မိငယ်

in HIVE-MYANMAR2 years ago

Photo Source

မိငယ် တစ်ယောက် နယ်ကိုပြန်ရန် အတွက် အထုပ်အပိုးများကို ပြင်ဆင်နေပါတယ်။ မိငယ်ဆိုသည်မှာ နယ်ကနေ ရန်ကုန်သို့ ရွှေ့ပြောင်း အချေချ သူတစ်ယောက် ဖြစ်ပါတယ်။ ခုတော့ အခြေအနေ အကြောင်းများကြောင့် သူမ၏ မွေးဖွားရာ နယ်မြေသို့ ပြန်လည် ပြောင်းရွှေ့ ရပါတော့မယ်။

သူမသည် အစကတော့ စက်ရုံ အလုပ်သမ တစ်ဦးပါ။ ယခုအချိန်မှာတော့ အလုပ် လက်မဲ့ တစ်ဦး ဖြစ်သွားခဲ့ပါ ပြီ။ စက်ရုံများ စက်လက် မလည်ပတ်နိုင်တော့သည့် အခြေအနေကြောင့် မိငယ်တစ်ယောက် နစ်နာကြေး ရရှိခြင်း မရှိဘဲ အလုပ်ထုတ် ခံခဲ့ ရပါတယ်။

အလုပ်များ ထပ်မံရှာဖွေရန်လည်း မိငယ်အဖို့ အလွယ်ကူတော့ပေ။ အဆောင်ငှားရမ်း နေထိုင်သူ ဖြစ်သည့်အတွက် လကုန်လျှင် ပေးချေရမည် လခသည်လည်း မလောက်ငှ တော့ပါဘူး။ အဆောင်က အကြွေးဖြင့် နေလို့ ရသော်လည်း ( မိငယ်သည် ရန်ကုန် ရောက်ကတည်းက ဒီအဆောင်မှာ နေခဲ့သူ ဖြစ်ပြီး အတော်လေး ကြာခဲ့ပါပြီ။ ဒါကြောင့် အခက်အခဲကို ပွင့်ပွင့်လင်းလင်း ပြောပြလျှင် ရနိုင်ပါတယ်။ Covid ကာလ အခက်အခဲတုံးကလည်း ယခုကဲ့သို့ နေထိုင် ခဲ့ရတာပါ ) စားဖို့ နေရေး အလွန်ခက်ခဲ လာခဲ့ပါတယ်။

မိငယ်၏ စိန်ခေါ်ချက်ကတော့ ကုန်ဈေးနှုန်း မြင့်တက်လာခြင်း ဖြစ်ပါတယ်။ ယခုဆိုလျှင် ကဇွန်းရွတ် တစ်စီးလျှင် ကျပ် လေးရာခန့် ဖြစ်သွားခဲ့ပါတယ်။ အလုပ်လက်မဲ့ မိငယ်သည် ဒီလို အခြေအနေမှာ နယ်သို့ ပြောင်းရွှေ့ရန် ပြင်ဆင်ရပါတော့တယ်။

နယ်သို့ ပြန်ရောက်လျှင် အိမ်ဝိုင်းလေးမှာ သီးပင်လေးတွေ ပြန်စိုက်မယ်။ ဈေးသက်သာသည် ဆန်ကြမ်းလေး ကို ချွေတာပြီး စားမယ် ( ဆန်ကြမ်း မတက်နိုင်လျှင် ဆန်ကွဲ ကို စားရမှာပေါ့ )။ ရန်ကုန်လို ကုန်ကျစရိတ် မများပင်မဲ့ ရန်ကုန်လို ဝင်ငွေ မရဘူးပေါ့။

နယ်မှာဆိုတော့ ရန်ကုန်ထက်တော့ လုံခြုံမယ်လို့ မျှော်လင့် ရတာပေါ့။ မိငယ်တစ်ယောက် သက်ပြင်းလေး ချရင် အတွေးများစွာဖြင့် လာမည့် ရက်များအတွက် ရင်လေးနေပါတော့တယ်။

@johndieo
9.8.2022

Sort:  


The rewards earned on this comment will go directly to the people( @johndieo ) sharing the post on Twitter as long as they are registered with @poshtoken. Sign up at https://hiveposh.com.

လုပ်သင့်တာကိုလုပ်ရုံမှတပါး အခြားမရှိနိုင်ပါ

ခေတ်ပျက်စနစ်ပျက်မှာ မလွယ်ကူတော့တဲ့ ဘ၀တွေများစွာ !MEME !LOLZ


Credit: arthursiq5
Earn Crypto for your Memes @ hiveme.me!

အဆင်​ပြေပါ​စေ မိငယ်
!LOLZ

ရင်နာတယ် မိငယ်ရေ။
!PIZZA

PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@htwegyi(2/5) tipped @johndieo (x1)

Join us in Discord!