးကိုး လေးစားပါတယ်
ဟုတ်တယ် မစုရေ
ဖတ်လို့ကောင်းသဗျို့ ... ဒုတိယပိုင်း မျှော်နေပါပြီ !PIZZA. !LUV
@kachinhenry(1/1) gave you LUV.
H-E tools | connect | <><
ရေးပြီလေ ဖတ်ရပါစေ့မယ်
PIZZA Holders sent $PIZZA tips in this post's comments:
kachinhenry tipped htwegyi (x1)
@learningenglish(4/10) tipped @htwegyi (x1)
Please vote for pizza.witness!
အဖေက ဘယ်လောက်တော်တော် သားကဖျင်းနေမှတော့ ဘာသုံးရမလဲ 😅😂🤣
Yay! 🤗
Your content has been boosted with Ecency Points, by @htwegyi.
Use Ecency daily to boost your growth on platform!
Support Ecency
Vote for new Proposal
Delegate HP and earn more
မီးရထားတွေက ကျွန်တော်သဘောကျတဲ့အထဲပါတယ်ဗျ။ အခုထက် ပိုတိုးတက်ခဲ့သင့်တယ်။ လမ်းပန်းဆက်သွယ်ရေးမှာ မီးရထားဟာ အတော်အရေးပါတာပါ။
!PIZZA