“ဗိုလ်ချိုရာ... ဒါကတော့ မင့်တူကို မင်းလည်းတတ်နိုင်တဲ့ဘက်က ကူဖို့ ကိုယ့်အချင်းချင်းမို့ ပြောရမယ်ဆိုရင်” အစချီပြီး သူတို့ချင်း
နှစ်ကိုယ်ကြား တီးတိုးပြောကြသည်။ ဤနေရာသည် မြင်းလှည်းဂိတ်ကလေးလည်းဖြစ်၍ ဆိုင်ထဲ ဟိုလူသည်လူ ဝင်ထွက်စားသောက်ကြလျက်
သူတို့သာ စကားကောင်းကျန်ခဲ့ပြီး အချိန်သည် ကုန်မှန်းမသိ ကုန်သွားလေရာ၊ နောက်ဆုံးမှ ပိုလ်က သတိရ၍..
“ဟ ဘယ်နှနာရီတောင်ရှိသွားပလဲ၊ ငရွေးတို့လည်း ကူကြီးခြံထဲတင်ဆိုရင် ပြန်ရောက်ဖို့ကောင်းတာ ကြာလှပြီ”ဟု ပြောလိုက်သည်၌
ဆိုင်ရှင် ကိုဘအေးက...
"ဟာ... ဗိုလ်ချိုရ၊ ကူကြီးခြံကအပြန်မှ ဝင်မှာတဲ့၊ သူတို့ သဖန်းကုန်း ရောက်အောင်သွားကြဦးမှာတဲ့၊ မင်း ဘာကိစ္စရှိလို့လဲ"
"အဲဒီ လှည်းတပ်သွားတဲ့နွားက ရောင်းဖို့တဲ့ဗျာ၊ ဒါကို မောင်ချောတို့က ဝယ်ကြည့်ပေးပါဆိုလို့”
"ဒါဖြင့် ညမှပဲသွားကြည့်ပေတော့၊ ဒီကောင်တွေ တော်တော်နဲ့ ပြန်ရောက်မှာ မဟုတ်ဘူး။ ငရွေးရယ်၊ မောင်ချောရယ်၊ နွားနဲ့လှည်းနဲ့
တွေ့သွားကြရင်ဖြင့် အဲဒီနွားရှင်ဟာ နွားမရောင်းရဘဲ အမဲသားရောင်း မပြန်ရ ကံကောင်းပဲ"
ထိုစဉ်၌ သူတို့တဲထဲမှ ထွက်ကြ၍ ကိုကျော်ဆင့်က...
“ဟာ... နေတော်တော်ကျသွားပဟေ့၊ သွားမယ် ဗိုလ်ချို၊ တို့ မနက်ဖြန် နွားပွဲမှာဆုံကြဦးစို့၊ မောင်တင့်နားလေး ဖြစ်မယ်ဆိုရင်
တို့အစိတ်ဖိုးတော့ ပျော်ရမယ်ကွာ”
"အေး.. ငါလာခဲ့မယ်၊ သွားမယ်။ ငါလည်း မောင်းတက်ငါးခုတ်မလို့”
တာလမ်းမရွာဘက်အကူးတွင် ဆောက်ချုံကလေးများနှင့် ရိုးနိမ့်အိုင်ကြီးတစ်ခုရှိလေရာ မိုးနှောင်းက သည်နေရာမှာ
ကိုမောင်ရှိတို့သားအဖတွေ ငါးပတ်ခဲ့သည်။ ငါးခူ၊ ငါးကျည်း၊ ငါးအိုက် လေးပိဿာအပြင် အထူးသဖြင့် လိပ် ၃ တောင်။
"ဟိတ်လုံးရယ်ညံ၊ လိပ်သုံးကောင်ဆိုပြန်ကြော်လို့” ဟု သူ့သားငယ်က အော်ဆိုခဲ့သည်ကို သတိရမိသည်။ ဒီလိပ် ၃ ကောင်ကိုလှောင်၍
ရက်ခြားစားခဲ့ကြသည်။ ကိုမောင်ချိုတို့သည် ရေသတ္တဝါတွင် ငါးဇာထက် လိပ်သားက ပို၍ကောင်းကြောင်း သိကြသည်။ ပြန်သတိရ၍တံတွေးမျိုမိသေးသည်။ ထိုမှစ၍ ဟင်းကောင်းမြို့မြို့မြက်မြက်၊ ပေါပေါလှိုင်လှိုင် မစားရသည်မှာ ကြာပါပကော။ ကိုမောင်ချိုတို့အရပ်သည် နွေအခါ
