Steemit and me

in #life7 years ago

Steemit မှာအကောင့်စဖွင့်တော့ creat account နှိပ်ရတဲ့အဆင့်မှာ generate password ဆိုပြီးပေါ်လာတယ်၊ အောက်မှာ reenter ဆိုပြီးတကွက်ပါတယ်၊ password ကို copy ကူးပြီး Note ထဲမှာမှတ်လိုက်တယ်။ ပြီးတော့ အောက်ကအကွက်ထဲ ထပ်ကူးလိုက်ပြီး အောက်က Enter လားနှိပ်လိုက်တော့ line မကောင်းလို့ error တက်နေရော ဒါနဲ့ refresh လုပ်ပြီး password ကိုပြန်ကူး အောက်ကအကွက်ထဲထည့် Enter လုပ်လိုက်တော့ အကောင့်ပွင့်သွားပါရော ။ အဲဒီမှာပြဿနာစတာပဲ refresh လုပ်တဲ့အချိန်မှာ password ပြောင်းသွားတာမသိလိုက်ဘူး၊ ပြန်ကူးထားလိုက်ရမှာ မသိဘူး။ ဒါနဲ့ပဲ ခုအချိန်အထိ Password မသိဘဲ ၊ ဖုန်းက logout မလုပ်မခြင်းတော့ သုံးလို့ရနေပါရဲ့၊
ဒါနဲ့ အကောင့်အသစ်ပြန်ဖွင့်မယ်ပေါ့။ ကြိုးစားကြည့်တယ် ၊ ဖုန်းနံပါတ်အသစ် Gmail အသစ်ဆိုရပြီပေါ့၊ ဖုန်းနဲ့ comfirm လုပ်တာရတယ် ။ Gmail comfirm လည်းရသေးတာပဲ၊ နောက်ဆုံးအကောင် Start လုပ်ဖို့ Email ကျ ၃ ရက်နေမှရောက်လာတယ်၊ ဒီတစ်ခါတော့ မရတော့ဘူး ။သေသေချာချာ လုပ်မယ်ပေါ့၊ Email ထဲက Start လုပ်မယ့် အတန်းလေးကို စိတ်ပူပူနဲ့နှိပ်လိုက်တယ်၊ Password ပေါ်လာပါပြီ၊ ဒီတစ်ခါ သေသေချာချာ ကူးတယ် ၊Note pad ထဲရော microsoft word ထဲရော ကူးထည့်။ပြီးတော့ အောက်ကအကွက်ထဲ ထပ်ကူးပြီး ။ Enter ။ မရဘူး error တဲ့ ပြန်ပြီး refresh လုပ် password တွေပြောင်းသွားတာ သတိနဲ့စောစောကလိုပြန်ကူး ၊ပြီးတော့ ၊Enter ။ error ပဲ၊ ၅ ကြိမ်လောက်ပြန်ပြီးအမှားအယွင်းမရှိအောင် ပြန်လုပ်ပေမယ့် ၊error ပဲတဲ့ဗျာ ။ connection သိမယ်၊ connection မကောင်းတာ ၊ အကောင်းဆုံး connection ရှိတဲ့နေရာသွား ၊ ထပ်ထပ်လုပ်၊ error ပဲဆက်တိုက်ပြနေပါတယ်၊ following error ဆိုတာကိုသေသေချာချာ ကြည့်လိုက်တော့မှ one user one account တဲ့ ။အော် သိသွားပါပြီ ။ ကျွန်တော့ Gmail တွေက တစ်ခုနဲ့တစ်ခု အရံထားတဲ့ Email တွေဖြစ်နေတာကို။ မိတ်ဆွေများကိုယ့်လိုမဖြစ်ကြစေရန် ဤစာကိုရေးပါသည်။

Sort:  

ပြန်​ရှယ်​​ပေးတာ ​ ​thank