လင်းသည် မထူးတော့ပြီမို့ တွေးလက်စအတွေးကို ဖြတ်ထားရင်း ပတ်ဝန်းကျငိသို့သာ အာရုံထားလိုက်လေသည်။ လက်ဝဲဘက်တွင် တောင်တက်လမ်း ပြေပြေလေးကို လျှပ်စီးရောင်ကြားမှ တွေ့ရပြီး လက်ယာဘက်တွင်မတော့ ချောက်ကမ်းပါးကို တွေ့ရလေသည်။ သေချာစွာ အာရုံစူးစိုက်ကြည့်လိုက်မှ တောင်တက်လမ်းလေးသည် ကားတစ်စီးမောင်းဝင်နိုင်လောက်အောင် ကျယ်ပေသည်။ လင်းသည် ကားကို စက်နှိုးလိုက်ပြီး ရှေ့မီးဖြင့် တောင်တက် လမ်းအတိုင်းမြင်နိုင်ရန် ကားကို အနည်းငယ် ဘေးသို့ စောင်းလိုက်လေသည်။ ကားမီးရောင်ဖြင့် ထိုးကြည့်မှ တောင်ထိပ်တွင် အဆောက်အဦးတစ်ခုကို တွေ့ရလေသည်။
ကားမီးကို ပိတ်ပြီး သေချာစွာ အားစိုက်ကြည့်လိုက်တော့မှ အဆောက်အဦးဆီမှ မီးရောင် ပျပျကို မြင်တွေ့ရလေသည်။ လင်းသည် တစ်ချက်တော့ တွေဝေသွားမိသည်။ သည်နေရာတွင် မိမိကားရပ်ထားသည်မှာ နာရီဝက် ကျော်ပေပြီ။ ယခင်ကလည်း သည်လမ်းကို အမြဲဖြတ်ဖူးသည်။ သည်လမ်းကို မတွေ့မိ။ ထို တောင်တက်လမ်းအားလည်းမမြင်မိ။ မိမိပဲ သတိမမူမိ၍လားဟု တွေးမိပြန်တော့ ဖြစ်နိုင်ပါသည်။ ယခုလည်း မိုးရွာနေ၍သာ သည်လိုနေရာတွင် ကားရပ််မိခြင်းဖြစ်သည်။
" အင်းလေ ငါ မတွေ့မိတာဘဲ ဖြစ်မှာပါ ဘာအဆောက်အဦးလည်း သိရအောင် ဆင်းတော့ကြည့်ရမယ် တည်းခိုလို့ရရင်လည်း ဒီ ညအတွက် အဆင်ပြေသွားတာပေါ့လေ"
တစ်ယောက်တည်းရေရွတ်ရင်း ကားနောက်ခန်းတွင်းမှ မိုးကာအင်္ကျီကို ယူဝတ်လိုက်သည်။

ပြီးတော့ အိပ်ဆောင် ဓါတ်မီးလေးကို ယူကာ ထွက်ခဲ့လေသည်။ မိုးက အနည်းငယ် စဲသွားပြီမို့တော်သေးတယ်။ လင်းသည် တောင်တက်လမ်းပြေပြေလေးအတိုင်း နင်းတက်လာခဲ့သည်။ အဆောက်အဦးကြီးက ခြံဝန်းဟူ၍ သီးသန့်ခတ်ထားခြင်းမရှိ ။ တောင်ထိပ်တွင် ထီးတည်းကြီး တည်ရှိသည်။ ကားပါကင် ထိုးရန် စင်ဝင် အထက်တွင် Blue Star Hotelဟု LED ဘုတ်မီးမှိန်မှိန်ပေါ်တွင် ရေးထွင်းထားလေသည်။ လင်းသည် ခပ်လှမ်းလှမ်းကနေ Hotelမှန်း သိလိုက်ပြီမိူ့ ရှေ့ဆက်မသွားတော့ဘဲ ကားဆီ ပြန်လျှောက်လာခဲ့သည်။
မိုးလင်းသည် အထိတော့ သည် Hotelမှာတည်းလိုက်မည်ဟု တွေးလိုက်လေသည်။ ဆက်သွားလျှင်လည်း မိမိအတွက် အန္တရာယ်များသည် မဟုတ်ပါလား။ လင်းသဘ် ကားကို စက်နှိုးကာ တောင်တက်လမ်းပြေပြေလေးအတိုင်း ဟော်တယ် စင်ဝင်အောက်အထိ မောင်းဝင်လိုက်လေသည်။ ထို့နောက် ကားနောက်ခန်းမှ ကျောပိုးအိတ်ကို ယူကာ ကားပေါ်မှ ဆင်းလိုက်လေသည်။ ဘေးဘီဝဲယာကိုကြည့်ရင်း ဧည့်ကြိုများလာမလား ထင်မိသော်လည်း လူရိပ်ပင် မတွေ့ရပေ။ ထို့နောက် ဟိုတယ် တံခါးကို တွန်းဖွင့်ကာ ဟိုတယ် အတွင်းသို့ ဝင်လိုက်လေသည်။
ဆက်ရန်-------
@suhlaing
4-2-2022
အပိုင်း (၁)
https://ecency.com/hive-122133/@suhlaing/hotel-1
အပိုင်း (၂)
https://ecency.com/hive-122133/@suhlaing/hotel-2

သရဲဇာတ်လမ်းများလား 🥶🥶ဒီဇာတ်လမ်း ဇာတ်သွား အနေအထားက
🤣မဟုတ်လောက်ပါဘူး
😅😅😅ဆက်လက်ဖတ်ရှု့ပေးပါရှင့်
တရဲ ရဲ ရဲ ရဲ တတတ ရဲ 😁
😅😅😅သာမီးက ကြောက်တက်တယ်နော် နောက်နဲ့
!PIZZA
PIZZA Holders sent $PIZZA tips in this post's comments:
@naythan(6/10) tipped @suhlaing (x1)
golden.future tipped suhlaing (x1)
Join us in Discord!
Yay! 🤗
Your content has been boosted with Ecency Points, by @suhlaing.
Use Ecency daily to boost your growth on platform!
Support Ecency
Vote for new Proposal
Delegate HP and earn more
Thanks
ဇာတ်ရှိန်တက်လာပြီဗျို့။
အပိုင်းတွေ အများကြီးကျန်သေးတယ်
ဟုတ် ဇာတ်လမ်း ရှည်ရှည်ရေးပါ အစ်မ။
အဲဒီမှာ သရဲ ခြောက်တော့မယ်...😁😁
🤣🤣🤣ဖြည်းဖြည်းချင်းဆွဲစားတော့မယ်
Congratulations @suhlaing! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):
Your next payout target is 1000 HP.
The unit is Hive Power equivalent because your rewards can be split into HP and HBD
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOPTo support your work, I also upvoted your post!
Check out the last post from @hivebuzz:
Support the HiveBuzz project. Vote for our proposal!
ဇာတ်လမ်းလေး ကောင်းတယ်
!PIZZA
အားပေးတဲ့အတွက် ကျေးဇူးပဲ မောင်လေးရေ