ရပ်ကွက်ထဲမှာ ( Henry Aung )

မင်္ဂလာပါ။ လွန်ခဲ့သောရက် ညနေပိုင်းကျွန်တော်တို့ လမ်းထဲတွင် နောင်ဂျိန်ချ သည့် ပွဲတပွဲ ကြည့်ခဲ့ရပါသည်။ ရပ်ကွက်ထဲ ဆိုတော့ ဤသို့သော နောင်ဂျိန် ပွဲများ မကြာခဏတွေ့မြင်ရပါသည်။ ညနေပိုင်း အပုပ်ချိန်ရောက်လာလျင် ယမကာ ထွေလာ၍ တယောက်တခွန်း စကားများကြ ထိုးကြကြိတ်ကြ။

တခါတရံ အမျိုးသမီးများ စကားများရာမှ အမျိုးသားများပါ ပါဝင်လာပြီး ပွဲက ပိုကြီး သွားတတ်ပါသည်။ ကွဲကြပြဲကြဖြင့် မကြေနပ်သူတို့က တရားတဘောင်စွဲကြ တရားရုံးရောက်တော့ တခါလည်း မပြီး နှစ်ခါလည်း မပြီး ငွေကုန်ကြရ။

ယမန်နေ့ညနေကတော့ ပြသနာမှာ အခြားမဟုတ်ပါ။ ခွေးစာကျွေးခြင်း ကြောင့် ဖြစ်ပါသည်။ ကျွန်တော့ အနေဖြင့် စမ်းချောင်းတွင် နေ့စဉ် ခွေးစာကျွေးကုသိုလ် ယူကြသူ များအား တွေ့ဘူးပါသည်။ သေသေချာချာ ပလားစတစ်နှင့် ခင်းကာ နယ်ဖတ်လာသော အစာများအား ချကျွေးပြီး ခွေးများ စားပြီးသွားသောအခါ အမှိုက်သရိုက် ပလားစတစ်များအား တပါတည်း ပြန်သိမ်း သွားကြပါသည်။

ယခု ခွေးစာကျွေးကြသူများကတော့ မိမိတို့ အိမ်မှ စားကြွင်း စားကျန်များအား လမ်းမပေါ်တွင် ပုံ၍ ခွေးစာကျွေးသော ကြောင့် ဖြစ်ပါသည်။ ဤသို့ လမ်းပေါ်တွင် ပုံ၍ ကျွေးသောကြောင့် ထို ထမင်းဟင်း အကြွင်းအကျန်များအား ကားတက်ကြိတ် ၍ လမ်းတခုလုံး ပွစာကြဲ / ခွေးလည်း မစားရ / ညဘက် ရောက်လျင် ကြွက်များက ထွက်စားပြီး အနီးအနား တွင် ရပ်ထားသော ကားများ အတွင်းသို့ ဝင်ကာ ကြွက်များက ဝါယာကြိုးများ ကိုက်ဖြတ် ကြပါသည်။

ကားပိုင်ရှင် များက လည်း ဤသို့ လမ်းမပေါ် ခွေးစားကျွေးသည်ကို မကျေနပ်ကြ ပါ။ အထူးသဖြင့် အိမ် အောက်ထပ် နေသူ များက ပို၍ ပင် မကြိုက်ကြပါ။ ကျွန်တော့ အနေဖြင့်တော့ အိမ်ရှေ့တွင် ခွေးစာလာကျွေးသည်ကို မည်သို့မျှ သဘောမကျပါ။

အခြားသူငှာများကဲ့သို့ ခွေးစားပြီးလျင် အမှိုက် ပြန်သိမ်းသွားကြသည်လည်း မဟုတ်။ ခွေးစာဟူ၍ သတ်သတ်မှတ်မှတ် ကျွေးသည်လည်း မဟုတ်ပဲ မိမိတို့ စားကြွင်းကျန် များအား အမှိုက် မပြစ်ချင်၍ လမ်းပေါ်လာပုံ သွားသည်ဟုသာ မြင်ပါသည်။

