မမေ့နိုင်သော ကိစ္စလေးများ

in HIVE-MYANMAR2 years ago

img_0.30424416306212393.jpg

Photo Source

အရင်ရက်ပိုင်းက Crypto အသိုင်းအဝိုင်းမှ အကိုတစ်ယောက် ( တစ်ကယ်တော့ Trading လောကမှ နာမည်ကြီးခဲ့သူ တစ်ယောက်ပါ။ သူအချိန်တုံးက နာမည်တစ်ခုရှိခဲ့သူတစ်ယောက်ပါ ) ကျွန်တော် Telegram မှ တစ်ဆင့် သတင်းလားမေးတယ်။

"ညီရေ မတွေ့တာကြာပြီ ဖြစ်ကြောင်း နှင့် အမှုကိစ အဆင်ပြေလား မေးလာတယ်"။ ကျွန်တော်ကတော့ အဆင်ပြေကြောင်း ပြန်ပြောဖြစ်တယ်။ ကျွန်တော် နှင့် BSI က အကြောင်းကိုတော့ တော်တော်များများ သိကြမယ်ဖြစ်ပါတယ်။ ဒါနှင့် လွန်ခဲ့သည့် နှစ်များက ဖြစ်ခဲ့သော အမှုကိစ္စကို သတိရသွားတယ်။ ထိုအချိန်က အတော်လေး စိတ်ညစ်ရတယ်။

အဲတုံးက ကျွန်တော်ကို ဗဟိုဘဏ်မှ Crypto Exchange လုပ်သည့်အတွက် အတိုင်ခံရတယ် ( ထိုအချိန်က ဒီလောက သူအချင်းချင်း မနာလို၍ တိုင်တန်း ခြင်းဖြစ်ပါတယ် ) ။ ကျွန်တော်ကို တိုင်သည့် ပုဒ်မတွေက စုံနေတာပါဘဲ ( ငွေကြေးခဝါချမှု၊ နိုင်ငံခြားငွေ တရားမဝင်သုံးစွဲမှု၊ ငွေ/ ကြေး ပုဒ်မ (၁၇၁) ) စသည့် ပုဒ်မတွေ ပါဝင်ခဲ့ပါတယ်။

ဗဟိုဘဏ်ကနေ ပြည်ထဲရေးဝန်ကြီးဌာနကို တစ်ဆင့် ထပ်မံတိုင်တန်းခဲ့ပါတယ်။ ပြည်ထဲရေး ဝန်ကြီးဌာနကနေ တစ်ဆင့် ကျွန်တော်အမှုကို စုံစမ်းရန် အတွက် BSI (စစစ) ကို တာဝန်ပေးပါတယ်။

BSI ကတော့ စတင်ပြီး စုံစမ်းမှုတွေ စခဲ့တယ် ( ထိုအချိန် Crypto နှင့်သက်ဆိုင်သည့် ကြေငြာချက် တစ်ခုတစ်လေမှ မထွက်သေးသည့် ကာလပေါ့ )။

BSI မှာလဲ ကျွန်တော်ကို စစ်လိုက်သည်မှာ ပြန်တောင် မပြောပြတက်အောင်ပါဘဲ။ ( ကျွန်တော်ကလည်း ငွေလွဲလျှင် Description မှာ Buy PM by AA တို့ Buy BTC by HMS စသည့်တို့ တွေပါနေတော့ ပြသာနာတက်တာပေါ့။ တစ်ကယ့်တော့ နာမည်အတိုကောက်တွေပါ )။ နောက်ဆုံး အမှု စစ်ဆေးပြီးတော့ အထက်ကို စာအဆင့်ဆင့် တင်ရပါတယ်။ ( ဗဟိုဘဏ်က 2019 ခုနှစ် ၄ လပိုင်း ကြောငြာချက်ထွက်ပြီး နောက်ထပ် ၄ လ အကြာမှာ ကျွန်တော်ကို စစ်ဆေးခဲ့တာ ဖြစ်ပြီး။ ကျွန်တော်က ဗဟိုဘဏ်က ကြေငြာချက်ထွက်ပြီး သုံးရက် အကြာတွင် အလုပ်တွေ ရပ်နားခဲ့ပါတယ်။ အဆင့်ဆင့် စာတင်ပြီး ၂၀၂၀ ခုနှစ် နှစ်လပိုင်းလောက်မှ ကျွန်တော်ကို ငွေကြေး အဖွဲအစည်းများ ဥပဒေ ၁၇၁ နှင့် တရားစွဲမယ်လို့ စာပြန်ကျခဲ့ပါတယ်။ မတက်နိုင်ဘူးလေ ဖြစ်လာခဲ့လျှင် ရှင်းရတာပေါ့နော်။ ( အလုပ်နားပြီး အကြာကြီးနေပြီးမှ စစ်ဆေးခဲ့ပြီး စစ်ဆေးခဲ့ပြီး အတော်လေးကြာမှ တရားစွဲဖို့ ဖြစ်လာခဲ့ပါတယ် )

စစ်ဆေးသည့် ကာလက စပြီး Crypto လောက နှင့် အဆက်အသွယ် မလုပ်ခဲ့ရပါဘူး။ ကျွန်တော်၏ Bank acc များ / Crypto wallet များ နှင့် တစ်ခြားအကောင့်များကို ကျွန်တော်ကိုယ်တိုင် ပိတ်လိုက်ပါတယ်။ ( ဒါကြောင့်လည်း ဒီလောကက အများစုသည် ကျွန်တော် ရုတ်တရက် ပျောက်သွားကြလို့ စိတ်ပူကြသူရော ဝမ်းသာကြသည့်သူ အများအပြားရှိခဲ့ပါတယ်။ တစ်ချို့ကတော့ သတိတရ ခုချိန်ထိ ဖုန်းဆက်သူများ ရှိကြပါတယ် )

