"ကချင်မြေကို လာပါ့ တကယ်ပျော်တယ်နော့"
"ကချင်မြေကို လာပါ့ တကယ်ပျော်တယ်နော့"
မြူးမြူးကြွကြွ ကချင်တိုင်းရင်သား၏
သီချင်းသံက ကြားရသူအပေါင်း ထ ကချင်စရာပင်။
သူရို့ ကချင်မြေ အောင်ပွဲရ အောင်လံစိုက်နေချိန်
မှာ ဒီသီချင်းသံက မြိုင်မြိုင်ဆိုင်ဆိုင် အံ့ဝင်ဂွင်ကျ
ဖြစ်နေသည်ပ။
ကချင်မြေသည်က သဘာဝသံယံဇာတပေါကြွယ်
ဝသည့်မြေဖြစ်သည်။ ထိုအပြင် သဘာဝတောတောင်
အလှအပများကလည်း ရှုမငြီးစရာကောင်းသည်။
မြန်မာပြည်၏ အသက်သွေးကြော၊ မြန်မာတို့ရဲ့
အသည်းနှလုံးဟု တင်စားရမည့် ဧရာဝတီမြစ်ကြီး
စတင်မွေးဖွားရာ အရပ်လည်းဖြစ်သည်။
အထူးသဖြင့် ကချင်မြေ၏ အဓိက အထင်ကရ
ကျောက်စိမ်းတွင်းများဖြစ်သည်။ ကျွန်တော်တို့
ငယ်စဉ်က မြစ်ကြီးနားရထားကြီးကို ပြန်လည်
အမှတ်ရမိသည်။ မြစ်ကြီးနားရထား ထွက်ခွါသည့်
အခါများမှာ ကချင်မြေနယ်နမိတ်ရောက်ပါမူ
မိုင်းထိသည်ဟု ရံဖန်ရံခါကြားရတတ်သည်။
ထိုကြောင့် မြစ်ကြီးရထားကို စီးဖို့ ငယ်စဉ်က
ကလေးအတွေးဖြင် ကြောက်မိခဲ့သည်။
ယခုအခါပြန်တွေးမိသည့် အခါမှာတော့ သူရို့ကို
အပြစ်မမြင်မိတော့ပေ။ ယခု အချိန်အခါ
အဖြစ်အပျက်များက လူတို့၏ အသိတရားကို
ပွင့်လင်းမြင်သာ ကိုယ်တိုင်ခံစားမှုများ ရရှိ
စေသည်။
"ကိုယ်တိုင်ထိမှ သိတော့တယ်၊
အတန်းအစား အနိမ့်အမြင့် မရွေးသူတိုင်း"
သီချင်းစားသားအတိုင်းဆိုသလို။ ကိုယ်ဘက်၊
သူ့ဘက် မျှတစွာ တွေးတတ်၊ ခံစားတတ်လာကြသည်။
ခံစားချက်တွေ တူညီလာကြသည်။
သို့ပေသိ တူညီစွာ စည့်လုံးညီညွတ်ကြဖို့တော့
ဘာတွေများ လိုအပ်နေကြသေးလဲ မသိပါ။
ကချင်ပြည်နယ်ရဲ့ ကျောက်စိမ်းအကြောင်း
ရေးစရာတခုရခဲ့သည်။ ကျွန်တော့်အကို
တာာပွကြီးက ပြောပြခြင်းဖြစ်သည်။
သူ့မိတ်ဆွေ တာယာသမားတဦးက ကချင်ပြည်နယ်
မှ စက်ကြီးတာယာဟောင်းများကို ဝယ်ယူသည်။
တာယာဟောင်းများကို ဝယ်၍ တာယာရေပုံး၊
ရေကန်နှင့် အခြားပစ္စည်းများပြုလုပ်သည်။
တနေ့မှာ ကားတာယာကြီးတခုအတွင်းမှ
ကျောက်ခဲကြီးတလုံးပါလာသည်။ ထိုကျောက်ခဲ
တုံးကြီးကို သူက ဓားသွေးကျောက်အဖြစ် အသုံး
ပြုနေခဲ့သည်။ ကံကောင်းချင်သူအဖို့
သပိတ်ဝင်၊ အိတ်ဝင်ဆိုသလို။ ကံမျက်နှာသာပေး
ပုံက အင်မတန်ထူးဆန်းလှပေသည်။
တနေ့မှာ သူ့ထံသို့ တရုတ်တဦးက တာယာပစ္စည်း
လာဝယ်သည်။ ထိုလူက အလုပ်လုပ်ရင်း
ဓားသွေးရင်းဖြင့် တရုတ်နှင့် စကားပြောဆိုသည်။
ထိုအခါ တရုတ်သည် သူ၏ဓားသွေးကျောက်ကို
မြင်၍ ကျောက်ကို ရောင်းမလားဟု မေးသည်။
သူက တရုတ်သည် သူ့ကို စ နောက်သည်ဟုအောင်းမေ့ကာ။
ခုနှစ်ဆယ့်ငါး ပေးရင် ရောင်းမယ်ဗျာ ပြန်လည်ပြောဆိုသည်။
တရုတ်သည် သူ့ကားဆီသို့သွားကာ ငွေထုတ်ယူ၍
ကျောက်ကို ချက်ချင်းပင် ဝယ်ယူသွားလေသည်။
ကုသိုလ်ကံက တခါတရံ အဲ့သလို အံ့ဩမှင်သက်
အောင် ပြုလုပ်နိုင်စွမ်းလည်း ရှိတတ်ပါပေသည်။
မှတ်ချက် ။ ထိုအဖြစ်အပျက်ကို အားကျ၍
ကျွန်တော့်အကို တာယာပွကြီး
တယောက် ကျောက်စိမ်းဟုထင်သော ကျောက်ခဲ
တလုံး တွေ့တိုင်း သူ့ဓားသွေးကျောက်ဖြင့်
သွေးနေတတ်သည်။
@htwegyi
December 6, 2024
!hiqvote
@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @htwegyi gets !COFFEE from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