ကိုယ်ယောင်ဖျောက်တတ်သော လှောင်ချိုင့်စံများအကြောင်း

in HIVE-MYANMAR3 years ago

nyimwa_hive_cover_photo.jpg

မဂ်လာပါ မြန်မာဟိုက်အဖွဲ့သားများခင်ဗျား။

ဒီကနေ့တော့ ကိုယ်ထင်ပြလာခဲ့ပါပီ။ ဒီလိုဆိုတော့ အရင်ရက်များက ကိုယ်ပျောက်နေသလားပေါ့။ မဟုတ်ရပါ ကိုယ်ပျောက်ဖို့ နေနေသာသာ ကိုယ်တစ်ကယ်ပျောက်သွားမှာ ကြောက်လို့ ပုန်းအောင်းနေကြရလို့ပါခင်ဗျ။

ယခုတလော တိုင်းပြည်အနှံ့မှာ ဖြစ်ပေါ်နေသော အခြေအနေများကြောင့် ကျွန်တော်အနေနှင့် အချို့သောနေ့များမှာ အင်တာနက်လိုင်းမတက်နိုင်ခဲ့ပါ။ အရင်ရက်များက ဆိုခဲ့သည့်အတိုင်း မီးပျက်လိုက်၊ မီးဖြတ်ခံလိုက်ရနဲ့ လျပ်စစ်မီးကို သုံးလိုက်သည်မရှိ ဖြစ်နေရသည်။ ထို့ထက်ပိုဆိုးသည်က အင်တာနက်ဒေတာလိုင်းများ ဈေးကြီးသွားသည်လည်းပါသည်။

ကံကောင်းချင်လို့ အနီးနားတစ်ဝိုက်က ဝိုင်ဖိုင်တစ်ခုအား သုံးခွင့်ရပြန်တော့လည်း မီးပျက်သည်နှင့် အချိန်တိုက်ဆိုင်စွာ ဝိုင်ဖိုင်ကိုလည်း သုံးနေရသည်မရှိ ဖြစ်ရပြန်၏။ ရှားရှားပါးပါး နေ့လည်ခင်းတွင် မီးလာနေ၍ ဝိုင်ဖိုင်သုံးမည်ဟု အားခဲသော်လည်း အိမ်မှု့ကိစ္စများက ပုဆိုးစကို ဆွဲထားသည့်အလား စာရေးပီးပိုစ်တင်ရန် အခွင့်အလမ်းက မရပြန်ရှိရပြန်၏။

ဒီလို အခက်အခဲလေးများ ရင်ဝယ်ပိုက်လို့ အွန်လိုင်းပေါ်သို့ ကိုယ်ထင်ပြလိုက်၊ သူ့အလိုလို ကိုယ်ပျောက်သွားလိုက် ဖြစ်နေရတော့သည်။ ကိုယ်ကိုယ်တိုင်က ကိုယ်မဖျောက်တတ်သော်လည်း ကံဇာတာက အားပေးလာပြန်တော့ အလိုလိုပင် ကိုယ်ပျောက်ရလေတော့သည်။

ယနေ့သည်လည်း အခါတိုင်းနေ့များလို အချိန်တို့သည် လွင့်ပါးကုန်ခမ်းသွားကြပြန်သည်။ အခါတိုင်းနေ့များဟု ဆိုလိုခြင်းမှာ ဘာမှ မယ်မယ်ရရ မလုပ်လိုက်ရပဲ ဟိုယောင်ယောင် ဒီယောင်ယောင် အခြေအနေနှင့် တစ်နေကုန်သွားရခြင်းဖြစ်သည်။ ဘာလို့ ယောင်ခြောက်ဆယ် ဖြစ်နေရသနည်းဟု ဆိုပြန်လျင်လည်း ဖြစ်ချင်လို့မဟုတ် သူ့အလိုလို ဖြစ်နေရခြင်းလို့သာ ပြောလိုက်ချင်တော့သည်။

