မင်္ဂလာပါ။ ယခုအချိန်တွင် မြန်မာနိုင်ငံအပါအဝင် တကမ္ဘာလုံး နိုင်ငံအသီးသီးတွင်Covid-19 ကပ်ရောဂါ ကူးစက်ခံနေရသည်မှာ မိတ်ဆွေတို့အားလုံး အသိပင် ဖြစ်ပါသည်။ Covid 19 ကူးစက်ရောဂါ ဖြစ်ပွားလာပြီးနောက် အဆိုးထဲမှ အကောင်း ထုတ်ယူရမည်ဆိုလျင် ကျွန်တော်တို့ မြန်မာနိုင်ငံသားများ ကျန်းမာရေး အသိတိုးလာခြင်းပင် ဖြစ်ပါသည်။
အပြင်မှ ပြန်လာပြီး လက်ဆေးခြင်း ၊ Hand Spray များအသုံးပြုခြင်း ၊ ကိုယ်ခံအား ကောင်းစေရန် အားဆေးမှီဝဲခြင်း နှင့် မိမိကျန်းမာရေးအား ယခင်ကထက်ပို၍ ဂရုစိုက်တတ်လာပြီ ဖြစ်ပါသည်။ Covid-19 ကူးစက်ရောဂါ အား အဓိက တိုက်ဖျက်နိုင်သည်မှာ မိမိ ကိုယ်ခံအားပင် ဖြစ်ပါသည်။
ကိုယ်ခံအား ကောင်းစေရန် အတွက် အဓိကကျသော ဗီတာမင် တခုမှာ ဗီတာမင် ( စီ ) ပင်ဖြစ်ပါသည်။ ဗီတာမင် ( စီ ) ချို့တဲ့လျင် သွားဖုံးများ သွေးယို ခြင်း မကြာခဏ အအေးမိခြင်းများ ဖြစ်တတ်ပါသည်။ အအေးမိခြင်းသည် ဖျားနာခြင်း၏ အစပင် ဖြစ်ရာ ဗီတာမင် ( စီ ) ချို့တဲ့သူများအဖို့ မကြာခဏ ဖျားနာတတ်ခြင်းပင် ဖြစ်ပါသည်။ ထို့ ကြောင့် Covid-19 ရောဂါ ကုသရာတွင် ဗီတာမင် ( စီ ) ဆေးပြားများ အား မဖြစ်မနေထည့်သွင်းထားရခြင်း ဖြစ်ပါသည်။
မိမိကိုယ်ခံအား ကို စွမ်းအင်မြှင့်တင်ပေနိုင်သော ဗိုက်တာမင် ( စီ ) သည် ကျွန်တော်တို့ ကိုယ်ခန္ဓာမှ ထုတ်လုပ်နိုင်စွမ်း မရှိသလို သိုလှောင်ထားနိာင်ခြင်းလည်း မရှိပါ။ ထို့ကြောင့် ကျွန်တော်တို့ ကိုယ်ခံအား ကောင်းမွန် စေရန်အတွက် လုံလောက်သော ဗိုက်တာမင် ( စီ ) ပမာဏအား စားသောက် ဖြည့်တင်းပေးရန် အလွန်အရေးကြီးပါသည်။
ဗိုက်တာမင် ( စီ ) အား ကျွန်တော်တို့ နေ့စဉ် စားသောက်နေသော ဟင်းသီးဟင်းရွက် များ ဖြစ်သည့် ကစွန်းရွက် ၊ ချဉ်ပေါင်ရွက် ၊ ဒန့်သလွန်ရွက် ၊ ဂေါ်ဖီပွင့် ၊ ဂေါ်ဖီထုပ် စသည်ဖြင့် ...... အသီးများထဲတွင် အရည်ရွှမ်းသော အသီးများ(ရှောက်သီး၊သံပုရာသီး၊လိမ္မော်သီး စသည့် ) အသီးများတွင် ရရှိနိုင်ပါသည်။
အထူးသဖြင့် မာလကာသီး ၊ ငရုတ်ပွ အနီ ၊ အစိမ်း နှင့် ကီဝီသီးတို့တွင် ဗိုက်တာမင် ( စီ ) အများဆုံးပါဝင်ပါသည်။ ဗိုက်တာမင် ( စီ ) ဓာတ်သည် အပူကြောင့် အလွယ်တကူ ပျက်စီးသွားနိုင်သဖြင့် အစားအသောက်များ ချက်ပြုတ်သည့် အခါ အပူဓာတ်ကြောင့် ဗိုက်တာမင် ( စီ ) ဓာတ် ၅၀ % မှ ၇၅ % အထိ ပျက်စီးသွားနိုင်ပါသည်။ ထို့ ကြောင့် သစ်သီးများအား အစိမ်းစားခြင်းဖြင့် ဗိုက်တာမင် ( စီ ) ဓာတ်ပိုမိုပြည့်ဝစွာ ရရှိနိုင်ပါသည်။
