
မင်္ဂလာပါ။ ယခုတလော သတင်းများကြည့်လိုက်လျင် စစ်ပွဲအကြောင်း အပျက်အစီးများ အသေအကြေများ အကြောင်း သာမြင်နေရကြားနေရသည်ကို မိတ်ဆွေတို့ အားလုံးအသိပင် ဖြစ်ပါလိမ့်မည်။ Covid ကာလနောက်ပိုင်း မြန်မာ့အရေးအခင်းပြည်တွင်း စစ်မှ စပြီး ရုရှား ယူကရိန်းစစ် ထို့နောက် အိန္ဒိယ ပါကိစ္စတန် စစ်ပွဲ ထို့နောက် ထိုင်း နှင့် Cambodia နယ်စပ် စစ်ပွဲ ထို့နောက်တော့ အရှေ့အလယ်ပိုင်း စစ်မီးကတော့ ဘယ်တောမှ ငြိမ်းသည်မရှိ အစ္စရေး နှင့် ကျန် အာရပ် နိုင်ငံ များမှ တနိုင်ငံနှင့်တော့ အမြဲ စစ်ဖြစ်နေသည်သာ။
ထို့နောက် နာမည်ကြီး စူပါ ပါဝါ အမေရိကန် ၏ စစ်ပွဲများ စလာပါပြီ။ ဤ စစ်ပွဲများအကြောင်း ယခင်ကလည်း ကျွန်တော်ရေးသားဘူးပါသည်။ စစ်ဖြစ်လျင် နှစ်ဖက်စလုံး သေကြေပျက်စီးရသလို အများအားဖြင့် ထိခိုက်ကြရသည်က ပြည်သူများသာ ဖြစ်ပါသည်။ သို့သော် ဤနေရာတွင် အဘယ့်ကြောင့် စစ်ဖြစ်ရသည် ဟူသော အကြောင်းအရာအား ဆန်းစစ်ရန်လိုပါသည်။
အမျိုးသားရေးဝါဒ ကြီးထွားအားကြီးလာကြသောကြောင့် ( ငါ့လူမျိုးသာ အမြင့်မြတ်ဆုံး / ငါတို့လူမျိုးသာ အတော်ဆုံး အကောင်းဆုံး ) ပထမ ကမ္ဘာစစ် ဖြစ်ခဲ့ရသလို ကိုလိုနီ နယ်ချဲ့ လိုသောကြောင့် ( နယ်ပယ်ချဲ့ထွင်းကာ ကျွန်ပြု အုပ်ချုပ် ဂုတ်သွေးစုပ် ) ဒုတိယကမ္ဘာစစ်ဖြစ်ပွားခဲ့ရပါသည်။

အမှန်ဆိုရလျင် ဒုတိယကမ္ဘာစစ်ဖြစ်ပွားခြင်းမှာ ပထမကမ္ဘာ စစ်၏ အကျိုးဆက်ကြောင့် ဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ် ဖြစ်ပွားပြီး နောက်တွင် တတိယကမ္ဘာစစ်ကြီး မဖြစ်ရန် နိုင်ငံပေါင်းချုပ်အသင်း (ကုလသမ္မဂ ) ဖွဲ့စည်းကာ စစ်ဖြစ်နိုင်သော အကြောင်းအရာများအား ထိန်းသိမ်း ညှိနိုင်း ဆွေးနွေးခြင်းဖြင့် အဖြေရှာပြီး စစ်ကို ရှောင်ရှားရန်ကြိုးပမ်းခဲ့ကြပါသည်။ သို့သော် ဒုတိယကမ္ဘာ စစ်တွင် စူပါ ပါဝါဖြစ်လာသော အမေရိကန် မှာ ယခုအချိန်တွင် တတိယကမ္ဘာ စစ်အတွက် အစပျိုး နေပြီဖြစ်ပါသည်။
စစ်၏ အကျိုးဆက် ( စစ်ဖြင့် စီပွားရှာ ) အား ဒုတိယကမ္ဘာစစ်တွင် စစ်၏အရသာ အား ကောင်းကောင်းကြီး သိခဲ့သော အမေရိကန်နိုင်ငံအား ကြည့်လိုက်ပါ။ ဌင်းပါဝင်ပါတ်သက်ခဲ့သော စစ်ပွဲများမှာ အမေရိကန် နိုင်ငံ၏ ပြင်ပဘက်တွင်သာဖြစ်ပါသည်။ စစ်လက်နက်ပစ္စည်းများ ရောင်းချရခြင်း၏ အကျိုးအမြတ်အား ဤနေရာတွင် မဖေါ်ပြတော့ပါ။ ပို၍ ကောင်းသော စစ်လက်နက်များ ပို၍ လျင်မြန်သော စစ်လက်နက်များ ပို၍သေကြေပျက်စီးစေနိုင်သော လက်နက်များ အများဆုံး ထုတ်လုပ်နေသူမှာ မည်သည့် နိုင်ငံဖြစ်သနည်း။
ဤလက်နက်များ စမ်းသပ်ရန် အတွက် စစ်ပွဲများ လိုအပ်ပါသည်။ ထိုအခါမှ စစ်လက်နက်များပို၍ ရောင်းကောင်းပါမည်။ ရုရှားလည်း စစ်လက်နက်ထုတ်သလို တရုတ်နိုင်ငံသည်လည်း စစ်လက်နက် ထုတ်လုပ်ပါသည်။ သို့သော် မျက်မှောက်ခေတ် စစ်ပွဲများတွင် တရုတ်နှင့် ရုရှား လက်နက်များ မစွံသည်ကို အားလုံးသိရှိသွားကြပါသည်။ ထိုအရာများ စမ်းသပ်ရန် အတွက် စစ်ပွဲလိုပါသည်။

