လုံ့လ ဝိရိယနဲ့ ညဏ်ပညာ (Diligence and good idea)

in #knowledge6 years ago

အပိုင်း ( ၂ )
Part ( 2 )

   မနေ့က အပိုင်း ( ၁ ) မှာ တံငါးသည် ဖမ်းမိထားတဲ့ 

ငါးသုံးကောင်ထဲက ငါးနှစ်ကောင်ရဲ့ အကြောင်းကို ဖော်
ပြခဲ့ပါတယ် ။ ဒီနေ့မှာတော့ ကျန်တဲ့ငါးတစ်ကောင်ရဲ့
အကြောင်းကို ဆက်လက်ပြီးတင်ပြမှာပါခင်ဗျာ ။

      အသက်ရှင်သန်ကဖို့ အချိန်ရှိခိုက် ညဏ်ပညာကို

အသုံးမချပဲ အချိန်ရှိခိုက် လုံ့လစိုက်နေတဲ့ ဒုတိယ ငါးက
တော့ ကိုတံငါသည်ရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့ရပါပြီ။
တတိယမြောက် ငါးကတော့ ဘာလုပ်ရမယ် ဆိုတာ သေ
သေချာချာ စဉ်းစားခန်းဖွင့်နေပါတယ် ။

      " ကံကောင်းလျှင်ချမ်းသာ ၊ ကိုယ်ကျိုးကို တိုင်း

ထွာတတ်ပြီး ကံရဲ့အရိပ်အကဲကို ညဏ်နဲ့သိရမယ်ဆိုတဲ့
လူကြီးသူမတွေရဲ့ ဆုံးမစကားအတိုင်း ငါကတော့ ကံ
ကောင်းလျှင်တစ်ချက် ၊ အကြံကောင်းလျှင် တစ်သက်ဆို
တဲ့စကားပုံ ကလည်း အဲ့ဒီအတိုင်းရှိနေတော့ ငါကကံကို
လည်း အခုချိန်မှာ အားကိုးလို့ရမှာ မဟုတ်ဘူး ၊ ဒါကြောင့် လှေရဲ့ဝမ်းထောင့်တစ်နေရာလေးအနားကို တစ်ရွေ့ရွေ့တိုးပြီးတော့ ၊ လှိုင်းအပုတ်မှာ လှေလူးတဲ့အချိန်သာ
ငါထပြီးခုန်လိုက်ရင် ၊ ငါသာအဲ့ဒီအချိန်မှာ လုံ့လဝိရိ ထုတ်
လိုက်ရင် ဝေါဒီပင်လယ်ကြီးထဲမှာ ငါတစ်သက်လုံးပျော်
ပျော်ကြီးနေရတော့မှာ "

ဆိုပြီးတွေးကာ ညဏ်ပညာကိုသုံးပြီး လုံ့လဝိရိယနဲ့
ပေါင်းစပ်ကာ ထခုန်လိုက်ပါတယ် ။ လှိုင်းလုံးရဲ့အရှိန်
ကြောင့် လှေကစောင်းသွားပြီး နေမျက်နှာပြင်နားကို
ရောက်သွားတဲ့အချိန်မှာ လွယ်ကူချောမွေ့စွာနဲ့ပဲ ပင်လယ်
ထဲကို ပြန်လယ် ခုန်းဆင်းနိုင်ခဲ့ပါတယ် ။

       ကံကိုယုံကြည်ပြီး စူးပုံနင်းလိုက်တဲ့ ပထမငါးက

တော့ တံငါသည်ကြီးမိသားစုရဲ့ ဟင်းလျာဖြစ်သွားခဲ့ရပါ
တယ် ။ ဒါကြောင့် လူလောကကြီးမှာ ကံကိုချည်းလဲ ယုံ
ကြည်လို့မရသလို ၊ လုံ့လဝိရိယကိုလည်း နည်းလမ်းမှန်
ကန်စွာ အသုံးချတတ်မှ ပျော်ရွှင်တဲ့ဘဝခရီးလမ်းကို လွယ်ကူချောမွေ့စွာ ဖြတ်သန်းနိုင်ကြမှာပါ ။

IMG_20180227_002029.jpg

Author - @henryba ( Aung Ko Oo )

Thanks you all:


Sort:  

Thank you for collaborating with me to promote this post as explained at https://steemit.com/steemit/@jerrybanfield/10-ways-to-fund-a-steem-growth-project.

Thanks you so much for your support ,brother.

Good 👍👍👍

Thanks 😘

အမှန်ပဲ.....

ဟုဒေဆို.....

မင့်တောင် အတော်တိုးတက်လာပြီ

ဟဟ....သိုင်ခရူး သားပေါက် ။

Congratulations @henryba! You have received a personal award!

1 Year on Steemit
Click on the badge to view your Board of Honor.

Do not miss the last post from @steemitboard:
SteemFest³ - SteemitBoard support the Travel Reimbursement Fund.

Do you like SteemitBoard's project? Then Vote for its witness and get one more award!

Congratulations @henryba! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!