အချိန်များ ကုန်ဆုံးခြင်းနှင့်အတူ တစ်စုံတစ်ခုသော အကျိုးရှိသည်ကို လုပ်နေချင်ပါ၏။ သို့သော်လည်း အိမ်ပြင်ထွက်၍ ဗဟုသုတရှာရန် မဖြစ်နိုင်ချေ၊ လမ်းမကြီးထက်သို့ပင် မတက်ရဲ ဖြစ်နေရသည်။ နေရာအနှံ့ အုန်းအုန်းမည်သံတို့ စည်ကားနေချိန် မိမိတို့နေအိမ်တွင်သာနေရင်း ပါတ်ဝန်းကျင်သတင်းကို နားစွင့်နေကြရသည်။

အင်တာနက်ကအဖြတ်ခံရသည်။ လျပ်စစ်မီးကဖြတ်တောက်ထားသည်။ ဝိုင်ဖိုင်ကိုလည်း မီးမလာတော့သုံးမရ၊ ဘက်ထရီဖြင့် ကြံဖန်ကာ ဝိုင်ဖိုင်စက်ကို ပါဝါပေးသော်လည်း ခဏတာသာ သုံးလိုက်ရသည်။ ဘက်ထရီအားကုန်လျင် ပါဝါအားမရ၍ ဝိုင်ဖိုင်စက်မှာ ပိတ်သွားရသည်။ ထိုထိုသော အကြောင်းများကြောင့် အိမ်မှာပင်နေ၊ ရှိတာလေးထုတ်စား၊ အိမ်မှုကိစ္စလေးများ ဟိုတစ်ခု ဒီတစ်ခုတကာလုပ်၊ ဒီထက်ပို၍ အချိန်ကျန်နေသေးလျင် ခြံအတွင်းစိုက်ထားသော သီးပင်စား၊ပင်လေးတွေကို ရေလောင်းပေါင်းသင်လုပ်ပေး ဒီလိုနှင့် ကျွန်တော်၏ တစ်နေ့တာ အချိန်တို့ကို ကုန်ဆုံးနေရသည်။ လူဖြစ်ရှုံးပေစွ။

ဒီလိုအခြေအနေမျိုးနှင့် နေထိုင်နေကြရသည်မှာ ကြက်ခြံထဲက ကြက်ကလေးများကဲ့သို့ မိမိကိုယ်ကို ပြန်မြင်ယောင်နေမိသည်။ အင်မတန်ကြီးမားသော ကြက်ခြံကြီးဖြစ်ချေလိမ့်မည်။ ရပ်ကွက်ကြီးသာမက မြို့ကြီးတစ်မြို့လုံးကို ကြက်ခြံအဖြစ်ပုံသွင်းထားခြင်း ခံနေရသည်။ အံကိုကြိတ်ကာ လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ရင်း မ---အ--လ နင်သေမှအေးတော့မည်လို့ ကြိမ်းဝါးနေမိတော့သည်။ ကျွန်တော်တို့ အဖြစ်က ကိုယ်ယောင်မဖျောက်တတ်သော်လည်း ကိုယ်ပျောက်နေရသောဘဝ။ အသက်ရှင်နေရသော်လည်း လွတ်လပ်စွာမနေရ လှောင်ချိုင့်စံဘဝလိုဖြစ်နေပြန်သည်။

ထို့ကြောင့်ပင် ကျွန်တော်သည် ကိုယ်ယောင်ဖျောက်တတ်သော လှောင်ချိုင့်စံများအကြောင်းကို မှတ်တမ်းတစ်ခုအနေနှင့် ပိုစ်တစ်ခုပြုစုရေးသားလိုက်ရပါတော့သည်။

မြန်မာဟိုက်အဖွဲ့သားများ ပိတ်လှောင်ခံနေရသော အဖြစ်များမှ လွတ်ကင်းနိုင်ကြပါစေ။

@nyimwa

dqmetjuhgm2ygjsswdd1yz7cbknwcmumjcuoagnswkumoxe_1680x8400.jpg
mwa_leaderboard_728x90_px_2_.jpeg

dqmetjuhgm2ygjsswdd1yz7cbknwcmumjcuoagnswkumoxe_1680x8400.jpg

Sort:  

အားလျော့လိုက်နဲ့နော် အားတင်းထား အောင်ပွဲကနီးနေပီ ။ ဓါးသွေး အားမွေး။ Fighting !!! !LOL !PIZZA

Comic Sans and walks into a pub
The bartender shouts Geto out of my pub! We don’t serve your type!