ဗိုက်တာမင် ( စီ ) အား ရောဂါ အတော်များများသော ဆီးချို ၊ ကင်ဆာ ၊ နှလုံးရောဂါ ၊ သွေးတိုးရောဂါ ၊ လေဖြတ်ခြင်း ၊ လေးဘက်နာ အမျိုးမျိုး ၊ ဗိုက်တာမင် (စီ ) ချို့တဲ့ ခြင်း ၊ မျက်လုံးနှင့်ပတ်သက်သော ရောဂါများ ၊ ဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါများ ၊ အသားရည် အလှပဆိုင်ရာအတွက်သော် လည်းကောင်း အနာကျက် မြန်စေရန် အတွက် သော်လည်းကောင်း ဗိုက်တာမင် ( စီ) ဆေးဝါးများ အား ကုသခြင်း ၊ တာဆီးကာကွယ်ခြင်းနှင့် လျှော့ချခြင်း တို့အတွက် တွဲဖက်၍ အသုံးပြုကြပါသည်။
ဗိုက်တာမင် ( စီ ) သောက်ခြင်းအားဖြင့် Iorn ( သံဓာတ် ) စုပ်ယူမှုအား အားကောင်းစေသည့် အပြင် စိတ်ဖိစီးမှုများအားလည်းလျှော့ကျစေပါသည်။ အလုပ်လုပ်နေသူများနှင့် ကျောင်းသားကျောင်း သူများ အနေဖြင့် ဗိုက်တာမင် ( စီ ) ပုံမှန် မှီဝဲသင့်ပါသည်။
သို့သော် တန်ဆေးလွန်ဘေး ဆိုသည့် အတိုင်း လိုအပ်သည်ထက် ပိုမို မှီဝဲမိပါက ခေါင်းကိုက်ခြင်း ၊ အိပ်မပျော်ခြင်း ၊ မူးဝေအော့အန်ခြင်း ၊ ရင်ပူခြင်း ၊ ဗိုက်နာခြင်း ၊ ဝမ်းလျှောခြင်း တို့အား ဖြစ်စေနိုင်ပါသည်။ ဗိုက်တာမင် ( စီ ) မှီဝဲခြင်းကြောင့် အထက်ပါ အကြောင်းအရာများကဲ့သို့ ခံစားရလျင် ဗိုက်တာမင် ( စီ ) ဆေးဝါး မှီဝဲခြင်းအား တပတ်ခန့် ခေတ္တရပ်နားထား၍ ပြန်လည် သောက်သုံးသင့်ပါသည်။ အကယ်၍ မိမိ ရောဂါအတွက် တွဲဖက်၍ သောက်သုံးနေသူ ဖြစ်ပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင် ၍သာ ညွန်ကြားချက် အတိုင်း ပြန်လည် သောက်သုံးသင့်ပါသည်။
မွေးရာပါ သွေးအားနည်း ရောဂါ အမျိုးမျိုးနှင့် ဆီးကျောက်တည်ခြင်း ကျောက်ကပ်အားနည်း ခြင်း ရောဂါတို့ရှိပါက ဗိုက်တာမင် စီ ဆေးဝါးများ မှီဝဲရန် ဆရာဝန်နှင့် မဖြစ်မနေ တိုင်ပင်ဆွေးနွေး၍သာ မှီဝဲသုံးဆောင်သင့်ပါသည်။
ဗီတာမင် ( စီ ) ဆေးပြားများအား မြန်မာ နိုင်ငံ BPI နှင့် MPF ဆေးဝါးထုတ်သည် စက်ရုံမှ ထုတ်လုပ်ဖြန့်ဖြူးပါသည်။ ဆေးဘူး တဘူးလျင် ဆေးပြား ၁၀၀ ပါဝင်ပြီး ဆေးပြား တပြားလျင် ဗီတာမင် ( စီ ) ၁၀၀ mg အားပါဝင်ပါသည်။ ပြည်ပမှ တင်သွင်းသော ဗီတာမင် ( စီ ) ဆေးဝါး အမည် ပေါင်းစုံရှိပါသည်။
