ကောက်ရိုးလေးတမျှင် ( Henry Aung )

in HIVE-MYANMAR3 years ago

111.jpeg

မင်္ဂလာပါ။ အင်တာနက်များ ပြန်ရပြီ ဆိုတော့လည်း စာရေးသည့် ဘက်ကို ပြန်လည့်ရအုံးမည်။ မိတ်ဆွေတို့ အားလုံးသိပြီး ဖြစ်သည့် အတိုင်း ကိုယ်ရွှေမြန်မာတို့ တိုင်းပြည်က အင်တာနက် 5G မဆိုထားနှင့် ရှိပြီးသား အင်တာနက်သည်ပင်လျင် ဖုတ်လိုက် ဖုတ်လိုက် ။ ဘားမှ မတတ်နိုင်။ တိုင်းပြည် အခြေအနေတော့ မပြောလိုတော့။ အဆင်ပြေသည့်ဘုရား အဆင်ပြေသလို ကြည့်ရှု စောင်မပါလိမ့်မည်။ အဓိက အရေးကြီးသည်က ကျွန်တော်တို့။

ပညာရှင်များ၏ ခန့်မှန်း ချက်အရ သည်အတိုင်းသာ ဆက်သွားလျင် လာမည့် ၃ လအတွင်း ဘဏ်များ ပြိုလဲ လိမ့်မည်။ ယခင်က ဘဏ်ပြိုလျင် ဗဟိုဘဏ်က ဝင်ထိန်းသိမ်း ပေးနေကြ။ ယခုတော့ ဗဟိုဘဏ်က စပြိုမည်ဆိုတော့။ တပြည့်တော်လည်း မလျှောက်တတ်တော့ပါ ဘုရားပေါ့။ ထားပါ ၏သည်က တကိစ္စ။

နောက် ၆ လကြာလျင် ဆင်းရဲ ငတ်မွတ်သူ သန်းနှင့်ချီ၍ ရှိလာလိမ့်မည်ဟုလည်း ခန့်မှန်းထားကြသည်။ ဤအခြေအနေမျိုးတွင် ကျွန်တော်တို့ အနေဖြင့် ကောက်ရိုး တမျှင် ၊ မြက်တမျှင် ၊ သရေကွင်း တပင် ဖြင့် ဆွဲသင့်လျင် ဆွဲရမည်သာ။

ကျွန်တော် တို့ အရင်သိနှင့် ပြီးသော Cryptocurrency သည် ကျွန်တော်တို့ အား အကျိုး ယုတ်အောင် တခါမျှ မလုပ်ဘူးပါ။ ယခုလည်း မိတ်ဆွေတို့အား အကြံပြုလိုသည်မှာ စာရေး Post တင်၍ ရသော Hive အား မိမိရသလောက် အရယူထားစေချင်ပါသည်။

BTC / BNB / ETH အားလုံး တရိပ်ရိပ် တက်သွားကြပြီ။ Hive က ပြတ်ကျန်နေခဲ့သည်ဟု အားမပျက်စေလိုပါ။ ယခင် Hive $ 0.20 တုန်းကလည်း ဝယ်မထည့် နိုင်ခဲ့ပါ။ ယခု $ 0.60 လည်း ဝယ်မထည့် နိုင်သေးပါ။ သို့သော် post တင်လျင် ယခင်ကထက် $ အနည်းငယ် ပိုရလာသည်ကတော့ သိသာပါသည်။ ဤအခြေအနေမျိုးတွင် မိတ်ဆွေတို့ကလည်း ရလျင် ရသလောက် ယူထားစေချင်ပါသည်။

ယခု ချက်ခြင်း အကျိုးမပေးတောင် တစ်လ / နှစ်လ / သုံးလေးလ ကြာလာလျင် မိမိ အတွက် အကျိုးရှိလာပါလိမ့်မည်။ ငွေကြေးအဆင်ပြေနေချိန်တွင် တသိန်း ထုတ်ယူရခြင်းသည် ဘားမျှ မသိသာသလောက် မိမိတကယ်လိုအပ်နေချိန် ရှားပါးနေချိန်တွင် တစ်သောင်း ထုတ်ယူနိုင်ခြင်း သည် မိမိအတွက် ကောက်ရိုးတမျှင် ဖြစ်နိုင်ပါသည်။

ထို့ကြောင့် အကြောင်းအမျိုးမျိုးကြောင့် စာရေးရန် နှောင့်နေး နေကြသူများအားလည်း စာပြန်ရေးကြပါရန် တွန်းအားပေးလိုပါသည်။ ဘာရေးရမှန်း မသိဟုတော့ မပြောပါနှင့်။ ဒုက္ခ ရောက်သည့် ရေးစရာ ကုန်ကြမ်း အင်မတန် ပေါများလှသော မြန်မာပြည်တွင် လူဖြစ်လာရသည်က ဂုဏ်ယူ တတ်လျင် ဂုဏ်ယူ စရာပင် ကောင်းပါသေးသည်။

မိမိဒုက္ခ အကြောင်း ရေးပြလျင်ပင် ခန်းဆက်ဝတ္ထုရှည် တပုဒ် ရလောက်ပါသည်။ ဆိုတော့...... စာရေးကြပါ။ Post တင်ကြပါ။ အချင်းချင်း ကူညီရိုင်းပင် ကြရမည့် အချိန် ဖြစ်သည့်အတွက် ကောက်ရိုး မျှင်များ ရသလောက် စုထားကြပါရန် တိုက်တွန်းလိုက်ရပါသည်။

P.S နက်ဖြန် Cryptocurrency အကြောင်း ရေးသားတင်ဆက်ပေးပါမည်။

Henry Aung ( Kachin )

Sort:  

ရေးစရာတွေက ပေါချက်ခုလို ကိုဟင် ပြန်လာရောက်ပြီ‌ဆိုတော့ကား
ရေးအားရှိပြန်။ hive ဈေးက 1$ နားရောက်နေပြီဖြစ်။
အဆိုးထဲက အကောင်းတွေ ပြန်ယူကြရမှာပ။

တခြားသူတွေကိုလည်း လက်တို့လိုက်ပါအုံး..... ဘာဖြစ်ဖြစ် အဖွဲ့လိုက်ဆိုတော့ အားရှိတာပေါ့။

ဟုတ်တယ် ကိုဟင် ။
Noise.cash ကနေ BCH 20$လောက် စုမိထားသေးတယ်။
ကိုဟိန်းလည်း ပေါ်မလာတာကြာပြီဗျာ။ အဆင်ပြေကြရဲ့လားမသိဘူး။
အားလုံးတွက်စိတ်ပူမိတယ်ဗျာ။

!PIZZA

Connect

Trade


@kachinhenry! I sent you a slice of $PIZZA on behalf of @myanmarkoko.

Learn more about $PIZZA Token at hive.pizza

ကောင်းတယ်ဟေ့... ရ သလောက်သာစု... အရှုံးမရှိဘူး...

နေ့စဉ် လိုင်းသုံးရမယ်ဆို နေ့စဉ် တင်ရပေဦးမပေါ့။
Crypto ဖြင့် အငတ်ဘေးက လွတ်အောင် ရှောင်ကြစို့ရဲ့။

အဆင်ပြေသလိုပေါ့.... cryptocurrency က ခုထိ ကျွန်တော်တို့ကို အကျိုးပြုဆဲပါ။