ကြောင်ပျောက်သူ ( Henry Aung )

in HIVE-MYANMAR2 months ago

မင်္ဂလာပါ။ လွန်ခဲ့သော တလကျော်က ကျွန်တော့ အနေဖြင့် လူကြီးအရာမှ နေပြီး မိန်းမတောင်း သည့်ကိစ္စတခုအား ဆောင်ရွက်ခဲ့ရပါသည်။ မိန်းမလိုက်တောင်းပေးရန် အကူအညီတောင်းလာသူကတော့ ကျွန်တော်တို့နှင့် ဆွေမျိုးသားချင်း မဟုတ်သော်လည်း ညီသား မောင်မယ်ကဲ့သို့ ခင်မင်ရင်းနှီးနေသူဖြစ်ပါသည်။

ကျွန်တော့ညီလေးတယောက် ဆိုလျင်လည်း မမှားပါ။ ယခင်ကျွန်တော် စင်္ကပူတွင်ရှိနေစဉ်တော့ သူ့အနေဖြင့် ကျွန်တော်တို့ အိမ်တွင်သာ နေထိုင်ရင်း ကျွန်တော့ အစ်မကြီး၏ မိတ္ထူဆိုင်တွင် အလုပ်လုပ်ရင်း ကျောင်းတက် နောက်တော့ ပြင်ပအလုပ်ထွက်လုပ်ရင်း ကျွန်တော်တို့ဖြင့် အနေဝေးသွားခဲ့သူဖြစ်ပါသည်။

သို့သော်လည်း သီတင်းကျွတ် / ခရစ်စမတ် ကာလများတွင် အိမ်သို့ ပေါက်ချလာတတ်ပြီး ကျွန်တော့မိဘများအား လာကန်တော့တတ်သူ ဖြစ်ပါသည်။ ဆိုတော့ ကျွန်တော်တို့ တအိမ်လုံးကလည်း သူ့အား အိမ်သားတယောက်လို သဘောထားသလို သူကလည်း ကျွန်တော်တို့အိမ်တွင် လိုအပ်သည်များလား လာရောက်ကူညီလုပ်ကိုင်ပေးတတ်ပါသည်။

ဆိုခဲ့သည့် အတိုင်း လွန်ခဲ့သည့် တလကျော်က ကျွန်တော်တို့ အိမ်သို့ ပေါက်ချလာပြီး သူမိန်းမယူတော့မည့် အကြောင်း နှင့် မိန်းမလိုက်တောင်းပေးပါရန် ကျွန်တော့အား အကူအညီလာတောင်းပါတော့သည်။ ကျွန်တော့ဖခင်အား အားနာသည်ကတကြောင်း မပြောရဲသည်ကတကြောင်း ကျွန်တော့အား ဖွင့်ပြောခြင်း ဖြစ်ပါသည်။

မင်္ဂလာကိစ္စဆိုတော့ ကျွန်တော်တယောက်တည်းနှင့် ပြီးသည်မဟုတ်။ ကျွန်တော့ဖခင်အား ဖွင့်ပြောကာ လိုအပ်သည့် အကူအညီအား ပေးနိုင်ရန် ပြင်ဆင်ရပါတော့သည်။ သည်ကောင့် ကောင်မလေးက မြန်မာပြည်တွင်မရှိ စင်္ကပူတွင် အလုပ်လုပ်နေသူ ဖြစ်ပါသည်။

အစ်ကိုကြီးတော့ အဖအရာ ဆိုသည့်အတိုင်း သူ့ကောင်မလေးနှင့် စကား အရင်ပြောကြည့်ရပါတော့သည်။ ကောင်မလေးက ကရင်မလေး ။ ရည်ရည်မွန်မွန် နှင့် ဖြူဖြူဖွေးဖွေး ချစ်စရာလေးပင်။ သူတို့ မင်္ဂလာကိစ္စအား အကူအညီပေးပါမည့် အကြောင်း ကောင်မလေးကလည်း အကူအညီတောင်းပါသည်။

ကျွန်တော့ ညီလေးက မိခင်မရှိတော့။ ရှိသည့် ဖခင်ကလည်း နယ်တွင် လူမမာ။ မည်သို့မျှ ရန်ကုန် လိုက်မလာနိုင်။ ပြီးတော့ သွားရမည့် ခရီးက ရန်ကုန်မှ ၅ နာရီကားမောင်းရသည့် ဧရာဝတီ တိုင်း ဓနုဖြူ အထက်နားရှိ တောရွာကလေး။

