" လူဖျင်း "

in #knowledge6 years ago (edited)

လူပျင်း ၊ လူဖျင်း ၊ လူညံ့ တွေဆိုတဲ့ စကားလုံးအသုံးအနှုန်းတွေဟာ ကျွန်
မတို့ ငယ်ငယ်တည်းကနေ ၊ အမြဲတမ်းလိုလိုကြားဖူးလေ့ရှိတဲ့ စကား
လုံးတွေပါ ။ ဒါပေမယ့်လည်း လူတွေဟာ အဲ့ဒီ စကားလုံးတွေရဲ့ အဓိပ္ပာယ်
ဟာတစ်ခုတည်းလို့ ထင်မှတ်နေကြတာပါ ။ လူပျင်းဆိုတဲ့သူက သူပျင်းနေတဲ့
အချိန်မဟုတ်ရင် စိတ်ကူးပေါက်ပြီး ထလုပ်ရင် လုပ်ပါသေးတယ် ။ လူဖျင်း
ကတော့ သူကိုယ်တိုင်ဘာကိုမှ မကြိုးစားပဲ သူများကြိုးစားပြီးသား အပေါ်မှာ
အရှောင်ယူချင်ကြတ်ဲသူမျိုးတွေပါ ။ ဒါကြောင့်လည်း

  " ဆင်ဖြူတော်မှီ 
                      ကြံစုတ် "

ဆိုတဲ့စကားလုံးဖြစ်ပေါ်လာတယ်လို့ ထင်မိပါတယ် ။

အဲ့ဒီစကားပုံလေးကတော့ ကိုယ်ကဘာတစ်ခုမှ မကြိုးစားချင်ပဲ သူများကိုပဲ အားကိုးနေပြီး သူများကြိုးစားထားတဲ့အရာတွေကိုလဲ သူကိုယ်တိုင် ကြိုးစား
ထားသယောင်ယောင်နဲ့ အရှက်တရားကင်းမဲ့စွာနဲ့ ကပ်ဖားယက်စား လုပ်နေ တဲ့သူတွေ အတွက် သီကုံး ခဲ့တာလို့ကျွန်မ ထင်မိပါတယ် ။ လောကကြီး
မှာ ကိုယ့်အားကိုယ်မကိုးပဲ သူတစ်ပါးကိုမှီခို သူ့ရဲ့အကျန်ကိုမှီဝဲပြီး ပေါ့ပေါ့ပါး
ပါးလေးနဲ့ ရေသာခိုကာ နေတတ်သူတွေ အများကြီးရှိပါတယ် ။

      ကိုယ်တိုင်ကျတော့ ဖြစ်မြောက် အောင်မြင်အောင် မကြိုးစားပဲ တိုး

တက်အောင်မြင်သူတွေရဲ့ အနားကိုကပ်ပြီး အရှက်မရှိ အချောင် ရယူနေကြ
တဲ့ သူတွေဟာ လူဖျင်းလူညံ့တွေပါပဲ ။ အရိုးကိုပဲကိုက်ရကိုက်ရ အသားလေး
နဲနဲလေးပဲ စားရစားရ ဗိုက်ဝရင်ပြီးရောဆိုတဲ့ သူမျိုးတွေပါ ။

          လူတစ်ယောက်ဖြစ်နေပါလျှက် သူတပါးအပေါ်ကို မှီခို အားထား

ကြရတယ်ဆိုရင် ကိုယ့်မှာ ပင်ကိုယ်အရည်အချင်းလုံးဝမရှိလို့ပါပဲ ။ လူဆို
မွေးလာပြီးကတည်းက ကိုယ်ပိုင် အရည်အချင်းနဲ့ပါ ။ အဲ့ဒီအရည်အချင်းတွေ
ကို အသုံးမချတတ်ပဲဖြစ်နေတာကြောင့် ကိုယ့်ရဲ့ကိုယ်ပိုင် အရည်အချင်းတွေ
တိမ်ကော ပျောက်ကွယ်ကုန်တာပါ ။ ကိုယ့်မှာ ကိုယ်ပိုင်အရည်အချင်းတွေ ရှိနေပါလျှက်နဲ့သူတစ်ပါးကို အားကိုးရတယ် ဆိုရင်တော့ လူဖြစ်ရကျိုးနပ်
တော့မှာ မဟုတ်ပါဘူး ။

         ဒါပေမယ့်လည်း လူ့လောကကြီးဆိုတာက ကိုင်းကျွန်းမှီ ကျွန်း

ကိုင်းမှီ တည်ဆောက်ထားတဲ့အတွက် ကိုယ့်ထက်အရည်အချင်းရှိတဲ့သူတွေ
အပေါ်မှာ ချဉ်းကပ် သင်ယူရမှာပါ ။ အဲ့ဒီလို မှီခိုရတယ်ဆိုတာဟာလည်း အချိန်အတိုင်းအတာ တစ်ခုထိပဲ ဖြစ်သင့်ပါတယ် ။ အချိန်အတိုင်းအတာ တစ်ခုမဟုတ်ပဲ အမြဲတမ်းအဲ့ဒီလို မှီခိုနေမယ်ဆိုရင်တော့ ကိုယ်တိုင်က
လူဖျင်းတစ်ယောက် ဖြစ်သွားမှာပါ ။

စိန်နားကပ်ရောင်နဲ့ပါးပြောင်နေကြမယ်ဆိုရင်တော့ စိန်နားကပ်မရှိတော့တဲ့
အခါ ထိုပါးဟာ နဂို အရောင်မှန်ကို ပြန်လည်ရောက်ရှိသွားမှာပါ ။

FB_IMG_1519444425730.jpg

@noenoekabyar

(Man Thu Lay )


Sort:  

ကျွန်တော် ဆိုတဲ့ မန်းသူလေးရယ် 😁

👍👍👍

😊😊😊

Thank you for collaborating with me to promote this post as explained at https://steemit.com/steemit/@jerrybanfield/10-ways-to-fund-a-steem-growth-project.

Thanks you so much
for your support,brother.