ဖြစ်ချင်တာဖြစ် ( Henry Aung )

မင်္ဂလာပါ။ ယခုတလောတော့ ဘာရယ်မဟုတ် စာရေးသားလိုစိတ် မရှိသောကြောင့် စာဖတ်သည့် ဘက်သို့သာ အားစိုက်မိပါသည်။ အများအားဖြင့် ဆရာတင်ညွန့်၏ စာများနှင့် ဆရာနေဝင်းမြင့် / ဆရာဝင်းဖေ တို့၏ ဝတ္ထုတိုများအား ရှာဖတ်ဖြစ်ပါသည်။

ကျွန်တော့ အကျင့်ကလည်း ကျွန်တော် ကြိုက်သည့် သဘောကျသည် ဝတ္ထုဆိုလျင် ဖတ်ပြီးသည့် တိုင် ထပ်ခါထပ်ခါဖတ်ကာ ပြန်၍ အရသာ ခံလေ့ရှိပါသည်။ FB ပေါ်မှ စာများအား ပြန်ဖတ်ရသည်မို့ စာအုပ် ကိုင်ဖတ်သလောက်တော့ အရသာမရှိပါ။

လက်တဝါး စာဖုန်းဖြင့် စာဖတ်ရသော ကြောင့် မျက်လုံးအား ချွေတာရပါသည်။ တသက်လုံး စာဖတ်၍ သွားရမည်ဆိုတော့ မျက်လုံး ချွေတာပါမှ။ FB ပေါ်တွင် စာဖတ်သည်ဆိုတော့ တခါတရံ ချော်တော့ငေါ့သွားကာ အခြားသော အကြောင်း အရာများထံရောက်သွားလေ့ရှိပါသည်။

ကျွန်တော့ အနေဖြင့် ဘောလုံး / အားကစား / စာဖတ်သူများ / စာချစ်သူများ / ဝတ္ထုတို ရှည် / တိုင်းရင်းဆေး / နိုင်ငံရေး / ဘာသာရေး / မုဆိုး တံငါ / ကြက် ဖား ငါး မွှေးမြူရေး / စိုက်ပျိုးရေး / စီးပွားရေး / သမိုင်း / သိပ္ပံ အစရှိသမျှ ရှိရှိသမျှသော Group ပေါင်းစုံ အားလုံးအား Join ထားပါသည်။

ထို့ကြောင့် ကျွန်တော့ Newfeed တွင် အကြောင်းအရာ ပေါင်းစုံ ရှိသလို အချို့ကလည်းစိတ်ဝင်စား စရာကောင်းသလို အချို့ကလည်း အတော်လေး တရားရစရာ ကောင်းပါသည်။ အထူးသဖြင့် တိရစ္ဆာန် ချစ်သူများ ဖြစ်သော ခွေး / ကြောင် / ငှက် အစရှိသော Group များတွင် မိမိမွှေးထားသော သတ္တဝါ များအတွက် အလှူခံ မှုများ မကြာခဏ တွေ့ရသလို မကြာခဏလည်း အငြင်းပွားကြကာ ဆဲကြဆိုကြ။

များသော အားဖြင့်တော့ ကျွန်တော် အနေဖြင့် ကော်မန့်တွင်သာ အဖြေသွားရှာလေ့ရှိပါသည်။ ပြောရမည်ဆိုလျင် ကျွန်တော်တို့ လူမျိုးသည် အတော်လေး ကလိတိတိ ရိတိတိ ရေးတတ်သော လူမျိုး ဖြစ်ပါသည်။ အထူးသဖြင့် ဘောလုံး ကလပ် များ / ကစားသမားများ အကြောင်း နှင့် ပတ်သက်၍ အတော်လေး ကလိကြထေ့ကြငေါ့ကြပါသည်။

များသော အားဖြင့် ခြုံငုံကြည့် လိုက်လျင် ထို Group များသည် သူ့ပရိတ်သတ်နှင့် သူ ( Fan club ) ရှိကြပါသည်။ Group တခုနှင့်တခု ပြသနာ တက်ကြပြီဆိုလျင်တော့ Fan များကြား အကြီးအကျယ် တိုက်ခိုက်ကြပါတော့သည်။ တခါတရံ ကျွန်တော်တွေးမိသည်မှာ ဤ Fan ဆိုသော သူများ အကြောင်း ဖြစ်ပါသည်။

ဘစိုင်း Fan / အိချောပို Fan / မမဆောင်း Fan / BTS fan အစရှိသဖြင့် ရှိကြသလို့ အချို့ကလည်း အရူးအမူးပင် ဖြစ်ကြပါသည်။ ငါ့ အိုင်ဒေါ လာမထိနဲ့ မီးပွင့်သွားမယ် ဟူသော အစွန်းရောက် fan များလည်း တွေ့ရပါသည်။ ဥပမာ မက်ဆီ Fan / ရိုနယ်ဒို Fan များ။