ဆိုတော့ ကျွန်တော့ဖခင်ကလည်း လူကြီးအရာမှနေပြီး ရက်ကောင်း ရွေးကာ မိန်းမလိုက်တောင်းပေးရန် စီစဉ်ရပါတော့သည်။ မိန်းမတောင်းသည်ဆိုတော့ ယောက်ျားလေးဘက်မှ ဆွေမျိုးချောက်တိချောက်တက်ဖြင့် သွားလျင် လူမြင်မကောင်းဟူ၍ ကျွန်တော့ အဒေါ် ၂ ယောက်ခေါ်ကာ ကျွန်တော်အပါအဝင် စုစုပေါင်း ၅ ယောက် ခရီးထွက်ရန် ပြင်ရပါတော့သည်။

သကောင့်သားကတော့ အူမြူးနေ၍ ညမအိပ်တော့ပါ။ နောက်တနေ့ နံနက် ၄ နာရီ အိမ်က ကားဖြင့် ခရီးထွက်ခဲ့ကြပါသည်။ ကားက ၅ နာရီ မောင်းရမည် ဆိုတော့ ရွာသို့ ၉ နာရီ ခန့်ရောက်မည်။ မင်္ဂလာစကားပြော ထမင်းစား ညနေ ၁ နာရီ ပြန်ထွက်လျင် ရန်ကုန်သို့ ၆ နာရီကျော်လျင် ပြန်ရောက်မည် စသည်ဖြင့် စီစဉ်ထားခဲ့ပါသည်။

ရန်ကုန် / ညောင်တုန်း / မအူပင် / စသည်ဖြင့် ကားမောင်းရသည်မှာ အဆင်ပြေပါသည်။ အစစ်အဆေး သိပ်မရှိပါ။ ဓနုဖြူရောက်၍ ရွာသို့ ဝင်ရန် လမ်းခွဲ ရောက်သည်နှင့် ပြသနာ တွေ့ပါတော့သည်။ လမ်းက ကျောက်လမ်း / လှည်းလမ်း ဖြစ်၍ ကားသွား၍ အဆင်မပြေ။ ကျင်းများ ချိုင့်များနှင့်။

ရွာသို့ ရောက်ရန် နောက်ထပ် တနာရီခန့် မောင်းဝင်ရအုံးမည်။ ဤ လမ်းတွင် ကားတခုခု ဖြစ်လျင် ဝပ်လျှော့ မရှိ။ လေထိုး ကျွတ်ဖာဆိုင်မရှိ။ မတတ်နိုင်။ ရောက်လာပြီ ဆိုတော့ ကားအနာခံပြီး မောင်းဝင်ရပါတော့သည်။

ကံကောင်းသည်ဟုပဲ ပြောရမည်လားမသိ ချောချောမောမော ဖြင့် နံနက် ၁၀ နာရီခန့်တွင် ကောင်မလေး အိမ်သို့ ရောက်သွားပါတော့သည်။ အိမ်ကြီးရခိုင်ကြီးဖြင့်။ တောင်သူ လုပ်ကြသည်ဆိုတော့ နွားတင်ကုပ်နှင့် ကောက်ရိုးပုံနှင့်။

အိမ်ပေါ်တွင်တော့ ကျေးရွာရပ်မိရပ်ဖ များက အပြည့်။ ရန်ကုန်မှ ရွာအရောက် ကားဖြင့် လာပြီး မိန်းမတောင်းသည်ဆိုတော့ သကောင့်သားက သွားဖြီးကြီးနှင့်။ အမှန်တော့ သည်ကောင့် ယောက္ခမ များကလည်း သဘောကောင်းသည့် အပြင် လာမတောင်းလည်း သူရို့သမီးအား ဒီကောင်နှင့် သဘောတူပြီး ဖြစ်ပါသည်။

သို့သော်လည်း ကျေးရတတ်များ ဖြစ်သည့် အလျောက် မိသားဖသားပီပီ လာရောက်တောင်းရမ်း ယူသည်ဟူသော ဂုဏ်အားလိုချင်၍သာ ဤသို့ စီစဉ်ရခြင်း ဖြစ်ပါသည်။ ဆိုခဲ့သည့် အတိုင်း မင်္ဂလာစကားပြော ခန်းဝင်ပစ္စည်း တောင်းရမ်းငွေ ( ကွမ်းဖိုး ) ရွာဝင်ကြေး စသည်ဖြင့် စကားပြောကြ အားလုံး အဆင်ပြေပါသည်။

