Little cost house

in #life7 years ago

ကျပ် သိန်း ၄၀ ဝန်းကျင်လောက်သာ ကုန်ကျမယ့် တန်ဖိုးသင့်အိမ်

ရန်ကုန်၊ ဧပြီ ၂၉ – ကျပ်သိန်း ၄၀ လောက်သာ ကုန် ကျနိုင်တဲ့ တန်ဖိုးသင့်တဲ့ အိမ်လေးတွေကို တန်ဖိုးသက်သက်သာသာနဲ့ လွယ်လွယ်ကူကူမြန်မြန်ဆန်ဆန် ဆောက်လုပ်ပေးနေပြီလို့ သိရပါတယ်။
သည်အိမ်တွေက သစ်သားတွေကို အသုံးပြုထားခြင်းမရှိဘဲ သံဖရိန်တွေ၊ စမတ်ဘုတ်တွေနဲ့သာ ဆောက်လုပ်ထားတာဖြစ်တယ်။ ထိုင်းနိုင်ငံက ထုတ်ကုန် စမတ်ဘုတ်ကို နှစ်သက်တဲ့ အရောင် အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

ဆောက်လုပ်တဲ့အခါမှာလည်း အောက်ခြေကို ဘိလပ်မြေနဲ့ ဖောင်ဒေးရှင်းချပြီး တစ်လအတွင်းမှာ ဆောက်လုပ်နိုင်ပါတယ်။ အလွယ်တကူဖြုတ်တာတပ်တာတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။ အပူဒဏ်ကိုလည်း ခံနိုင်သလို သံ ဖရိန်ကို အသုံးပြုတာကြောင့် လေဒဏ်မိုးဒဏ်တွေကိုပါ ခံနိုင်ပါတယ်။ သည်အိမ်တွေကို နှစ် ၂၀ လောက်အထိ အသုံးပြုနိုင်ပြီး စမတ်ဘုတ်တွေ ညစ်ပတ်သွားရင်လည်း လွယ်လွယ်ကူကူနဲ့ ပြန်လည်ဆေးကြောနိုင်မှာ ဖြစ်ပါ တယ်။

သည်စမတ်ဘုတ် အိမ်တွေကို ဆောက်လုပ်ဖို့ အလုပ်သမားအနည်းဆုံး သုံးယောက်လောက်သာလိုသလို ကြာချိန် နှစ်ပတ်လောက်သာကြာမှာပါ။ ကုန်ကျနိုင်တဲ့ ကျပ် သိန်း ၄၀ ဆိုတာက ပေ ၂၀ x ၁၀ ပေ ကို ဆောက်လုပ်မယ်ဆိုရင် ကုန်ကျ နိုင်တာကို ဖော်ပြထားတာဖြစ်ပါတယ်။ နှစ်ထပ်အိမ်တွေနဲ့ ပိုပြီးကျယ်တဲ့ အိမ်တွေကို ဆောက်မယ်ဆိုရင် ပိုပြီးကုန်ကျနိုင်တယ် လို့ သိရပါတယ်။

Author လိမ္မာ

Kumubra

Posted by AungKoKoMyint

Photo > ကျပ်သိန်း ၄၀ ဆိုတာက ပေ ၂၀ x ၁၀ ပေ ကို ဆောက်လုပ်မယ်ဆိုရင် ကုန်ကျနိုင်တာပါ။FB_IMG_1498020980622.jpg
https://m.facebook.com/story.php?story_fbid=1454440234618217&id=100001567645053

Sort:  

ညီလေး.. ဖြစ်နိုင်ရင် ကိုယ်တိုင်ရေး post တွေတင်ပါ။ upvote လုပ်ပေးလိုက်ပါတယ်

The house is beautiful . do follow me @hynet

Steemit conmunity အ့သားများအတွက်

Congratulations @soeminmp! You have completed some achievement on Steemit and have been rewarded with new badge(s) :

You got a First Reply

Click on any badge to view your own Board of Honnor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!