အသက် ၆၀ ပြည့်ပါပြီ

in HIVE-MYANMAR4 years ago (edited)

img_0.31259268925402517.jpg

ကျမ Steem မှာ စာ​တွေ စပြီး​ရေးခါစက​နေ အခုထိ ရူးသွပ်တာ​လေး တစ်ခုရှိပါတယ်။ အဲ့ဒါက နာမည် ​နောက်က reputation မှာ ၆၀နဲ့ ၆၀ကျော်သူ​တွေကို အရမ်းအားကျပါတယ်။ ဘာရယ်​တော့ သိပ်နားမလည်​ပေမဲ့ ၆၀​ကျော်​တွေဆို အရမ်း အထင်ကြီးမိတယ်။ ကျမ ကိုယ်တိုင်လည်း ၆၀​လောက် အရမ်းဖြစ်ချင်ခဲ့တာ။ ဒီလိုနဲ့ Steemမှာ Reputation ၅၈​လောက်နဲ့ စာ​တွေ ဆက်မ​ရေးဖြစ်​တော့ပါဘူး။

img_0.18181929822450432.jpg

လုံးဝ ပျက်​တောက်သွားတာမျိုး မဟုတ်​ဘဲတစ်ပုဒ်စ နှစ်ပုဒ်စ​လောက်သာ ​ရေးဖြစ်ပါတယ်။ Hiveမှာ သူများ​တွေ စာ​တွေအ​ရေးမပျက်​ပေမဲ့ ကျမက အ​တော်ကြာသည်အထိ စာ​ရေးခြင်းကို ​မေ့ထားခဲ့ပါတယ်။ ​နောက်​တော့သတိရလာတာရယ် လုပ်စရာ အလုပ်မရှိဘဲ အချိန်​တွေ အားလပ်​နေတာရယ်​ကြောင့် Hiveမှာ စာ​တွေ ပြန်​ရေးဖြစ်တယ်ဆိုပါ​တော့။ စာ​ရေးဖြစ်တာက​နေ အရှိန်​လေးရလာ​တော့ Hive Gameဘက်ကိုပါ လှည့်မိပြန်ပါ​​ရော။

img_0.8308221943572504.jpg

အခု​တော့ ဂိမ်း​တွေလည်း ကစားရင်း စာ​တွေလည်း​ရေးရင်း ကုန်ခဲလှတဲ့ ပျင်းရိဖွယ်​နေ့ရက်​တွေကို Hiveနဲ့ ဖြတ်သန်း​နေပါတယ်။ Steemက​နေ Power downလို့ ရတာ​လေး​တွေနဲ့ စာ​ရေးလို့ ရတာ​လေး​တွေကိုလည်း Power upဖြစ်ပါတယ်။ ဒီလိုနဲ့ ​ ကျမရဲ့ Reputationက ၅၉မှာ အ​တော်ကြာကြာဖြစ်​နေပြီး အခု​တော့ ကျမရဲ့ ရည်မှန်းချက် တစ်ခု ဖြစ်တဲ့ ၆၀ ပြည့်သွားခဲ့ပါပြီ။

img_0.3001843709117855.jpg

လူဆိုတာလည်း ​လောဘနဲ့ မကင်းတာမို့ ၆၀​ရောက်​တော့ ၇၀ ၈၀​တွေကို ​မော်ကြည့်မိပြန်ပါတယ်။ ဒါ​ကြောင့် ၂၅နဲ့ စခဲ့တဲ့ ကျမဟာ အခု ၆၀ပြည့်ပါပြီ။အသစ်အသစ်​လေး​တွေလည်း အားမ​လျော့ပဲ " သားကြီးတို့ ကြိုးစားပါလို့" အား​ပေးရင်း ​ပျော်ရွှင်ဖွယ် ​နေ့ရက်​လေး ဖြစ်ပါ​စေ။

@suhlaing
9-2-2022

Sort:  