အမှုအတွက် အာမခံရဖို့အတွက်လည်း အသည်းအသန် ကြိုးစားခဲ့ရတယ်။ ဒီကာလ ကျွန်တော်အတွက် အလွန်ခက်ခဲတဲ့ အချိန်ပါ။ ရုံးချိန်းများ တက်ရတယ်၊ တရားရုံးမှာ ဘဝတူတွေ များစွာတွေ့ရတယ်၊ ဥပဒေပညာရပ်တွေ လေ့လာရတယ်၊ ဘဝတူတွေကို တက်နိုင်သလောက် ကူညီဖြစ်တယ်။ သူတို့စကားတွေ နားထောင်ဖြစ်ခဲ့တယ်။ ဒီအချိန်က ခက်ခဲတယ်ဆိုပင်ပဲ့ အတွေ့အကြုံအသစ်တွေ ပညာအသစ်တွေ ရရှိရပါတယ်။ )

နောက်ပိုင်း Covid ကာလကြီး နှင့် အာဏာသိမ်းကာလတွေ ရင်ဆိုင်ရတယ်။ အမှုအတွက် ခုခံချေပရင်း အချိန်တွေ များစွာ ကုန်ခဲ့တယ်။ နောက်ဆုံးမှာတော့ BSI ဘက်ကနေ အမှုကို ပိတ်သိမ်းရန် တရားရုံးသို့ စာတင်ခဲ့ပါတယ်။ တရားရုံးကနေလည်း အမှုအား ကြေအေးရုတ်သိမ်းပြီး (ပ) လပ် ခဲ့ပါတယ်။ ( အမှန်တော့ အမှုမှာ သူတို့အတွက် သက်သေအထောက်အထား သိပ်မခိုင်လုံတာရယ်၊ နောက်ကြောင်းပြန်၍ စွဲသလိုဖြစ်နေတာရယ်ကြောင့်ပါ။ ကျွန်တော်တို့ ဘက်ကနေလဲ ထိုအချက်တွေကို ထောက်ပြပြီး ခုခံထွက်ဆိုကြရပါတယ်။) နောက်ဆုံးမှာတော့ အမှုကိစ္စ ပြီးဆုံးသွားတယ်ပေါ့ဗျာ။

ဒီနှောက်ပိုင်းမှာ ကျွန်တော်သည် Crypto လောက (Exchange လောက) နှင့် ခပ်ကင်းကင်း နေခဲ့ပါတယ်။ ( ကျွန်တော်ဘဏ် နှင့် တစ်ခြားငွေရေးကြေးရေး အကောင့်များကို စောင့်ကြည့်နေသောကြောင့်ပါ (ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ် ) ခုချိန်မှာ ကျွန်တော်မှာလဲ Local Bank Acc ဆို၍ တစ်ခုမှ မရှိတော့ပါဘူး။

@johndieo
29.4.2022

Sort:  

Yay! 🤗
Your content has been boosted with Ecency Points, by @johndieo.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for new Proposal
Delegate HP and earn more

Congratulations @johndieo! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You distributed more than 3000 upvotes.
Your next target is to reach 4000 upvotes.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Check out the last post from @hivebuzz:

Hive Power Up Day - May 1st 2022
Support the HiveBuzz project. Vote for our proposal!

အယ် အဲ့သလိုဖြစ်ခဲ့တာပေါ့ ဟိုတလောက ကိစ္စတွေမှာ ငြိသွားခဲ့တာပ။
တော်သေး အဆင်ပြေသွားလို့။
!PIZZA

ဟုတ်တာပေါ့ မပြေးသော်လည်း ကံရာရှိလေ
ဖြစ်လာတော့လည်း ရှင်းခဲ့ကြရတာပေါ့ အကိုရယ်။ နောက်ပိုင်း သူတို့ဘာသာ အဖျားရှူးသွားကြတာ !lol

PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@htwegyi(4/5) tipped @johndieo (x1)

You can now send $PIZZA tips in Discord via tip.cc!

အဲဒီတုန်းက ကိုဒီ တစ်ခုခုဖြစ်နေတယ်ဆိုတာ ခန့်မှန်းမိတယ် ဒီလောက်ကြီး ဖြစ်သွားမယ်လို့ မထင်မိဘူး။

အင်း အဲအချိန်တုံးကတော့ အတော်လေး စိတ်ပျက်စရာ အချိန်တွေပေါ့။ ခုတော့လည်း ငါကျော်လွှားနိုင်ခဲ့ပါလားပေါ့ ( ဒီကာလကြီး တစ်ခြားသူတွေရဲ့ ဒုက္ခတွေနဲ့ စာရင် မပြောပြလောက်ပါဘူးဗျာ )

!lol !pizza

Why did the farmer dress his pig in an apron?
Pretty soon he would be bacon.

Credit: reddit
@nyinyiwin, I sent you an $LOLZ on behalf of @johndieo
Use the !LOL or !LOLZ command to share a joke and an $LOLZ.
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
(2/2)

အတော်ကို ကြုံခဲ့ဆုံခဲ့ရတာပါပဲလား

ဟုတ်တယ် အကို !lol