မေလ ၂၉ရက်၊ ၂၀၂၀
မန္တလေးမြို့သည် ကောင်းကင်ဘုံဆိုလည်းဟုတ်သည်။ ငရဲတွင်း
ဆိုလျှင်လည်း မှန်သည်။ အေးချမ်းပြီဆိုလျှင် ကောင်းကင်ဘုံသမျှ
သာယာ၏၊ ပူလောင်ပြီးဆိုလျှင်ကား ငရဲဲပြည်ပင်
အရှူံးပေးရလောက်သည်။
ယနေ့ မန္တလေးမြို့၏ နံနက်ခင်းသည် ကောင်းကင်ဘုံ။
အလိုဆန္ဒပြီးမြောက်သွားပြီဖြစ်၍ ဒေါကြီးမောကြီးရွာချနေသော
မိုးစက်များကို မိုးဖွဲ အမှုံအမွှားများအဖြစ် မိုးမင်းကြီးက
ပြောင်းလဲပစ်လိုက်သည်။ ကျွန်တော်က ထိုမိုးဖွဲများကို
အမျက်ပြေမိုး ဟု ကင်ပွန်းတက်ပေးလိုက်သည်။
မိုးဖွဲများက ကျနေဆဲ...
ဒေါ်လေး... ရှမ်းခေါက်ဆွဲနှစ်ပွဲပါဆယ်။
ဘာသားနဲ့လဲ။
ကြက်သားနဲ့။
ဆိုင်ထဲကိုကြည့်လိုက်သည်။ စားပွဲအနည်းငယ်ချပေးထားသည်။
လူရှင်းနေသည်။
ဒေါ်လေးဆိုင်ထိုင်စားလို့ရလား။
အေး ရပါတယ်။ နားလည်မှုနဲ့ပေါ့(ကိုဗစ်ကြောင့် အမှန်တော့
ဆိုင်ထိုင်စားလို့မရပေ)
ဟုတ် အဲ့ဒါဆို ဆိုင်ထိုင်စားမယ်။ တစ်ပွဲကပြီးမှ ပါဆယ်ထုတ်မယ်။
(သူငယ်ချင်းက ရှမ်းခေါက်ဆွဲပါဆယ်မှာလိုက်ခြင်းဖြစ်သည်)
ရှမ်းခေါက်ဆွဲ ပြင်ဆင်ပြီးလာချပေးသည်။ ကြက်သားတုံးလေး
တွေက အပေါ်ဆုံးမှာမို့ နံအောင်မွှေလိုက်သည်။ ထို့နောက် တစ်ကျိတ်
စားလိုက်သည်။ အရသာကလည်းရှိ မိုးအေးအေးလေးနဲ့မို့
ရှမ်းခေါက်ဆွဲပူပူလေးက မနက်စာတွက် အသင့်တော်ဆုံးဖြစ်သည်။
ဘာပြောကောင်းမည်လည်း တစ်ခနအတွင်း ရှမ်းခေါက်ဆွဲတစ်ပွဲလုံး
ကုန်သွားသည်။ ထို့နောက် ရေနွေးကြမ်းလေးငဲ့ကာ စိမ်ခံနေလိုက်သည်။
ပိုက်ဆံရှင်းမယ် ဒေါ်လေး...။
အေအေ...။
ဘယ်လောက်လဲဗျ။
ပါဆယ်နဲ့ဆို ၂ထောင်။
ဟာ...။
ကျွန်တော်မျက်လုံးပြူးသွားသည်။ ရှမ်းခေါက်ဆွဲ စျေးကြီးလို့မဟုတ်။ ပိုက်ဆံအိပ် မေ့လာခြင်းဖြစ်သည်။သေချာအောင် အိပ်ကိုနှစ်ခါပြန်စစ်သည်။ ပိုက်ဆံအိပ်ကိုမတွေ့။
ကျွန်တော့် မျက်နှာစပ်ဖြဲဖြဲဖြင့်။
ဒေါ်လေး ပိုက်ဆံအိပ်မေ့ကျန်နေခဲ့လို့ အဲ့ဒါ...။
ရတယ်သား...။ နောက်လမ်းကြုံမှပေးပေါ့။ တကူးတကာ့
ပြန်လာမပေးပါနဲ့။ ဒါမျိုးကဖြစ်တက်ပါတယ်။
ဟုတ်ဒေါ်လေး၊ ကျွန်တော်ဆက်ဆက်လာပေးပါ့မယ်။
အားနာမှု၊ ကိုယ့်ကိုယ်ကို ဒေါသဖြစ်မှုနှင့် ရှက်ခြင်းတို့ ပေါင်းကာ
ကျွန်တော်၏မျက်နှာသည် နီရဲနေမည်ထင်သည်။ ရှမ်းခေါက်ဆွဲ
လာဝယ်ကြသူများက ကွက်ကျိ၊ ကွက်ကျိ ကြည့်နေကြသည့။
ကိုယ့်မျက်နှာကိုသာ ဓားနဲ့လှီးပစ်ချင်မိတော့သည်။
ဆိုင်ရှင်အဒေါ်က သဘောကောင်းလို့သာ တော်သေးသည်။ ပါဆယ်မှာထားသည်ကိုပင် ထဲ့ပေးလိုက်သေးသည်။
အဆောင်ပြန်ရောက်တော့ သူငယ်ချင်းအား ဖြစ်ကြောင်းကုန်စင်
ပြောပြလိုက်တော့ ရှမ်းခေါက်ဆွဲစားရင်း တဟားဟားနှင့်
ရယ်မောပါလေတော့သည်။
ကိုကိုမိုးဟိန်း
ဖြစ်တတ်တဲ့သဘောလေးပေါ့
ဟုတ်တယ်ဗျို့😁
ဆိုင်ရှင်က မရဘူးပြောရင် ခက်သားနော်
ဆိုင်ရှင်က သဘောကောင်းပေလို့ပါဗျာ...😁