စုတ်ချက်ကြမ်းသော ပန်းချီ ( Henry Aung )

in HIVE-MYANMAR2 years ago

111.jpeg

မင်္ဂလာပါ။ ယနေ့ နံနက် ဈေးသွားသော အခါ ကျွန်တော့ အား အံ့အားသင့် စေသော အရာ တခုအား တွေ့ခဲ့ပါသည်။ ထိုအရာမှာ အာလူး ၁၀ ကျပ်သား ၅၀၀ ဟူသော ရောင်းဈေး ဖြစ်ပါသည်။ အာလူး ၁ ပိသာလျင် ၅၀၀၀ ဈေး ဖြစ်လို့ လာနေပါပြီ။

ရောင်းသူကလည်း ညည်းချင်း ချသလို ဝယ်သူကလည်း ညည်းညူ ရပါသည်။ ယခု အချိန်တွင် ဈေးသက်သက်သာသာ နှင့် ဝယ်စားနေရသည်မှာ ကြက်သွန် ဖြစ်ပါသည်။

ဝယ်စားသူ သက်သာ၍ ပျော်ကောင်း ပျော်ပါလိမ့်မည်။ ကြက်သွန် စိုက်သော တောင်သူတို့ကတော့ ပြည်ပ ကြက်သွန် ဝယ်လက်မရှိတော့၍ ပြည်တွင်း၌ ရသလောက်ဖြင့် အရှုံးခံ ရောင်းနေကြသည် ဖြစ်ရာ မည်မျှ ကြေကွဲစရာ ကောင်းပါသနည်း။

ကျွန်တော်တို့ ဤ အဖြစ်ဆိုး ၉ လ ကျော် ၁၀ လ နီးပါးသို့ ရောက်လာပါပြီ။ ပညာရေး / စီးပွားရေး / လူမှုရေး အရာရာ အားလုံး မလူးသာ မလွန့်သာ အခြေအနေသို့ ဆိုက်ရောက်လို့ လာနေပြီ ဖြစ်ပါသည်။

ကျွန်တော်တို့ ယခု စားသုံးနေသော စားသုံးကုန်များသည် ယမန်နှစ်က သိုလှောင်ထားသော စားသုံးကုန် များသာ ဖြစ်၍ နောက်နှစ်တွင် မည်သို့ လည်ပတ်ကြမည်နည်း။ ယခုနှစ်တွင် လုပ်ငန်းကိုင်ငန်းများ ရပ်သွားကြသည်။ စပါးစိုက်ပျိုးရေး တွင် မည်မျှလောက် စိုက်ပျိုးနိုင်သနည်း ။

မြန်မာပြည်၏ အဓိက ပဲ / ပြောင်း / ကြက်သွန် စိုက်ရာဒေသ စစ်ကိုင်းလွင်ပြင်သည် စစ်တလင်းဖြစ်လို့နေပါသည်။ စစ်ကိုင်းတိုင်းမှ မဟုတ်ပါ မြန်မာပြည် အနှံရှိတောင်သူတို့ မြေဩဇာ လက်ဝယ်မထားရှိရဲ သောအချိန်အခါ ဖြစ်ပါသည်။

ဤ သို့ဆိုလျင် ၂၀၂၂ အားမည်သို့ ရင်ဆိုင်ကြမည်နည်း။ ကျွန်တော် ဈေးသွားတိုင်း သတိထားမိ သော အရာတခုရှိပါသည်။ ဤသည်မှာ ဈေးဝယ်သူထက် ဈေးရောင်းသူ များပြားနေခြင်း ဖြစ်ပါသည်။

ဝယ်ပါ ယူပါ ကြိုသောက်လျင် ဆီးကောင်းပါသည်ဟု ဆိုကာ သံမနိုင် ကျောက်မနိုင် နွယ်များအား အစည်းများလုပ်ကာ လမ်းဘေးတွင် ထိုင်ရောင်းနေသော အဖွားအို ။

စကောထဲတွင် ဂျင်းတက် များပုံထားကာ ဝယ်ပါယူပါ တပုံမှ ၂၀၀ တည်းပါဟု အော်ရောင်းနေသော ခလေးမလေး ။ နေ့ပြန်တိုး အားကိုးဖြင့် ကုန်စိမ်းများ ရောင်းနေသော ဗိုက်ကြီးသည် ။

စာကလေး အစာအဖြစ် စပါးတွဲများ ထမ်းကာ လိုက်ရောင်းနေသော အဖိုးကြီးနှင့် အဖွားကြီ။ ကိုက် ၃၀၀ ခန့် သွားလိုက် တခါနားလိုက် ။

