Facebook ကြည့်ရင်း စာရေးပိုစ့်တင်ဖို့
အချိန်နောက်ကျနေတာ အမြဲတမ်းလိုဖြစ်သည်။
စာရေးဖို့ ဖုန်းကိုင်လိုက်သည်နှင့် ဒီနေ့
ဘာသတင်းများ ထူးမလဲ။ Hive ဈေးများ
တက်နေမလား။ ဂရုမှာ ဗုတ်သွားပေးအုံးမှ
စသဖြင့် အလုပ်ကများသွားသည်။ ဒီတော့
စားရေးဖို့ နောက်ကျသည်။ စာရေးနောက်ကျ
၍ ပိုစ့်တင်ရန် နောက်ကျပြန်သည်။
ဒီလိုနဲ့ သံသရာလည်နေသည်။
ပျင်းနေလို့တော့ မဖြစ်သေး။ ကိုယ်တွေရဲ့
ပိုစ့်က တနေ့က တဒေါ်လာကျော်ရသည်။
ဒီတော့ ပျော်ရသည်။ ကိုယ်တွေ၏ ပိုစ့်များ
တဒေါ်လာထိ မရသည်မှာ အတော်ကြာပြီ
ဖြစ်သည်။ ဒီတော့ ကြိုးစားပြီး စာရေး
ရပေအုံးမည်။ တနေ့က အိမ်ဘေးက အိမ်မှ
မုန့်ညင်းထုပ်ကြီးတထုပ်ပေးသည်။
ထိုမုန့်ညှင်းထုပ်ကြီးက အတော်ကိုကြီး
သည်။
မုန့်ညှင်းထုပ်က ကြီးသဖြင့် နှစ်ခါခွဲ၍
ကြော်စားရသည်။ သူရို့အိမ်က ထမင်း
ရောင်းသည်။ အသီးအနှံများကို ဝယ်ပါလျှင်
အိတ်ပြတ်ဝယ်သည်။ ထိုကြောင့် အသီးအနှံ
များက အမြဲတမ်းလို ပေါများသည်။
ယခုလိုဆောင်းရာသီမှာ မုန့်ညှင်းများက
ပေါသည်။ ပစ္စည်းပေါပါသော်လည်း
ဈေးမပေါပါ။ သူရို့သာလျှင် အများဝယ်၍
ဈေးသက်သာသည်။
မုန့်ညှင်းနှင့် အိမ်မှ ပဲသီးများကို ခူး၍
အစိမ်းကြော်လေး စားမည်ဟု စိတ်ကူးသည်။
ထိုကြောင့် ပဲစင်မှ ပဲသီးများကို ခူးဖို့ ပဲသီးတောင့်
ရှာရန် ပဲစင်သို့ သွားသည်။ အဲ့မှာ ကိုယ်တော်ချော
နှင့်တွေ့သည်။ ကိုယ်တော်ချောက စိမ်းစိမ်းဆိုတော့
သူကို တော်တော်နှင့်မမြင်ပေ။ ကိုယ်တွေကလည်
မျက်စိက အမွဲဆိုတော့ အဲ့မှာ တွေ့ပြီဆိုသလို။
မြွေစိမ်းက စိမ်းလိုက်သမှ စိမ်းဖြန့်နေသည်။
ပဲစင်၏ အလယ်ဆုံးဝါးလုံးတိုင်ထိပ်မှာ ရစ်ခွေနေသည်။
တော်ပေသေး ပဲစင် အလယ်တည့်တည့်
မှာ ခွေနေသဖြင့်။ အင်း သူကလည်း လူသံ
သူသံနှင့် အနည်းငယ်ဝေးသော နေရာမှာ
နေသည်။ ကိုယ်တွေကလည်း မြွေဆို မြင်သည်နှင့်
တွန့်မိသည်။
အမယ်မင်း တွန့်မိပါသည်ဆိုမှ မြွေစိမ်းက
နောက်တနေ့မှာ အဖော်ခေါ်လာသည်ထင်။
မြွေပေါက်စလေး တကောင်ပါ ထပ်ရောက်လာသည်။
ပထမမြွေစိမ်းက အတော်ကြီးသည်။ နောက်ထပ်
ရောက်လာသောမြွေစိမ်းလေးက သေးသေးလေး
ဖြစ်သည်။ ကျွန်တော့်အမက မြွေမဖြစ်မယ်
ထင်တယ်။ ဒီအသေးလေးက မနေ့ညက သူ
မွေးလိုက်တာနေမှာ။
အကိုတယာပွကြီးက ပြန်ပြောသည်။
ဟာ ဘယ်ကမွေးရမှာလည်း မြွေက မွေးကာစဆို
တီကောင်လောက်ရှိတာ။ ခုမြွေက တီကောင်ထက်မကဘူး။ မောင်နှမ အချီအချပြောနေသည်။
ကျွန်တော်က မြွေစိမ်းအကြီးကိုတော့
ဓာတ်ပုံမရိုက်ရဲပါ။ မြွေစိမ်းအသေးကိုတော့
ဖုန်းဖြင့်ဓာတ်ပုံရိုက်လိုက်သည်။ ကိုယ်တွေ
အတွက် Hive မှာ ပိုစ့်တင်ဖို့ ကုန်ကြမ်း
ရဖို့အတွက်ဖြစ်သည်။
ကျွန်တော်က Hive မှာ စာရေးပိုစ့်တင်သည့်
အခါ ဖုန်းအတွင်းမှ ပုံများကို ကြည့်၍
စာရေးတတ်သည်။ ယခင် ခေတ်ကာလ
ကောင်းစဉ်က ခရီးထွက်ခဲ့သော ဒေသများ၏
ဓာတ်ပုံများရှိသည်။ ထိုပုံများလည်း တင်ခဲ့ပြီသော
ပိုစ့်များမှာ အသုံးပြုခဲ့သည်။ ထိုကြောင့်
ပုံများက ကုန်သလောက်ဖြစ်သည်။
ယခုအခါမှာ ဓာတ်ပုံရိုက်ဖို့ ကျွန်တော်သည်
အပျင်းထူးနေသည်။ အပြင်မထွက်ဖြစ်တာ
ကြာတော့ လူက အလိုလိုနေရင်း ပျင်းရင်းနဲ့
ဖျင်းနေတော့သည်။
@htwegyi
December 28, 2024
!hiqvote
@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @htwegyi gets !COFFEE from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