ရွေးချယ်ခွင့်လေးများ

in HIVE-MYANMAR2 years ago

img_0.15660930221804928.jpg

Photo Source

ကျွန်တော်ရဲ့ ဆိုင်မှာဆို အမြဲမိသားစုလိုက် ဈေးလာ ဝယ်တက်ကြတယ်။ ဈေးထဲက တစ်ခြားဆိုင် တွေနှင့် မတူတာက ကျွန်တော်တို့က ဆိုင်က ကလေးများအတွက် Roll သက်သက်ခွဲပေးထားတယ် ( အမှန်က Roll တိုလေးတစ်ခုပါ။ ဆိုင်အနေအထားအရ နေရာအကျယ်ကြီး မပေးနိုင်တာကြောင့်ပါ ) ။ ဒါကြောင့် ဈေးလာဝယ်သည့် မိသားစုတွေ အထူးသဖြင့် ကလေးပါလာသော မိသားစုတွေဆိုလျှင် ၎င်းမုန့်တန်းသို့ ရောက်ရှိကြပါတယ်။

ရောက်လျှင်ရောက်ချင်း သားအမိများ ခေါင်းခြင်းဆိုင်ကြပါတယ်။ ( ကျွန်တော်တို့ ဆိုင်သည် Indoor Shopping (ကြီးကြီးကျယ်ကျယ် ပြောချလိုက်တာပါ။ ဆိုင်အတွင်းမှာ ဈေးဝယ်သူတို့ ကြိုက်နှစ်သက်ရာ ရွေးချယ် ဝယ်ယူနိုင်သည်ကို ဆိုလိုတာပါ။ ) ဝယ်နိုင်သည့် ဆိုင်ဖြစ်ပါတယ် )။

ဒီလိုဆိုလျှင် သားအမိများ အကြားတွင် စကားအချေအတင်များ ရှိကြပါတယ်။ မိဘဖြစ်သူက အစပိုင်းတွင် ၎င်းတို့၏ သားသမီးများ စိတ်ကြိုက်အရာ ကို ရွေးချယ်ခိုင်း ပါတယ်။ သို့ပင်မဲ့ သားသမီးများ ရွေးချယ်ဝယ်ယူသည့် အခါနှင့် ၎င်းမိဘများ သဘောထားခြင်း မတိုက်ဆိုင်သည့် အခါတွင် မိဘဖြစ်သူက ဒီမုန့် မကောင်းဟု ဆိုကာ ရွေးချယ် ဝယ်ယူခွင့် ပိတ်လိုက်ပါတယ်။

အလိုက်သိသည့် ဆိုင်က ကလေးများကလည်း ဒီမုန့်က တစ်ခြားသူ မှာထားသောကြောင့် မရှိတော့ကြောင့် နှင့် နောက်နေ့မှ ဝယ်ယူဖို့ မှုသားစကားလေးများဖြင့် ကလေးဖြစ်သူကို ညာကြရပါတယ်။ တစ်ချို့ကလေးများက အလွယ်တကူ လက်ခံကြပင်မဲ့ တစ်ချို့ကလေးများကတော့ မရ, ရအောင် ဂျစ်တိုက်ကြပါတယ်။

ဆိုင်ကနေ ကလေးများကို သကြားလုံး လက်ဆောင်ပေးတက်သည် ကျွန်တော်တို့ကလည်း ကလေးမိဘနှင့် ကလေးကို ကြည့်ပြီး လက်ဆောင်ထည့်ပေးကြရပါတယ်။ ( လက်ဆောင်ပေးသည့် အခါတွင်လည်း ချောင်းမဆိုးနိုင်လောက်သည့် နို့ခဲလို အရာမျိုးကိုသာ လက်ဆောင်ပေးကြရပါတယ် )

ဒီနေရာမှ မိဘများ ဖြစ်သူက သားသမီးများကို ချွေးချယ်ခွင့် ပေးထားကြပင်မဲ့ ၎င်းတို့မကြိုက်သည့် အရာကို ရွေးချယ်မိပါက တားမြစ်ပိတ်ပင်ခြင်းကို ခံကြရပေတယ်။ ( ကလေးများ၏ ကျန်းမာ ရေးနှင့် ဈေးနှုန်းများကြောင့် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် )

ဒီလိုဆိုလျှင် ဒီရွေးချယ်မှုသည် အပြည့်အဝ လွတ်လပ်သည့် ရွေးချယ်မှု တစ်ခုတော့ မဟုတ်နိုင်တော့ပါဘူး။

@johndieo
2.5.2022

Sort:  


The rewards earned on this comment will go directly to the person sharing the post on Twitter as long as they are registered with @poshtoken. Sign up at https://hiveposh.com.

စူပါ /မီနီ မားကတ်ကြီး အမြန်ဆုံး ပိုင်ဆိုင်နိုင်ပါ​စေ!LOLZ

အရမ်းကြီး မမျှော်လင့်ရဲ့ပါဘူး အမရေ !lol !pizza !luv

Why did two Ralph Lauren employees get into a fight?
They were Polo opposites.

Credit: reddit
@suhlaing, I sent you an $LOLZ on behalf of @johndieo
Use the !LOL or !LOLZ command to share a joke and an $LOLZ.
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
(1/2)

ကျွမ်းကျင်ရာ လိမ္မာ ဆိုသလို အသိတွေတိုးသဗျို့။
!PIZZA

ဟုတ်ကဲ့ပါ အကို !lol !pizza !luv

I haven't sold a single copy of my autobiography.
Sigh. That's the story of my life.

Credit: reddit
@htwegyi, I sent you an $LOLZ on behalf of @johndieo
Use the !LOL or !LOLZ command to share a joke and an $LOLZ.
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
(2/2)

PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@htwegyi(3/5) tipped @johndieo (x1)

You can now send $PIZZA tips in Discord via tip.cc!