နာမည်ကြီးသည်ကတော့ Australia နိုင်ငံ Zifam ကုမ္ပဏီ ထုတ် Vitacee နှင့် အမေရိကန် Pacific ကုမ္ပဏီ ထုတ် Oramin -C တို့ ဖြစ်ပါသည်။ နာမည် ကြီးခြင်းနှင့်အတူ ဈေးလည်းကြီးပါသည်။ Vitacee တကဒ်တွင် ဆေးပြား ၁၅ လုံးပါဝင်ပြီး Oramin-C တကဒ်တွင် ဆေးတောင့် ၅ တောင်သာ ပါဝင်ပါသည်။ ဆေးတပြား ၊ တတောင့်စီ တွင် ပါဝင်သော ဗီတာမင်စီ ပမာဏမှာ ၅၀၀ mg ပါဝင်ပါသည်။
ပြည်ပမှ တင်သွင်းပြီး ဈေး အသင့်အသင့်ရှိသော ဗီတာမင် ( စီ ) ဆေးဝါး များမှာ Vietnam နိုင်ငံ ထုတ် Limcee နှင့် India မှ ထုတ်သော Mincy-500 တို့ ဖြစ်ပါသည်။ ဆေးတကဒ်လျင် ဗီတာမင် ( စီ ) ဆေးပြား ၁၀ လုံး ပါဝင်ပြီး ဆေးတလုံး စီတွင်ပါဝင်သော ဗီတာမင်( စီ ) ပမာဏမှာ ၅၀၀ mg ပင်ဖြစ်ပါသည်။ အခြား နာမည်ရသော ဗီတာမင် ( စီ ) ဆေးဝါး တမျိုးမှာ Enervon-C နှင့် Cvion တို့ ဖြစ်ပါသည်။
ဤ ဗိုက်တင်မင် ( စီ ) ဆေးဝါး မှီဝဲရာတွင် သတိထားရမည်မှာ အချို့သော ဗိုက်တာမင် ( စီ ) ဆေးဝါးများမှာ အခြားသော ဗိုက်တာမင် များ နှင့် ရောစပ်ထားသော ဆေးဝါးများလည်း ရှိပါသည်။ ဥပမာ Oramin -C နှင့် Enervon-C ဆေးဝါးများမှာ ဗိုက်တာမင် ( စီ ) ပါဝင်သည့် အပြင် B -Complex ဟု ခေါ်သော ဗိုက်တာမင် ( ဘီ ) B1 , B2 , B3 , B5 , B6 , B12 အစရှိသဖြင့် ပါဝင်ရောနှောထားပါသည်။
ထို့ ကြောင့် ဗိုက်တာမင် ( စီ ) ဆေးဝါး မှီဝဲ ရာတွင် ဆေးဝါး ဖြစ်သည့် အလျောက် မိမိနှင့် သင့်တော်သည် ၊ ဆေးတည့် သည် သေချာစေရန် အတွက် တတ်ကျွမ်းနားလည်သော ဆရာဝန် ညွန်ကြားချက်ဖြင့် မှီဝဲသည်က အသင့်တော်ဆုံးပင် ဖြစ်ပါသည်။
Sanpya-Kayunar Pharmacy
မှီငြမ်း..... Wikipedia / YouTube video/ ကျန်းမာရေး ဟောပြောချက်များ နှင့် အခြားကောင်းနိုးရာရာ ဆေးပညာ စာအုပ် / စာစောင်များမှ ထုတ်နုတ်တင်ပြထားခြင်း ဖြစ်ပါသည်။
ဗဟုသုတ ရစရာများ မျှဝေပေးလို့ ကျေးဇူးဗျာ။
ဆက်လက်ပြီး ဗဟုတုသ အသစ်များကို စောင့်မျှော်အားပေးပါဦးမယ်💛
Posted using Dapplr
Yay! 🤗
Your post has been boosted with Ecency Points.
Support Ecency, check our proposal:
Hivesigner: Vote for ProposalContinue earning Points just by using https://ecency.com, every action is rewarded (being online, posting, commenting, reblog, vote and more). Ecency: https://ecency.com/proposals/141