တချိန်က အမေရိကန်အားကိုးဖြင့် နေသာသလို နေနေခဲ့ကြသော ဥရောပ NATO အဖွဲ့ဝင်နိုင်ငံများသည်လည်း ယခုအမေရိကန်၏ လေသံပြောင်းလာသော အခြေအနေကြောင့် မိမိတို့နိုင်ငံများ၏ စစ်အင်အားများ ပြန်လည်တိုးချဲ့ပြင်ဆင် လာနေရပြီ ဖြစ်ပါသည်။ တရုတ်သည်လည်း အမေရိကန်၏ လက်ဝါးကြီးအုပ် ဝါဒအား မသိမသာ သိသိသာသာ ပြိုင်ဆိုင်လာနေပြီ ဖြစ်ပါသည်။ တချိန်က စစ်ပွဲများအား ဟန့်တားရန် ဖွဲ့စည်းခဲ့ကြသော ကုလသမဂ္ဂ သည်လည်း အလွန်စိုးရိမ်ပါသည် တံခါးဖွင့် စည်ဝေးလိုက် တခါးပိတ်ဆွေနွေးလိုက်သာ ပြုလုပ်ပေးနိုင်ပါတော့သည်။
အထက်တွင် ကျွန်တော်ရေးသားခဲ့သော အကြောင်းအရာများမှာ ကျွန်တော့ ဦးနှောက် သေးသေးလေးဖြင့်သာ တွေးတော ရေးသားထားခြင်း ဖြစ်သောကြောင့် အမှားတစုံတရာ ပါဝင်သွားလျင် ကျွန်တော်၏ လေ့လာမှု ညံ့ဖျင်း ခြင်းကြောင့်သာ ဖြစ်ကြောင်း ဝန်ခံပါသည်။ အဘယ့်ကြောင့် စစ်ပွဲများ မပြီးနိုင် မစီးနိုင် ဖြစ်နေရသနည်း စဉ်းစားကြည့်မိပါသည်။
အခြားဘယ်နေရာမှ လိုက်ရှာကြည့်ရန် မလိုပါ။ မိမိတို့ မြန်မာပြည်၏ ကြင်စိုးအားကြည့်လျင် သိနိုင်ပါသည်။ မိမိကိုယ်တိုင်လည်း အစွမ်းအစမရှိ ၊ နိုင်ငံ၏ ပညာရေး ၊ စီးပွားရေး ၊ ပြည်သူပြည်သား တို့၏ အကျိုးစီးပွားများအား တိုးတက်ကောင်းမွန်စေရန် ဘာတခုမှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်တတ်သည်ကို သူအနေဖြင့် မသိမဟုတ် သိပါသည် မြင်နေရပါသည်။ သို့သော် ငါမှားသွားပါတယ် ငါတော့မလုပ်တတ်ဘူး လုပ်တတ်သူတွေ လုပ်ကြပါဟူ၍ ပြောမည်ထင်ပါသလား? ။ ဝေးပါသေးသည်။

ငါမရမည့် အတူတူ ကျန်တဲ့သူတွေလည်း မရစေရဘူးဟူသော တွေးသာ ရှိပါသည်။ အထက်တွင် ဆိုသကဲ့သို့သာ ကြင်စိုးသည် တယောက်တည်း မဟုတ်ပါ။ ကြင်စိုးအား မြောက်ပင့်ပေးသူ အပေါင်းအပါများလည်း ရှိပါသည်။ နိုင်ငံတကာတွင်လည်း ကြင်စိုးနှင့် အပေါင်းအပါများကဲ့သို့ ဗလာနံ တသိုက်ရှိနေသေးသရွေ့ စစ်ပွဲများလည်း ရှိနေအုံးမည်သာ။
စစ်ပွဲဖြင့် အကျိုးအမြတ်ရှာတတ်သူများ ရှိနေသေးသ၍ စစ်ပွဲများလည်း ရှိနေအုံးမည်သာ။ ကျွန်တော်တို့ အနေဖြင့် ရှင်သန်ချိန် ခဏလေး အတွင်း၌ စစ်ပွဲများကြားတွင် မည်သို့ ရှင်သန်ကြရမည်ကို သာ အာရုံစိုက်ကြရတော့မည် ဖြစ်ပါသည်။
Henry Aung ( Kachin )
09/03/2026 Monday 10;17 AM
ရှင်ကျန်ဖို့ ကြိုးစားကြရမှာပါပဲ။
!PIZZA
ဒီလိုကြိုးစားရင်းပဲ အသက်တွေလည်း ကြီးလာပြီ။
$PIZZA slices delivered:
@golden.future(1/10) tipped @kachinhenry
Learn more at https://hive.pizza.
ရှင်ကျန်ဖို့ ဟုတ်သဗျို့ ရှင်သန်ကြိုးစားနေထိုင်
နေရတာပါပဲ။
LOLZ
!MEME
ဘယ်တတ်နိုင်မလဲနော့ ဒီခေတ်မှာ လူလာဖြစ်ပြီကို လို့။
ကမ္ဘာ့ကြီး အခြေအနေက စိုးရိမ်စရာ။
One war makes our life useless, hence we get life only once, hence we should live together.
life itself is a war... get busy living or dying..