ရာသီသိမ်းချိန်ရတာလေးများ

in #life5 years ago (edited)

img_0.7295954419222894.jpg

ပြီးခဲ့သော နှစ်ရက်က ရာသီသိမ်းဆုကြေးများရခဲ့ပါတယ် ဆုကြေးက အများကြီးတော့မရပါဘူး ကိုယ်ရောက်တဲ့ အဆင့်က အနိမ့်ပိုင်းသာဖြစ်လို့ ရတာကလည်း နည်းပါတယ် များများရချင်ပေမယ့် ဒီထက် ထပ်တက်နိုင်ဖို့က အလွန်ခက်ခဲပါတယ် ဟီးရိုး ပါဝါတွေကို တင်ရမှာဖြစ်တဲ့အတွက် ဒီလောက်နဲ့ဘဲ ကျေနပ်နေရတယ် ဘယ်လိုဖြစ်ဖြစ် ရတာလေးက နည်းသည်ဆိုသော်လည်း ကံကောင်းခြင်းတွေ ပေါင်းစပ်လာရင်တော့ တန်ဖိုးတက်လာမှာဘဲလို့ မျှော်လင့်ခွင့် ရှိပါသေးတယ် ကိုယ့်ပါဝါအနေအထားအရ အမြင့်ဆုံးရောက်နိုင်သလောက်တော့ ကြိုးစား ကစားနေပါတယ်

ရာသီလိဒ် ဆုကြေး ဘောက်ခုနှစ်ခု ဖွင့်ခွင့်ရပါတယ် ရလာတာတွေက တန်ဖိုးနည်းကါဒ်လေးတွေသာဖြစ်ပါတယ် အခုနောက်ပိုင်း အပြောင်းအလဲတစ်ချို့ လုပ်လိုက်တယ်လို့ဆိုပါတယ် အနိမ့်ပိုင်း ကစားသမားတွေအတွက် ရတာ နည်းသွားစေပါတယ် အခုရတဲ့ကါဒ်တွေက ကာလပေါက်ဈေး တော်တော်လေးကိုနိမ့်ပါတယ် သို့ပေမယ့် နောက်ပိုင်းမှာ ဈေးအပြောင်းအလဲဖြစ်လာခဲ့ရင် တန်ဖိုးတွေ တက်လာနိုင်ပါတယ် အခုချိန်ရတာလေးတွေ စုထားတာကလွဲပြီး ကောင်းမွန်တဲ့အခြားတစ်ခုခု မတွေ့မိပါဘူး

img_0.9050804679675908.jpg

နေ့စဉ်ဘောက်တစ်ခုစီဖွင့်ခွင့်တော့ရပါတယ် ငါးပွဲနိုင်အောင်ကစားပြီး ဘောက်တစ်ခု ဖွင့်တာကနေလည်း ကံကောင်းခြင်းတွေ အလည်ခေါ်နိုင်ပါသေးတယ် နေ့စဉ်ဘောက်တစ်ခုဆိုတော့ တစ်လကို ဘောက်သုံးဆယ်ပေါ့ ရာသီသိမ်းဘောက်က ခုနှစ်ခုဆိုတော့ တစ်လနှစ်ကြိမ် ဆယ့်လေး ဘောက် ပေါ့ အားလုံးပေါင်း တစ်လ လေးဆယ့်လေးဘောက်ဖွင့်နိုင်မှာပါ နေ့စဉ်ကစားဖို့တော့ လိုအပ်ပါတယ် အဲ့ဒီလေးဆယ့်လေးခုအားလုံးပေါင်းလိုက်ရင် တန်ဖိုး အသင့်အတင့်တော့ ရတာပါဘဲ

ပြီးခဲ့တဲ့လကတော့ စုစုပေါင်း ဒေါ်လာ လေးဆယ်ကျော်လောက်ရပါတယ်
ကဒ်ကောင်းလေးတစ်ခုနှစ်ခု ရရင်ကိုဘဲ အဆင်ပြေပါတယ် တစ်လလုံးပေါင်းရင်တော့ ဘယ်လိုဖြစ်ဖြစ် ဒေါ်လာ နှစ်ဆယ် လောက်တော့ ရနိုင်တယ်
တစ်လ ဒေါ်လာ နှစ်ဆယ်သုံးဆယ် ရနေတယ်ဆိုလည်း မဆိုးဘူးထင်ပါတယ် အချိန်လည်း အများကြီးမပေးရပါဘူး တစ်ရက် နာရီဝက်လောက်အချိန်ပေးကစားပြီး နေ့စဉ်မှန်မှန်ကစားပေးလိုက်တယ် နေ့စဉ်ရတာလေး ယူတယ် ရာသီလိဒ်ပြီးဆုံးချိန်ရတာလေး ယူတယ် စုစုပေါင်းရတာလေးစာရင်းတွက်တော့ မဆိုးဘူးပေါ့

ဒီဂိမ်းကိုတော့ ဒီအတိုင်းလေး ထိန်းကစားနေပါတယ် ထပ်မံ ရင်းနှီးထည့်ဝင်တာတွေ မလုပ်တော့ပါဘူး အခုလို ရသမျှလေး ပါးပါးလှီးတာလည်း အဆင်ပြေပါတယ် အများကြီးတော့မရဘူးပေါ့ နောက်ထပ်အပြောင်းအလဲဖြစ်လာရင်တော့ တစ်မျိုးစဉ်းစားရမှာပါ အခုတော့ ဒီပုံစံလေးနဲ့ အဆင်ပြေနေတယ် ထပ်မံ အကုန်အကျမခံဘူး ရလာတဲ့ နည်းနည်းချင်းကိုဘဲ ရသလောက်ယူတော့တယ်

@bobokyaw

Sort:  

ခုမှ ကစားတော့ ခက်ခဲတော့ ခက်ခဲနေတယ်။ဒီလိုစာတွေ ဖတ်မိတော့လည်း ကစားချင်စိတ် နည်းနည်းတော့ တိုးလာပါတယ်။ဆက်ကစားဦးမယ်။ !PIZZA

@bobokyaw! I sent you a slice of $PIZZA on behalf of @myothuzar.

Learn more about $PIZZA Token at hive.pizza (2/10)

စာရေးတာလောက် မခက်ပါဘူး ကစားရင်းနားလည်သွားမှာပါ အကောင်စီတာလည်းမခက်ဘူး သူများလာတိုက်သလို ပြန်စီပြီးတိုက်
တစ်ရက်နည်းနည်းချင်းရသလောက်ယူရတာပေါ့
အချိန်တန်အရင်းကြေမှာပါ 😁😁

ဟုတ်။ကြိုးစားကြည့်ဦးမယ်။ခုတော့ ရှူံးတာ များနေတုန်းဆိုတော့ ကစားရတာ နည်းနည်း စိတ်ပျက်မိတယ်။

ကဒ်လေးတွေမိုက်တယ်
water splinter ကကောင်ကိုပိုကြိုက်တယ်
!PIZZA

@bobokyaw! I sent you a slice of $PIZZA on behalf of @naythan.

Learn more about $PIZZA Token at hive.pizza (9/10)

စနစ်ပြောင်းတဲ့နောက်ပိုင်း အခြေနေမကောင်း🤐🤐🤐

Yay! 🤗
Your content has been boosted with Ecency Points, by @bobokyaw.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for Proposal
Delegate HP and earn more