ကျွန်တော် ဆက်ရေးလို စိတ်မရှိတော့ပါ။ နေ့စဉ် နေ့တိုင်း ဘဝ ပန်းချီကား ကြီးကာ စုတ်ချက်များ ကြမ်းသထက်ကြမ်းလာနေသည်ကတော့သေချာပါသည်။

Henry Aung ( Kachin )

31/10/2021 - Sunday - 17;40 Pm

Sort:  

Congratulations @kachinhenry! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s) :

You have been a buzzy bee and published a post every day of the week.
You have been a buzzy bee and published a post every day of the month.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Check out the last post from @hivebuzz:

Hive Power Up Day - November 1st 2021 - Hive Power Delegation
Bee ready for the 2nd Hive Power Up Month challenge!

Thank You ... !PIZZA

You're welcome @kachinhenry, that's with pleasure! Happy buzzy week 😊👍

စစ်တိုက်တာ သိက္ခာရှိရှိမတိုက်ဘူး။
အင်းလေ... ဦးနှောက်က ခွေးဦးနှောက်တွေကိုး...
တစ်နေ့တစ်ခြား ဘဝက ကြမ်းကြမ်းလာပြီ။ လုပ်အားလစာကနဲရသည့်အထဲ
ရှိသမျှ ကုန်ပစ္စည်းတွေက စျေးတက်။
ကိုယ်တိုက်ဆပ်ပြာခဲ တစ်ခဲ 1000 kyats တဲ့ဗျာ။

ညီရေ... လာမဲ့ဘေး ပြေးတွေ့ရုံပါ့။ !PIZZA

အဲ့ဒါတွေ တွေးလိုက်ရင် ညဘက်အိပ်လို့တောင်မပျော်ဘူး။ မအလ မြန်မြန်ကြင်စိုးဖြစ်မှပဲ။

ဟုတ်ပါ့ဗျာ... ညည တကယ်ကို အိပ်မပျော်တာ။ ကြက်အိပ် ကြက်နိုးနဲ့။ အိပ်ကောင်းခြင်း မအိပ်ရ စားကောင်းခြင်းမစားရ ဆိုတာ အဲတာပဲ နေပါလိမ့်မယ်။ !PIZZA

ရင်နာစရာတွေပါပဲအကို
!PIZZA

ဟုတ်တာပေါ့။ လူတဦး အဖွဲ့အစည်း တခုရဲ့ အမှားက ဘယ်လောက် ကြောက်ဖို့ ကောင်းတယ်ဆိုတာ လက်တွေ့။ !PIZZA

ရိတ်ပြီး စပါးကောက်လှိုင်းများကို မီးရှို့သွားတာလည်း ရင်နာစရာပါပဲ

ဒါမျိုး အဖြစ်အပျက်တွေက စစ်ရဲ့ ဆိုးကျိုး ဆိုတာထက် ရုတ်မာတဲ့ ဘက်ကို ပိုများသွားတာ။ လူရုတ်မာ တွေပေါ့။ ကိုယ့် အတွက်လည်း အကျိုးမရှိ သူများအတွက်လည်း အကျိုးမရှိ။ !PIZZA

မြန်မာပြည်ရဲ့ စပါးကျည်လို့တင်စားထားတဲ့ စစ်ကိုင်းတိုင်း လွင်ပြင်ဟာအခုဆိုရင် စစ်တလင်းဖြစ်။ စပါးကျည်မှ မဟုတ်ပါဘူးဗျာ တိုင်းပြည် ဆီအိုးတွေလဲ ကွဲပြဲကုန်ပီ။ ဘာဆိုဘာမှမကျန်တော့ဘူး နောက်နှစ်ဆို အကုန်ငတ်ပီ။ ရေးရတာနဲ့တင် စိတ်မချမ်းသာဘူးဗျာ။ !PIZZA

ဘယ်လို ရေးပြရမှန်းတောင် မသိတော့ပါဘူး။ !PIZZA

တွေးရရင်ဖြင့် တွေးလေ ရင်လေးလေပါဗျာ။
အမြန်ပြီးပါမှ ဒုက္ခ နည်းကြမည်ပ။
!PIZZA

ဟုတ်တယ် ဦးထွေးရေ.... ပန်းချီကားတွေ မလှပတော့တာ ကြာပြီ။ !PIZZA

ဟူး...
!PIZZA

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
kachinhenry tipped naythan (x1)

Join us in Discord!

Yay! 🤗
Your content has been boosted with Ecency Points, by @kachinhenry.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for Proposal
Delegate HP and earn more