လူပျင်းရေးသည့်စာ ( Henry Aung )

in HIVE-MYANMAR2 months ago

မင်္ဂလာပါ။ ယခုတလောကတော့ စာရေးစရာ မယ်မယ်ရရ အကြောင်းရှာမရဖြစ်နေပါသည်။ ရေမည်ဆိုလျင် ရေးရမည့် အကြောင်းအရာ အများအပြားရှိနေသော်လည်း ထို အကြောင်းအရာများအား ရေးသားရန် စဉ်းစားလိုက်လျင် အိုင်ဒီယာများက ထွက်မလာကြတော့ပါ။

ရေးလက်စ တဝက်တပျက်ဖြင့် ဖျက်လိုက်သည်က အကြိမ်ကြိမ် ဖြစ်ပါသည်။ စာရေးသည် ဆိုသည်ကလည်း စိတ်ကြည်လင် နေသည့် အချိန်ညာဏ်ကွန့်မြူးသည် အချိန် ဖြစ်ပါမှ ရေးရသည်မှာ လက်သွက်ပါသည်။ ယခုအချိန်ကတော့ မည်သည့် အကြောင်းအရာပဲ ရေးရေး စာကောင်း တပုဒ်ဖြစ်လာရန် အတော်လေး အားစိုက်ရပါသည်။

ဟိုယခင် ခေတ်ကောင်း စဉ်ကလို ဟောတပုဒ် ဟောတပုဒ် မရေးနိုင်တော့ပါ။ ရေးလက်စတန်းလန်း ဖြစ်နေသည့် ကျွန်တော်ပြောသော စင်္ကပူ ခန်းဆက်များကလည်း အတော်လေး ရေးရန် ကျန်နေပါသေးသည်။ ထို့နောက် မလေးရှား သွားသည့် ခရီစဉ် အကြောင်းများ ။

တကယ်ဆိုရလျင် ယခုတလော ကျွန်တော် ခံစားနေရသည်မှာ ဘားမှ မလုပ်ပဲ ဒီအတိုင်း အပျင်းထူနေရခြင်းကို နှစ်သက်နေမိခြင်း ဖြစ်ပါသည်။ ဘယ်လို ဖြစ်မှန်းမသိ ဘာမှ မလုပ်ချင် မကိုင်ချင် အလုပ်လုပ်ရသည်မှာလည်း စက်ရုပ်တယောက်လို ခံစားနေမိပါသည်။

လုံးဝ မိုတီဗေးရှင်း ပျောက်နေခြင်း ဖြစ်ပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း သိပါသည်။ ဤပုံစံအတိုင်း နေလျင် ကျွန်တော့ ဦးနှောက်က သံချေး တက်တော့မည့် အကြောင်း။ သို့သော်လည်း သိသိကြီးနှင့်ပင် ပေကပ်ပြီး အပျင်းထူနေခြင်း ဖြစ်ပါသည်။ ကျွန်တော့ မိတ်ဆွေများကကော ထိုကဲ့သို့ ဖြစ်ဘူးပါသလား ။

ကျွန်တော့ အနေဖြင့်တော့ ထိုကဲ့သို့ အပျင်းထူခြင်းအား တခုခု ရှာကြံလုပ်ကိုင်နေခြင်း ဖြင့် ဖြေရှင်းနေရပါသည်။ ဥပမာ မိမိကိုယ်မိမိ ဘာမှ မလုပ်ချင်၍ အိပ်ယာထဲတွင် ခွေနေချင်သောအခါ ကားရေဆေးလိုက်သလို တခါတလေ မီးဖိုချောင် သန့်ရှင်းရေး ဝင်လုပ် အိမ်သာ ထဆေး လိုက်ပါသည်။

ကိုယ်တိုင်က မလုပ်ချင်မှန်း သိသည်ကို ဇွတ်မှိတ်ပြီး ကြိုးစားလုပ်ရသည့် အတွက် ပင်ပန်းသည်ဟုထင်ရပါသည်။ ကျွန်တော်ဆိုသည့်ကောင်ကလည်း တနေရာတွင် ကျောက်ချထိုင်ပြီး ရုပ်ရှင် တကားပြီးတကား ကြည့်နိုင်သော်လည်း ကွန်ပြူတာဖြင့် သင်တန်း ကိစ္စအလုပ်လုပ်လိုက်လျင် ဇက်ကြောတက်လာသလို ခါးရိုး အောင့်လာသလို ဘာဖြစ်ချင်မှန်း မသိ။