ဤ တွင် ကျွန်တော်စဉ်းစားကြည့်ပါသည်။ ကျွန်တော်ကကော မည်သူ့ Fan များပါလိမ့်။ ကျွန်တော့ Idol ကကော မည်သူများပါလိမ့်။ သေချာ တွေးကြည့်တော့ ကျွန်တော့တွင် အရူးအမူး ဖြစ်နေသော အရာ မရှိပါ။ တစုံတယောက် သို့မဟုတ် တစုံ တရာအား အရူးအမူး ဖြစ်နေခြင်းသည် ကောင်းသည်လော ဆိုးသည်လော ကျွန်တော်လည်း မသိပါ။

သို့သော် တစုံတရာ အား အရူးအမူး ဖြစ်သူများသည် တချိန်တွင် သူရို့ အရူးအမူး ဖြစ်သော အရာများဖြင့် ထူးချွန်လာကြပါသည်။ ဥပမာ ဘောလုံး အားကစား / စာပေ ဝါသနာရှင်များ / သိပ္ပံ ပညာရှင်များ စသည်ဖြင့်။

တခုတည်းသာ ရှိပါသည်။ Hive Platform ပေါ်သို့ တော့နေစဉ် ဝင်ကြည့် ဖြစ်သလို စာမရေးသော်လည်း Vote ကတော့ ဝင်ပေးဖြစ်ပါသည်။ သို့သော်လည်း အရူးအမူး ဖြစ်နေသည်တော့ မဟုတ်ပါ။ FB အားလည်း အကျိုးမရှိ ဆိုသည့်တိုင်အောင် နေစဉ်တော့ ဝင်ကြည့် ဖြစ်မြဲ ဖြစ်ပါသည်။

ဆိုရလျင် ကျွန်တော်က ငယ်စဉ်က ဘာဖြစ်ချင်မှန်း မသိ ကြီးလာတော့လည်း ဘာဖြစ်ချင်မှန်းမသိ ယခုတော့လည်း ဖြစ်ချင်တိုင်း ဖြစ်နေသူတယောက်သာ။

Henry Aung ( Kachin )

03/02/2023 - Friday - 17;33 Pm ( KL )

Sort:  

ဘာဖြစ်ချင်မှန်းမသိတော့ အကုန်ဖြစ်လို့ရတာပေါ့ 😁 !LOLZ !PGM

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 1 SBT - 0.1 THG - 0.000001 SQM - 0.1 BUDS tokens to @ansoe

remaining commands 0

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444


I owe my taylor a lot of money.
But he's agreed to cut me some slacks.

Credit: reddit
@kachinhenry, I sent you an $LOLZ on behalf of @ansoe

Are You Ready for some $FUN? Learn about LOLZ's new FUN tribe!
(3/6)

အဲသာလည်း ဟုတ်တာပဲ။ !PIZZA !LUV

ကျမက Hive​တွေ​ရောင်းပြီး Boss ဖြစ်ချင်တာ😊😊😊
!PGM
!LUV
!MEME

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 1 SBT - 0.1 THG - 0.000001 SQM - 0.1 BUDS tokens to @suhlaing

remaining commands 2

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444


အဲတာလည်း တမျိုးကောင်းတာပါပဲ။ !PIZZA

အဟီး အဖော်ရှိသဗျို့ ကိုယ်တွေလည်း
ဘာဖြစ်ချင်မှန်းမသိဘူးရယ်။
!LOLZ
!MEME

How do trees get on the internet?
They log in.

Credit: dksart
@kachinhenry, I sent you an $LOLZ on behalf of @htwegyi

Are You Ready for some $FUN? Learn about LOLZ's new FUN tribe!
(1/6)

ခုတော့လည်း ဖြစ်ချင်တာဖြစ် နေတာပဲ ဟုတ်..? !PIZZA

ဖြစ်ချင်တိုင်း ဖြစ်နေနိုင်ရင်လည်း အကောင်းသားဗျာ
!PIZZA

ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ရမှာပေါ့။ !PIZZA

🍕 PIZZA Party!

I gifted $PIZZA slices here:
kachinhenry tipped suhlaing (x1)
@kachinhenry(9/10) tipped @htwegyi (x1)
tin.aung.soe tipped kachinhenry (x1)
kachinhenry tipped tin.aung.soe (x1)
kachinhenry tipped ansoe (x1)

Please vote for pizza.witness!