INLAY LAKE (အင်းလေးကန်)

in #life7 years ago

InLay Lake (အင်းလေးကန်)
အင်းလေးကန်သည် မြန်မာနိုင်ငံအလယ်ပိုင်း ကုန်းပြင်မြင့်ဒေသ၏ ပင်လယ်အမြင့်ပေ (၉၀၀)မီတာခန့်တွင် တည်ရှိပြီး အလျား (၂၀) ကီလိုမီတာ အနံ (၁၀)ကီလိုမီတာရှိသော ကြီးမားသည့် ရေကန်အနေဖြင့် ထိုဧရိယာသည် (116)km ဖြစ်သော်လည်း ပျှမ်းမျှရေအနက်သည် နွေရာသီတွင် (၂) မီတာ၊မိုးရာသီဆွင် (၃.၅)မီတာ မျှသာဖြစ်သော ရေတိမ်ကန်ဖြစ်ပါသည်။ အင်းလေးဟူသောအမည်သည် မြန်မာဘာသာအနေဖြင့် ရေကန်ဟူသည့် အဓိပ္ပာယ် ဖြစ်ပါသည်။
အင်းလေးကန်၏ အနီးပတ်ဝန်းကျင်တွင် ဟိုတယ်များသည် အတန်းလိုက်တည်ရှိနေပြီး အဆောင်အဦ အနားဝန်းကျင် မြင်ကွင်းများသည်လည်း သာမန်ထက်ထူးခြားလှသဖြင့် နိုင်ငံခြားသားဧသည်အများအပြား လာရောက်လည်ပတ်ကြည့်ရှုသော နာမည်ကြီးနေရာဖြစ်ပါသည်။
နံနက်အိပ်ယာထချိန် မြူနှင်းလွှာပါးပါးထဲ၌ ခပ်မှန်မှိန်မီးရောင်ဖြင့် လှပနေသော အင်းလေးကန်၏မြင်ကွင်းကို ကြည့်ရှုခံစားနိုင်ပြီး သေးငယ်သောလှေကိုစီး၍ အင်းလေးကန်၏နေရာအနှံသွားရောက်ရင်း သဘာဝအလှ အပများကို ခံစားနိုင်သည့် အပြင် အင်းလေးကန်တွင်နေထိုင်သော ဒေသခံပြည်တှို၏ဘဝကိုလည်း ကြည့်ရှုလေ့ လာနိုင်မည့် အခွင့်အရေးလည်းရှိပါသည်။
ညအချိန် အင်းလေးကန်အလယ်သို့ သွားရောက်၍ ကန်သို့ဖြာကျလာသော ညနေခင်းနေရောင်ချည်ကို ငေးမောကြည့်ရှုရင်း ဘတြစ်လျှောက်လုံး မမေ့နိုင်သည့် လှပသောမြင်ကွင်းကို အမှတ်တယအနေဖြင့် သိမ်းဆည်းနိုင်မည်ဖြစ်ပါသည်။သို့သော်လည်း ညအခါတွင် အင်းလေးကန်မှ ထွက်ပေါ်လာသော အအေးဓာတ်ကြောင့် ဟိုတယ်အခန်းသည် အလွန်အေးသဖြင့် နွေးထွေးလှသည့်အဝတ်များကိုပြင် ဆင်ယူ ဆောင်သွားရပါသည်။
အင်းလေးကန်ကို လှေစီးပြီး လှည့်ပတ်ကြည့်ရှုပါက တကယ့်ကိုပင် ရွှံ့များဖြင့်ပြုလုပ်ထားသော စိုက်ခင်းဖြစ် သော်လည်း အမြစ်သည် ကန်အောက်ခြေသို့ ကျဆင်း မနေဘဲ လှိုင်းခါလျက်ရှိသော ရေပေါ်တွင် ပေါ်နေသည့် စိုက်ခင်း၊ အခြားအမည်ဖြင့် ရေပေါ်စိုက်ခင်း(Floating garden) ကို အများအပြား တွေ့ ရှိနိုင်ပါသည်။
ထိုဒေသတွင်လူဦးရေ (၇)သိန်းခန့်နေထိုင်ကြပြီး ဒေသခံများသည် ကန်ထဲရှိရေပေါ်အိမ်၌ နေထိုင်ကြပါသည်။ ထူထူးခြားခြားအနေဖြင့် ထိုသူတို့သည် ခြေထောက်ကိုအသုံးပြု၍ လှေလှော်ပြီး ကန်သို့သွားရောက်ကာ ငါးဖမ်းခြင်း၊ ရေပေါ်စိုက်ခင်းမှ ကောက်ပဲသီးနှံများစိုက်ပျိုးထုတ်လုပ်ခြင်းများဖြင့် အသက် မွေးဝမ်းကြောင်းကြပါသည်။FB_IMG_1498559859021.jpgFB_IMG_1498559846679.jpgFB_IMG_1498559840102.jpgFB_IMG_1498559648580.jpgFB_IMG_1498559766310.jpgFB_IMG_1498559851517.jpg

Sort:  

great post.. i hope those photos are yours....