ယခုဤစာ ရေးနေသည်ကပင် ဖတ်၍ မကောင်းမှန်း သိပါသည်။ မည်သည့် ရသမှ မပါ သည်ကိုလည်း သိပါသည်။ သို့သော်လည်း စာတပုဒ်ဖြစ်လျင် ပြီးရော ဇွတ်မှိတ် ပြီးရေးလိုက်ရခြင်း ဖြစ်ပါသည်။ သည်းခံကြပါကုန်။

Henry Aung ( Kachin )

27/02/2024 - Tuesday - 07;45 Am

Sort:  

ကျမဆိုရင် တခါတ​လေ ပျင်းတာနဲ့ စိတ်ဓါတ်ကျတာနဲ့ ခွဲမရဘူး တချို့အလုပ်​တွေမှာ ပျင်း​နေတယ်လို့ ထင်ရ​ပေမဲ့ တကယ်က စိတ်ဓါတ်ကျ​နေလို့ မတက်ကြွ​တော့တာ
!PGM
!MEME

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 1 SBT - 0.1 THG - 0.000001 SQM - 0.1 BUDS - 0.01 WOO - 0.005 SCRAP - 0.001 INK tokens

remaining commands 4

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444


ဟုတ်ပါ့ဗျာ။ စိတ်ဓာတ်ကျ တာနဲ့ ပျင်းတာနဲ့ မသဲကွဲဘူး ဖြစ်နေတာရယ်။ တနေ့တနေ့ ဘယ်လို ဖြတ်သန်းရမယ်ဆိုတာ တွေးရုံနဲ့ ရင်မောနေရ။

ရှင်ကျန်နေအောင် ကြိုးစားနေထိုင်ရဦးမှာပဲ။
မျှော်လင့်ချက်မကုန်ဆုံးသေးသ၍ပါပဲ။
!PIZZA

မျှော်လင့်ချက်ကတော့ ယဲ့ယဲ့လေး ကျန်ပါသေးရဲ့။

ကိုယ်တွေလည်း အဲ့လိုပါပဲဗျာ။
!pizza

ဒီလိုနဲ့ပဲ တရက်ပြီးတရက် ပြီးသွားတာပဲ။

စိတ်တွေကအတက်အကျမြန်နေတာတော့ကြာပြီ
ဘယ်မှမသွားချင်သလိုလို ဘယ်သူနဲ့မှစကားမပြောချင်သလိုလိုမတက်ကြွတော့ဘူး

အမှန်ပဲ။ ဘယ်သူနဲ့မှ စကားမပြောချင်တာ။ တယောက်တည်းပဲ တနေရာထဲမှာ နေနေချင်တာရယ်။

လူပျင်းကြီး ကိုယ်တွေလည်း ယနေ့ စာရေးဖို့
ပျင်းသဖြင့် ပိုစ့်တင်ရန်ပျက်ကွက်ပါသည်။
!LOLZ
!MEME

How do locomotives know where they're going?
Lots of training

Credit: reddit
@kachinhenry, I sent you an $LOLZ on behalf of htwegyi

(1/8)
NEW: Join LOLZ's Daily Earn and Burn Contest and win $LOLZ


YOU HAVE BEEN !PIMP SLAPPED!
Thank you for being an !LOLZ supporter.


You must be killin' it out here!
@lolz.pimp just slapped you with 10.000 PIMP, @htwegyi.
You earned 10.000 PIMP for the strong hand.
They're getting a workout and slapped 3/4 possible people today.

pimp_logo


Read about some PIMP Shit or Look for the PIMP District

သူလည်း ကိုယ့်လိုပါပဲလား..

PIZZA!

$PIZZA slices delivered:
@golden.future(2/10) tipped @kachinhenry

Yay! 🤗
Your content has been boosted with Ecency Points, by @kachinhenry.
Use Ecency daily to boost your growth on platform!