မင်္ဂလာ ရက်လည်း သတ်မှတ်ပြီးကြပြီ။ ရွာတွင် မင်္ဂလာဆောင်မည် ။ မင်္ဂလာဆောင်ရန် အတွက် သတိုးသမီးဘက်က တာဝန်ယူမည်။ ဝက်လည်း ၃ ကောင်မွေးထားသည် မင်္ဂလာဆောင်လျင် ကျွေးဖို့။ သတို့သမီး ဖက်က လယ်ဧက ၂၀ လက်ဖွဲ့မည်။ ခြံဝန်း ထဲတွင် မင်္ဂလာမောင်နှံနေရန် အိမ်လည်း ဆောက်ပေးမည်။

ကိုင်း.... သည်ကောင့် ဘဝကတော့ ကရင်မချောချောလည်း ရမည် / လုပ်ကိုင်စားရန် လယ်မြေကလည်း အဆင်သင့် နေစရာအိမ်ကလည်း အဆင်သင့် ယောက္ခမ များကလည်း သား သား နှင့် ပါးစပ်ကမချ အောင် သဘောကောင်းသည်။ မြန်မာပေါကားထဲမှ မအေးဝင်း စီစဉ်လျင်ပင် ထိုထက်ပိုကောင်း စရာ မမြင်တော့ပါ။

ကျွန်တော်လည်း သည်ကောင့်အား မေးကြည့်ပါသည်။ ကောင်မလေးက ဖြူဖြူ ချောချော သည်ကောင့်ရုပ်က စာခြောက်ရုပ် မိုးကြိုးပစ်ထားသည့် ရုပ်နှင့် ကျီးကန်း ဘဲဥ ချီသလို ဖြစ်နေသည့် အကြောင်း။ သည်ကောင်ကလည်း " ဟာဗျာ ... အစ်ကိုကလည်း ကျွန်တော်နဲ့ ကျွန်တော့ ကောင်မလေးက တရား စခန်းမှာ တွေ့ကြတာဗျ " ဟူလို။ ကျွန်တော်ကလည်း " ကောင်းကွာ ... အတော်လေး ကုသိုလ်ရမဲ့ကောင် " ။

သို့ပေသိ တရားစခန်း ဝင်ရသော အကျိုးက လက်ငင်းဘဝတွင်ပင် အကျိုးပေးသည်မှာ ကျွန်တော့ မျက်မြင်။ ကျွန်တော်ပင် အသက် ၂၀ ကျော်မှာ တရားစခန်း မဝင်ပဲ စင်္ကပူ တွင် အချိန်ဖြုန်းနေခဲ့မိသည်ကို နောင်တ ရချင်ချင် ဖြစ်သွားပါသည်။ ဆိုတော့ မင်္ဂလာစကားလည်း ပြောပြီးပြီ မင်္ဂလာ ရက်လည်း သတ်မှတ်ပြီးပြီ အရာရာ အဆင်ပြေပြီ ဖြစ်ပါသည်။

သို့သော်လည်း သည်ကောင်နှင့် သူ့ကောင်မလေး စီစဉ်ထားသည်က ကောင်မလေးက စင်္ကပူ ပြန်လာ မင်္ဂလာဆောင် ၂ လ လောက် မြန်မာပြည်တွင် နေပြီး လင်မယား ၂ ယောက်စလုံး ဘရူနိုင်း ထွက်ပြီး အလုပ်လုပ်မည်။ ယောက်ျားက ကားမောင်းမည် အမျိုးသမီးက အိမ်အကူ လုပ်မည်။ ၂ နှစ်ခန့် ပိုက်ဆံ ရှာပြီးမှ ရွာတွင် ကုန်စုံဆိုင်ကြီးဖွင့်ကာ အခြေချမည်။ ဘရူနိုင်း ထွက်ရန်လည်း ကျွန်တော်ကပဲ စီစဉ်ပေးရမည် ဖြစ်ပါသည်။ သူများဘဝများ သာယာလိုက်သည် ဖြစ်ခြင်း။

