အယောင်ဆောင် ချင်ဦး

in HIVE-MYANMAR3 months ago

သူ့ကိုယ်သူ Bitcoin ဖန်တီးရှင် Satoshi Nakamoto ပါလို့ ကြွေးကြော်ခဲ့တဲ့ Australia လူမျိုး Craig Wright ကတော့ ပိုင်ဆိုင်မှုပေါင်း $7.4 million ဖိုးအထိ အသိမ်းခံရပါတော့မယ်။ Wright ဟာ Satoshi Nakamoto မဟုတ်ကြောင်း UK တရားရုံးက ဆုံးဖြတ်ပေးခဲ့ပြီးနောက်မှာ COPA (Cryptocurrency Open Patent Alliance) အဖွဲ့အတွက် တရားစရိတ်တွေနဲ့ နစ်နာကြေးတွေပေးနိုင်ဖို့အတွက် Wright ရဲ့ $7.4 million တန်ဖိုးရှိ ပိုင်ဆိုင်မှုတွေကို အာမခံတစ်ခုအနေနဲ့ သိမ်းဆည်းထားဖို့ တရားရုံးဖက်ကနေ ထပ်ပြီး အမိန့်ချခဲ့တာပါ။

Wright ဟာ ဒီကိစ္စတွေကို ကြိုတင်ပြီးတော့ တွက်ဆထားခဲ့ပုံရပါတယ်။ COPA ရဲ့ တရားစရိတ်တွေကို သူ့ဖက်က မပေးရအောင် တရားရုံးကို ကြိုတင်ကမ်းလှမ်းခဲ့ပေမယ့် တရားရုံးက လက်မခံခဲ့ပါဘူး။ ဒီလိုကမ်းလှမ်းမှုမတိုင်ခင်မှာလည်း Wright ဟာ သူပိုင်ဆိုင်တဲ့ company ရှယ်ယာတွေကို အခြားတစ်နေရာကို ရွှေ့ပြောင်းခဲ့ပါသေးတယ်။ ဒီအချက်တွေဟာ Wright ရဲ့ ပိုင်ဆိုင်မှုအချို့ကို အာမခံတစ်ခုအနေနဲ့ ကြိုတင်သိမ်းဆည်းထားဖို့အတွက် တရားရုံးကို သတိပေးသလိုဖြစ်ခဲ့ပြီး Wright ဟာ COPA ကို လျော်ကြေးတွေမပေးဘဲ ရှောင်ပြေးသွားမှာကို တရားရုံးဖက်က စိုးရိမ်နေတာလည်းဖြစ်ပါတယ်။

Wright ကတော့ ဒီအမှုမှာ ဘယ်နှခါနာမှန်းမသိတော့အောင်ကို နာနေပါပြီ။ Bitcoin ဖန်တီးရှင်ပါလို့ ဇွတ်ခံယူ၊ Bitcoin မူပိုင်ခွင့်တွေအတွက် Bitcoin core developer တွေကို ပြဿနာရှာခဲ့တာကြောင့် crypto community အများစုရဲ့ ရွံမုန်းမှုကိုခံခဲ့ရသလို အခုလို အမှုရှုံးတဲ့အတွက် အရှက်ကွဲရတဲ့အပြင် COPA အတွက် တရားစရိတ်တွေပါ ပေးရဦးမှာဖြစ်တာကြောင့် တွေးမိတိုင်းကြေကွဲနေမှာ အသေအချာပါပဲ။

Reference Link: https://decrypt.co/224122/bitcoin-creator-trial-craig-wright-freeze-assets-copa

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=TA690MBH

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

Sort:  

Hello.

This is our last and final request. To confirm your authorship of the content, could you please add the link to your Hive blog in your Instagram profile:

https://www.instagram.com/myancrypto/

Screenshot 2024-03-28 at 11.55.41.png

You can remove this mention, once we confirm the authorship.

Thank you.

More Info: Introducing Identity/Content Verification Reporting & Lookup

@princekham, the HiQ Smart Bot has recognized your request (2/2) and will start the voting trail.

In addition, @myancrypto gets !PIZZA from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

အချိန်ရလျှင် Hivewatcher ကို ဖြေရှင်းချက်ပေးပေးပါဦး။
ဒီမှာ ဘာမှ ထူးထူးခြားခြား မရသေးပေမယ့် ဂုဏ်သိက္ခာအရ ဖြေရှင်းထားသင့်ပါတယ်။

!LOLZ
!MEME

You can never trust an artist
Theyre super sketchy

Credit: reddit
@myancrypto, I sent you an $LOLZ on behalf of htwegyi

(3/8)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.