အင်းအိုင်ချောင်းမြောင်းများ ရေဗလာဖြစ်၍အသားငါး ရှားပါးလှသည်။
ယင်းသို့ မိုးနှောင်းကို ပြန်ပြောင်းသွားရင်း ကိုမောင်ချို လက်က မမကြီးတကားကားနှင့် လျှောက်လာစဉ် "ါ.. ဗိုလ်ပုကျို... ဗိုလ်ပုချို
ဟု သူ့ဆီပြေးလာကြသူ နှစ်ယောက်ကတော့ အသက်ဆယ့်ငါးနှစ်အရွယ် မူလတန်းကျောင်းထွက်ကလေးများဖြစ်၍ ကာတွန်းအောင်ရှိန်၏ မိုဒန်
ကာတွန်းခေတ်ကို လိုက်ကြသူများ ဖြစ်သည်။
ယခုမှ ဖော်ပြရဦးမည်။ ကျုပ်တို့ဇာတ်လိုက် ဗိုလ်ချိုသည် တောသား လူထွားလူခန့်ကြီး မဟုတ်ပေ။ ပုကွကွ၊ ခြေခွင်ခွင်နှင့်
လက်ပြင်ကုန်းကုန်း၊ ခါးဆပ်တိုတို လူဖြစ်သည်။ ထို့ကြောင့် မိုးဒန်ပရိသတ်က သူ့အား ဗိုလ်ပုချို နာမည်ပေးကြခြင်း ဖြစ်သည်။ ပြောရဦးမည်၊ အခုန
အကြော်ဆိုင်ထဲက ထွက်လာတော့ ကိုမောင်ချိုသည် ညနေစောင်းပြီမို့ ပုဆိုးကို ခေါင်းမှာမပေါင်းတော့ဘဲ လည်ပင်းသိုင်း၍ ကျောမှာခြုံလာခဲ့သည်။
ဗိုလ်ပုချို၏ ခြုံအင်္ကျီနယ်မို့ သူ့ကို လူငယ်ကလေးများက ပို၍သဘောကျကာ အနီးသို့ရောက်လာသည်၌
"ဒီမှာ ဗိုလ်ပုမျိုး၊ ခင်ဗျာ ကျုပ်တို့အတွက် နှိမ်နင်းပေးဖို့ ကိစ္စတစ်ခု ရှိနေတယ်”
"ဘာကိစ္စများလဲကွ..."
"ခင်ဗျားလက်က ဓားမနဲ့တော့ အဲဒီကောင်ခေါင်းကို ခုတ်နိုင်မယ် မဟုတ်ဘူး၊ ကိုယ်ကိုခုတ်လည်း သူက မယ်မဟုတ်ဘူး”
ကိုမောင်ချိုက မခံချင်သံဖြင့်
“ဘာမို့လဲကွ မင်းတို့ကောင်က
“လိပ်ဗျ.. လိပ်.. လိပ်.. ဗိုလ်ချို မျက်လုံးကျယ်ကာ
"ဟေ့ ဘယ်မှာလဲကွ၊ ဘယ်မှာလဲ ခုရှိပါဦးမလား”
Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.nhl.com/player/josh-jooris-8477591
Please don't give me comment. This is my own post. Check again your link.
Congratulations @heinzaw! You have completed some achievement on Steemit and have been rewarded with new badge(s) :
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOP
Do not miss the last post from @steemitboard!
Participate in the SteemitBoard World Cup Contest!
Collect World Cup badges and win free SBD
Support the Gold Sponsors of the contest: @good-karma and @lukestokes