ပြသနာက လွန်ခဲ့သည့်ရက်က သည်ကောင် ကျွန်တော့ဆီ ဖုန်းဆက်လာပါသည်။ ကျွန်တော်နှင့် တိုင်ပင်လိုသည်ဟူ၍။ဘုံဆိုင်ရောက်တော့သည်ကောင်က စကားစလာပါသည်။ " အစ်ကို ကျွန်တော်ကြောင်ပျောက်နေပြီ " ။

မည်သူထွင်လိုက်သည့် ဘန်းစကားမှန်း မသိ။ တခုခု အဆင်မပြေသည်ကို ကြောင်ပျောက်သည်တဲ့။ သည်ကောင်က ရန်ကုန်တွင် ဧည့်စရင်း တိုင်ရင်း နေနေရသူ။ လတ်တလော ထွက်နေသည့် ဂယက် များကြောင့် သူ့ကောင်မလေးကလည်း မြန်မာပြည် ပြန်မလာတော့။ ပြန်လာလည်း ပြန်ထွက်နိုင်ရန် မသေချာ။

သူကလည်း ဘယ်အချိန် အိမ်ရှေ့ လူခေါ်သည့် ကားရောက်လာမည်လည်း ကြောက်နေသူ။ မင်္ဂလာဆောင်ရန်လည်း မသေချာတော့။ လမ်းပျောက်နေ၍ ကျွန်တော့ထံ အကူအညီတောင်းခြင်း ဖြစ်ပါသည်။ ကျွန်တော်လည်း ကူညီနိုင်သည့် လမ်းကြောင်းများအား ပြောပြခဲ့လိုက်ပါသည်။ သို့သော် လက်ရှိအခြေအနေက အကန့်အသတ် များလွန်းလှပါသည်။

သူနှင့် ကျွန်တော် စကားအများကြီး ပြောဖြစ်ကြပါသည်။ ပြန်ကာနီး သူ့အား ကျွန်တော် နှစ်သိမ့်စကားတခွန်းသာ ပြောနိုင်ခဲ့ပါသည်။ " တနိုင်ငံလုံး နီးပါး ကြောင်ပျောက်နေကြတာပါ ငါ့ညီရာ နင်တယောက်တည်း မဟုတ်ပါဘူး " ဟူ၍။

Henry Aung ( Kachin )

14/02/2024 - 10;36 Am ( Wednesday )

Sort:  

လူတစုကြောင့် လူအများဘဝတွေ
ကမောက်ကမ ကတောက်ကဆတွေ
ဖြစ်နေရပါပေါ့။
!PIZZA
!MEME

အဲဒီလူတစုကလည်း သက်ဆိုးရှည်လိုက်တာ !PIZZA

သူ့ ခမြာလည်း ဆရာဦးဖိုးကျားရဲ့ အမျိုးသားနေ့ ဆောင်းပါးထဲက တက္ကသိုလ်ကျောင်းသား၊ ကောလိပ် ကျောင်းသားလို အဖြစ်မျိုးကြီးရယ်။

ခုတော့
အားလုံး လမ်းတွေပျောက်ကုန်ကြရပေါ့။
!pizza

လမ်းတွေပျောက် ဘဝတွေပျက်နဲ့ ရှေ့ဆက်ဘာဖြစ်အုံးမယ်မသိ !PIZZA

ဘဝတွေက အဖုံဖုံ ဆိုပေမယ့် ဒီနိုင်ငံမှာ လူဖြစ်နေကြရတော့ ကြောင်ပျောက် လမ်းပျောက်နဲ့ ဝေဝါးဝါးသာပါပဲ။
!LOLZ

I understand 25 letters of the alphabet.
I still can't figure out y.

Credit: reddit
@kachinhenry, I sent you an $LOLZ on behalf of tin.aung.soe

(1/10)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.

ကြောင်ရော ခွေးတွေရော ပျောက် !PIZZA

!hiqvote

PIZZA!

$PIZZA slices delivered:
kachinhenry tipped htwegyi
kachinhenry tipped tin.aung.soe
kachinhenry tipped donjaun
htwegyi tipped kachinhenry
@kachinhenry(4/10) tipped @ansoe

@ansoe, the HiQ Smart Bot has recognized your request (2/2) and will start the voting trail.

In addition, @kachinhenry gets !PIZZA from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