Credit: ifiwasfrank
@nyimwa, I sent you an $LOLZ on behalf of @nyinyiwin
Use the !LOL or !LOLZ command to share a joke and an $LOLZ. (3/6)

အားတင်းထားပါတယ်ဗျာ။ အံကြိတ်ဓါးသွေးထားပါတယ်။ !PIZZA !LUV


@nyimwa(1/1) gave you LUV. H-E tools | connect | <><

မီးက ခဏ ခဏပျက် ဖုန်း​ဒေတာ​တွေက ​စျေးကြီး wifi​တွေက ​စျေးတက်

ဟုတ်တယ်အမရေ မီးကပျက်တာမဟုတ်ဘူး ဖြတ်တာဗျ သက်သက်ကြီးကို ဖြတ်ချထားတာ။ :D !LOLZ

To the person who stole my copy of Microsoft Office
I will find you. You have my word.

Credit: lofone
@suhlaing, I sent you an $LOLZ on behalf of @nyimwa
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/6)

Congratulations @nyimwa! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You made more than 1000 comments.
Your next target is to reach 1500 comments.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Check out the last post from @hivebuzz:

Hive Power Up Month - Feedback from day 10
Support the HiveBuzz project. Vote for our proposal!

Yay! 🤗
Your content has been boosted with Ecency Points, by @nyimwa.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for new Proposal
Delegate HP and earn more

!PIZZA

@hive.phyowinkoko, sorry! You need more to stake more $PIZZA to use this command.

The minimum requirement is 20.0 PIZZA staked.

More $PIZZA is available from Hive-Engine or Tribaldex

PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
nyimwa tipped hive.phyowinkoko (x1)
@htwegyi(3/5) tipped @nyimwa (x1)
hive.phyowinkoko tipped nyimwa (x1)
nyimwa tipped nyinyiwin (x1)

You can now send $PIZZA tips in Discord via tip.cc!

ဒီမှာတော့ ISP နဲ့ အနဲဆုံး တစ်လတစ်ခါတော့ ရန်ဖြစ်နေရတယ်
အင်တာနက်စျေးကြီးလို့သာ ISP တွေ သိပ်မပြောဖြစ်သေးတာ
မီးကလဲ တစ်နေ့ နှစ်ခါလောက်ပျက်တယ်
!LOLZ

I used to be addicted to the hokey-pokey
but then I turned myself around.

Credit: theabsolute
@nyimwa, I sent you an $LOLZ on behalf of @naythan
Use the !LOL or !LOLZ command to share a joke and an $LOLZ. (4/8)

ဟုတ်မှာပဲ နေရာတိုင်းလိုလိုမှာ မီးဖြတ် လိုင်းကျ ဖြစ်နေတာလေ။ !LOLZ

It is raining so hard we may need an Ark
Luckily I Noah guy.

Credit: happyme
@naythan, I sent you an $LOLZ on behalf of @nyimwa
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/6)

ကိုယ့်အိမ်မှာ ကိုယ်နေ အကျယ်ချုပ်ဘဝတွေလိုပါလေ။
!PIZZA

ဟုတ်ပါ့ဗျာ မြန်မြန်တိုက်ကြပါတော့လို့ ထအော်လိုက်ချင်တော့တယ်။ !PIZZA

အမှန်တော့ .. တိုက်ခန်း မှာနေရသူတို့ ကလည်း အတူတူပါပဲ... လှောင်ချိုင့်စံ ဘဝက ရန်ကုန် မြစ်ကြီးနား ကော့သောင်း မခွဲပါဘူး...

ဟုတ်တယ်ကိုဟင်ရေ အတင်းမွန်းကြပ်နေလို့ ဒီအကြောင်းထရေးလိုက်မိတာ။ !PIZZA