သို့သော်လည်း ရပ်ကွက် ဆိုတော့ လူအမျိုးမျိုး အဖုံဖုံ နှင့် ဆက်ဆံ နေရသည်ဆိုတော့ အချို့ကိစ္စများအား သည်းခံရပါသည်။ သို့သော် စရိုက်ချင်းတူ သည်းမခံ လိုသူနှင့် တွေ့တော့ နောင်ဂျိန်ချကြပါတော့သည်။ ခွေးစားကျွေးသူကလည်း စည်ပင်ပိုင် လမ်းပေါ်တွင် ကျွေးသည် ဘာဖြစ်သလဲ / တဖက်ကလည်း အမှိုက်ပုံသို့ အမှိုက်မပြစ်လိုကြသည့် သောက်ပျင်းများဟူ၍ ထေ့ကြငေါ့ ကြ ကုတ်ဆွဲကြ ဆောင့်ကန်ကြဖြင့်။

မိတ်ဆွေတို့ သိသည့် အတိုင်း ယခုကာလက ဘာကို ဒေါသထွက်ရမှန်း မသိ တခုခုကို ဒေါသထွက်နေသည့် အချိန်ကာလဖြစ်ပါသည်။ အဆင်မပြေသည့်အရာများ များပြားလွန်းနေသည့်ကာလ ဒေါသထွက်ပေါက် ရစရာ တခုရသည်နှင့် အစွမ်းကုန် ပေါက်ကွဲထွက်ကြပါတော့သည်။

ယခင်ကာလဆိုလျင်တော့ လမ်းလူကြီးများ ရာအိမ်မှုး / အုပ်ကြီးများ ရောက်လာလျင် ပြသနာ ပြီးသွားတတ်သော်လည်း ယခုကာလကတော့ ကျွန်တော် ရာအိမ်မှုးပါ / အုပ်ကြီးပါ ဟူ၍ ခေါင်းထောင် ဝံ့ကြသည့် အချိန် မဟုတ်တော့ အချင်းချင်သာ ဆွဲကြ လဲကြ ဖျန်ဖြေ ကြရပါသည်။

ရန်ပွဲ ပြီးသွားသည့်တိုင် အော်ကြီး ဟစ်ကျယ်ဖြင့် ပါးစပ် စစ်ပွဲ နွဲ၍ ငယ်ကျိုးငယ်နာ ဖေါ်နေကြသည်မှာ မယားငယ်ထားသည်ရော ပါသလို လင်ငယ်နေသည်ရောပါသည်သာမက မည်သူ့ ပိုက်ဆံချေး၍ ပြန်မဆပ်နိုင်သောကြောင့် ကြွေးတင်နေသည့် အကြောင်းလည်း ပါပါသည်။

ကျွန်တော်လည်း ပွဲကြည့် ပရိတ်သတ် အနေဖြင့်သာ ကြည့်နေရသည်ဆိုတော့ .... ဆိုင်ဆိုင် မဆိုင်ဆိုင် Hive ဈေး အမြန်တက်ပါစေဟု၍သာ ဆုတောင်းမိပါသည်။ Hive ဈေး $1000 ခန့် ဖြစ်လျင်တော့ ကလောဘက်တွင် ခြံတခြံဝယ်ကာ အေးအေးဆေးဆေး အပင်စိုက်၍ စိတ်အေးချမ်းသာစွာနေမည်ဟု စိတ်ကူးမိပါသည်။

Henry Aung ( Kachin )

17/03/2023 - Friday - 18;36 Pm

Sort:  

ရပ်ကွက်ထဲမှာ ဒီလိုပဲရှိတယ် ကျနော်တို့ရပ်ကွက်ထဲမှာ ဒလိုဖြဲ 😂 !LOLZ !LUV

I'd like to start a diet.
But I've got too much on my plate right now.

Credit: reddit
@kachinhenry, I sent you an $LOLZ on behalf of @ansoe

(2/6)
Thanks for supporting The LOLZ Project. We !LUV our users!

ကဲ တက်စမ်းပါ ဟိုက်ရာ
လောလောဆယ်တော့ ဒေါ်လာ တစ်ထောင် ဟုတ်ပါဘူး တစ်ဒေါ်လာဆိုရင်ကို မဆိုးပါဘူး။
!LOLZ
!MEME

Want a new friend?
Tell a women you love her.

Credit: reddit
@kachinhenry, I sent you an $LOLZ on behalf of @htwegyi

(1/6)

PLAY & EARN $DOOM

PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@uthantzin(4/10) tipped @kachinhenry (x1)

Please vote for pizza.witness!