Myanmar farmer Life

in #life7 years ago (edited)

လယ်သမားတွေဆီက လယ်ယာမြေတွေကို တပ်ကသိမ်းလို့တစ်တိုင်းတစ်ပြည်လုံး အုတ်အော်သောင်းတင်း ဖြစ်ကြရတာလည်းအမှန် တစ်ချို့လယ်တွေကို တပ်ကပြန်ပေးလို့ လယ်သမားတွေဆီပြန်ရတာလည်းအမှန် ။ဒါဆို ‘တို့လယ်သမားတွေလယ်တွေပြန်ပိုင်ဆိုင်ကြပြီပေါ့’ ဆိုရင်တော့ မမှန်။ သြော်လုံးဝမမှန်တာ တော့ မဟုတ် လယ်တွေပြန်ရလို့ လယ်ယာပိုင်ဆိုင် ငှါးရမ်း ရောင်းချပိုင်ခွင့်ကြောင့် ကုလားတွေကို ဈေးကောင်း ပေးလို့ ပြန် ရောင်းလိုက်ကြတာကသာ လုံးဝအမှန်။ မန္တလေးနှင့် နေပြည်တော်မှာ သူများမပေးနိုင်တဲ့ ဈေး မျိုးတွေပေးလို့ တရုတ်တွေ မြေတွေအများကြီးပိုင်နေကြတာ မြို့တွင်းဈေးဆိုင်ခန်းတွေ ချပေးသမျှ ကုလား တွေချည့် ဝယ်နိုင်ကြလို့ ကုလားပိုင်ဆိုင်ခန်းတွေချည့် တစ်တိုင်းပြည်လုံးရဲ့ မြို့လယ်ခေါင်တိုင်းအနှံ ဖြစ်ကုန်ကြတာ ။ကြာရင်မြန်မာ တွေဟာ ဘာမြေမှမပိုင်တော့တဲ့ ကိုယ်နိုင်ငံတွင်းမြေတွေကို ကိုယ်ပြန်ငှါး သုံပြီးနေရမယ့်။ ကိုယ့်မြို့တွင်းက အိမ်တွေဆိုင်ခန်းတွေကို ကိုယ်ပြန်ငှါးသုံးနေကြရလိမ့်မယ့် ငှါးရမ်းသုံးစွဲသူ အဆင့်ကိုအလိုလို ရောက်လာတော့မယ်။ ကြာရင် သူတို့ကုလားတွေပိုင်တဲ့ လယ်ယာ၊ ဆိုင်ခန်း၊ ကုမ္ပဏီတွေမှာ မြန်မာတွေဟာ ဝန်ထမ်းတွေဖြစ်မယ်။ အလုပ်သမားတွေဖြစ်မယ်။ ကျေးကျွန်တွေဖြစ်မယ်။ ဒီလိုရေးလို့ ကျွန်တော်က ကုလားမုန်းတီးရေး တရား ဟောတော့ မယ်လို့တော့ မထင်လိုက်ပါနဲ့ ။မုန်းနေလို့ ရိုက်သတ်လို့ ဖြစ်တဲ့ဟာမျိုးလည်းမဟုတ်ပါဘူး။ ကျုပ်တို့မြန်မာတွေကို ကောင်းကောင်း အကြံ ပေးချင်တာတော့ရှိပါတယ်။ (၁) ကျောင်းပြီးရင်ဝန်ထမ်း လုပ်ရမယ်ဆိုတဲ့ တစ်ခုတည်းသောလမ်းမှ စီးပွားရေးလောကတည်းကို သတ္တိရှိရှိ ခွဲထွက်လာကြပါ။(၂) မြေတွေကို အလွယ် တကူ မရောင်း ချကြပါနဲ့၊ မလွှဲသာလို့ ရောင်းရရင်လည်း မြန်မာကိုသာ ရောင်းပါ။ (၃) ငွေတွေအချောင် လွယ်လွယ်ရမယ့် လမ်းတွေကို ပစ်ပယ်လိုက်ပါ။ ခက်ပေမယ့် ဒီထက်ရနိုင်ပြီး ကြိုးစားအားထုတ် ရမယ့် လမ်းကိုရွေးပါ။(၄) ငွေဖြုန်း တီးလမ်းများ ဖြစ်သော ဇယ်ဝိုင်းတွင်အချိန်ကုန်ခြင်း၊ ဘောလုံးလောင်း၍ အချိန် ဖြုန်းခြင်း၊ လ္ဘက်ရည်ဆိုင်တွင် ကြာမြင့်စွာထိုင်ပြီး အချိန်ဖြုန်းခြင်း၊ ဘီယာဘားများ အနှိပ်ခန်းများတွင် ငွေရောအချိန်ရောဖြုန်းတီးခြင်း နှစ်လုံးသုံးလုံး ကိစ္စများနှင့် ဘဝနစ်မွန်းနေခြင်းများမှ ရုန်းထွက်ပါ။(၅) သစ္စာရှိသော ၊သိက္ခာရှိသော စီးပွားရေးအသင်းအဖွဲ့များထူထောင်ပြီး အများနှင့်ဆောင်ရွက်လုပ်ကိုင်သည့် လုပ်ငန်းများကို အောင်မြင်စွာလုပ်ကိုင်နိုင်ရန် လေ့ကျင့် လုပ်ကိုင်ပါ။ (၆) ငွေကြေးကိစ္စရပ်များတွင် လိမ်ဖို့ညာဖို့သာ ထက်သန်နေသည့် ခင်ဗျားတို့ရဲ့စိတ် တွေ ကို မြန်မြန်ပြုပြင်ကြပြီး သစ္စာရှိမြန်မာ သိက္ခာကြီး သည့် ရွှေမြန်မာ အဖြစ်ခံယူကြပါ။(၇) ငွေကြေးချမ်းသာသူ များက ခင်ဗျားတို့ ငွေတွေကို ဘုန်းကြီးတွေ ဘုရားတွေမှာ လှူမှသာ ကုသိုလ်ရတယ်ဆိုတဲ့အမြင်ကို ဒီလိုတွေးကြည့်ပါ။ မြန်မာအများပိုင် လုပ်ငန်းထူထောင်ပေးခြင်းဖြင့် မြန်မာတွေကို ကယ်တင်ပေးရင်ရော ကုသိုလ်မရ နိုင်ဘူးလား။ စေတနာသာ ကံလို့ ဘုရားဟောရှိပါ သည်။ မြန်မာတွေမြန်မာနိုင်ငံမှာနေရင်း ဘယ်တိုင်တပါး သားမျှမကျူးကျော်ပဲ ကျွန်ဖြစ်ကြရတော့မှာလား။ လူ့ဘဝက တိုတို ကလေးပါ။ ခင်ဗျားရှာတာတွေ ခင်ဗျားကုန် အောင် သုံးသွားဖို့စိတ်ကူးရှိနေခဲ့တာမဟုတ်ဘူးဆိုရင် မြန်မာလုပ်ငန်းရှင်တွေ အများကြီးပေါ်လာအောင် ခင်ဗျားတို့စွမ်းဆောင်ပေးကြရင် ဆင်းရဲမှုလည်းတိုက်ဖျက်ရာ ရောက် တိုင်းပြည်လည်းတိုးတက် ကျွန်လည်းမဖြစ် တော့ဘူးလို့ ယုံကြည်လိုက် စမ်းပါဗျာ။