တနှစ်ကူးချေပြီ။

in HIVE-MYANMAR3 years ago (edited)

img_0.7621092795142147.jpg

ဒီနေ့ည နှစ်သစ်ကူးမည်ဆိုတော့ တူမက
ည အကင်လုပ်စားမည်ပြောသည်။ အကင်
လုပ်စားရန် ကြက်သား၊ ဝက်သားနှင့် ငါးဖယ်များ
အနည်းငယ်စီဝယ်လာသည်။

ကိုယ်တွေလည်း သူက လုပ်စားမည်ဆို၍
ဝိုင်းပြီးကူရသည်။ အကင်မလုပ်မှီ ဖက်ထုပ်
ကြော်စားသည်။ ဖက်ထုပ်အတွက် အချဉ်နှင့်
အကင်နှင့်စားရန် အချဉ်ကို ကျွန်တော်က
လုပ်ရသည်။

မန်းကျီးသီးမှည့်ကို ရေဆေး၍ ရေနွေးပူဖြင့်
စိမ်ထားသည်။ မန်းကျီးသီးနှင့်အတူ ထန်းလျှက်ခဲ
သေးသုံးခဲပါထု၍ ထဲ့ကာ စိမ်ထားသည်။
ဂျင်း၊ ကြက်သွန်ဖြူနှင့် ငရုပ်သီးစိမ်းများကို
ဆားထဲ့၍ထောင်းသည်။

ဂျင်း၊ ကြက်သွန်ဖြူနှင့် ငရုပ်သီးစိမ်း‌ေထာင်း
များကို မန်းကျီးမှည့်ရည်ဖြင့် ပျစ်ပျစ်လေးရော၍
အချဉ်လုပ်သည်။ ရှယ်ကောင်းသည့် အချဉ်ပါလေ။
ကိုယ့် အချဉ်မို့ ကိုယ်ကောင်းသည်ဟု
မပြောချင် ဖက်ထုပ်နှင့် နမူနာ တို့စားသည်ပင်
လျှာလည်သွားပေသည်။

ယနေ့တော့ ထိုအကင်၊ အချဉ်နှင့် ဖက်ထုပ်များ
ပြုလုပ်နေ၍ ပိုစ့်တင် နောက်ကျသည်။
နှစ်သစ်မှာ နှလုံးစိတ်ဝမ်းငြိမ်းချမ်း၍
ဘေးဘယာ ဝေးကွာပါစေ။

@htwegyi
31-12-2022

Sort:  

Happy New Year 💖
!PIZZA

ငြိမ်းချမ်းပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေ။

🍕 PIZZA !

I gifted $PIZZA slices here:
@walarhein(2/5) tipped @htwegyi (x1)

Please vote for pizza.witness!

စားချင်လိုက်ပါဘိ 🤤
!LUV
!LOL

I left my last girlfriend because she wouldn’t stop counting.
I wonder what she’s up to now.

Credit: reddit
@htwegyi, I sent you an $LOLZ on behalf of @golden.future

Farm LOLZ tokens when you Delegate Hive or Hive Tokens.
Click to delegate: 10 - 20 - 50 - 100 HP
(2/6)

သူ့ချည်ပဲလား 😁

Congratulations @htwegyi! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You have been a buzzy bee and published a post every day of the month.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out our last posts:

Be ready for the first Hive Power Up Month of the year 2023!
Update For Regular Content Creators - New Yearly Author Badge
PUD - PUH - PUM - It's all about Power Up!
The Hive Gamification Proposal Renewal
Support the HiveBuzz project. Vote for our proposal!

Yay! 🤗
Your content has been boosted with Ecency Points, by @htwegyi.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for new Proposal
Delegate HP and earn more