၆၀ ပြည့်ပြီး ငါ့အမမကြာခင်မှာ ၇၀ ၊ ၈၀ ပြည့်လာမှာပါ
5ting အမရေ

အသက်ဆိုတာ ငယ်ရိုးထုံးစံမှ မရှိတာ​နော့🤣🤣😍

အဲ့ အာပီကို စိတ်မွင်စားဒေါ့ဒါကြာဘီ ပို့စ်က များများရဖို့ပဲ စိတ်ဝင်စားတော့ဒယ် 😂

စာ​တွေ စ​ရေးထဲက အခုထိ အရမ်းစိတ်ဝင်စားတယ် 🤣🤣🤣

အဲဒီ Reputation က ပြင်ပ Community နဲ့ ချိတ်ဆက်ပြီး post တင်ရင် ပိုပြီး အတက်မြန်ပါတယ်။ ပြောချင်တာ... Community အတော်များများ Joined လုပ်ထားပြီး Post တင်ရင်... Comment များများရရင် ပိုပြီး အသက်ကြီးမြန်ပါတယ်... ၆ လ လောက်နဲ့ အသက် ၇၀ ဖြစ်သွားလိမ့်မယ်။ အသက် ၆၀ ပြည့် မွေးနေ့အတွက် Ecency point 50 လက်ဆောင်ပေးလိုက်ပါတယ်။. 😁😁😀 !LOL. !LUV

OH NO!
You are out of jokes for the day!

@kachinhenry you can call @lolzbot a maximum of 4 times per day.
Level up by buying more $LOLZ so you can share more jokes per day!

🤣🤣🤣 မြန်မြန်အသက်ကြီး​လေ ​ကောင်း​လေက ဒီ​နေရာမှာပဲ အဆင်​ပြေတာထင်တယ်​နော့ ကိုဟင် points 50အတွက် ​ကျေးဇူးပါ ​ရေခဲမုန့် ဝယ်စားလိုက်ပါမယ်😁

RP က ထုစရာ မလိုတော့ စိတ်မဝင်စားဖြစ်ဘူး။
Steemit တုန်းကလို RP အရ Airdrop ပေးရင်တော့ မိုက်မှာပဲ။
!LOLZ

Doctors tell us there are over seven million people who are overweight.
Of course, those are only round figures.

Credit: reddit
@suhlaing, I sent you an $LOLZ on behalf of @golden.future
Use the !LOL or !LOLZ command to share a joke and an $LOLZ. (5/6)

ဘယ်သူ့မှ​တော့ ထုချင်ဘူးရယ်🤣 ဒါ​ပေမဲ့ ၆၀ဖြစ်ချင်တာ ဘာလို့မှန်းကို သိဘူး

Congratulations @suhlaing! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You got more than 6500 replies.
Your next target is to reach 6750 replies.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out the last post from @hivebuzz:

Hive Power Up Month - Feedback from February day 8
Hive Power Up Month challenge - Feedback from February day 3
Our Hive Power delegations to the last Power Up Month challenge Winners
Support the HiveBuzz project. Vote for our proposal!

ဂုဏ်ယူပါတယ်နော်။

​ကျေးဇူး အမ😍😍😍

ဘွားဘွားလို့ ခေါ်လို့ရပီပေါ့ :D

🤣🤣🤣🤣ဟုတ်ပရှင်

ကဲ သားကြီးတို့ ကြိုးစားကြပါစို့။
!LOL

Why do ghosts like to hang out in bars?
They enjoy the boos.

Credit: reddit
@suhlaing, I sent you an $LOLZ on behalf of @htwegyi
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/6)

သမီးကြီးပါ ဘ​ထွေးကလည်း🤣🤣🤣

fighting
စာရေးတာကော game ဆော့တာကော ဒီ့ထက်မက အောင်မြင်ပါစေ အမ
!LOLZ

What did the hotdog say to the bun?
Listen buddy, i'm going to be frank with you.

Credit: reddit
@suhlaing, I sent you an $LOLZ on behalf of @naythan
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/8)

ဆက်ကြိုးစားသွားပါမယ် ​​မောင်​လေး​​ရေ သင်ပြ​ပေးတဲ့အတွက် ​ကျေးဇူးပါ