UNDER GROUND WATER COLLECTION

in #life7 years ago (edited)

FB_IMG_1498446489610.jpg
#ရေဒေါက်တာ မာဆာဂျီး#
♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠
ပြည်မြို့က သူငယ်ချင်းတစ်ယောက်က ဖတ်ကြည့်ဖို့ ပြလာလို့ ၂၀၁၆ ခု မေလ ၂၃ ရက် ကြေးမုံသတင်းစာထဲက ဆောင်းပါးတစ်ပုဒ်ကို ဖတ်ဖြစ်သွားပါတယ်။ အိန္ဒိယနိုင်ငံရဲ့ကျေးရွာလေးတစ်ရွာမှာ မွေးဖွားခဲ့တဲ့ အာယုပါမာ ဆာဂျီး အကြောင်းလေးက ကျွန်တော့စိတ်ကိုစွဲဆောင်စေနိုင်တာကတော့ ဒီနှစ်နွေရာ သီမှာ ကျွန်တော်တို့ နိုင်ငံရဲ့မြို့နယ်အချို့မှာ ရေပြတ်လပ်ခဲ့တာမို့ အခက်အခဲတွေအများကြီးကြုံတွေ့ခဲ့ရတဲ့အ တွက် အစိုးရအဖွဲ့ ၊တပ်မတော် နဲ့ပြည်သူများက ကူညီပြီးရေပေးဝေရေးလုပ်ငန်းတွေ ရေအလှူဒါနတွေအများ ကြီးလုပ်ခဲ့ကြရပါတယ်။ ကျွန်တော် တို့နိုင်ငံနည်းတူ အိန္ဒိယနိုင်ငံဟာလည်း အလားတူရေရှားပါးမှုပြဿနာ ကိုရင်ဆိုင်ခဲ့ရပါတယ်။ တကယ်ကတော့ ရေရှားပါးမှုပြဿနာဟာ အိန္ဒိယလို၊ မြန်မာနိုင်ငံလို နိုင်ငံတွေမှာပဲ ရင်ဆိုင်နေရတဲ့ပြဿနာတော့မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံး ရင်ဆိုင်နေရတဲ့ပြဿနာပါ။
အာယုပါမာ ဆာဂျီး ကြံဆထားတဲ့နည်းလမ်းဟာ ကမ္ဘာကြီးပေါ်ရွာချလိုက်တဲ့ မိုးရေပေါ်အခြေခံပါတယ်။ အာယုပါမာ ဆာဂျီးရဲ့တွက်ချက်မှုအရ အိန္ဒိယနိုင်ငံပေါ်ရွာချလိုက်တဲ့မိုးရေရဲ့ ၃၀ ရာခိုင်နှုန်းကိုသာ သိမ်းဆည်း သိုလှောင်နိုင်ရင် တစ်နှစ်စာရွာချလိုက်တဲ့မိုးရေဟာ နိုင်ငံကို သုံးနှစ်လောက်ရေလုံလောက်အောင်ဖန်တီး နိုင်တယ်လို့ဆိုပါတယ်။သဘောကတော့ (၂)နှစ်လောက်မိုးခေါင်ရင်တောင်ပြဿနာမရှိဘူးဆိုတဲ့သဘောပါ့ပဲ။
ကဲ အာယုပါမာဆာဂျီးကြံဆထားတဲ့ နည်းလမ်းရဲ့သဘောကတော့ ကျင်းစနစ်ကိုအခြေခံပါတယ်။ ကျင်းတွေကိုအခိုင်အခန့်တူးဖေါ်ပြီး ကျင်းအတွင်းမှာ ရွံ့ သဲ မြေကြီး ကျောက်စရစ်ခဲနဲ့ ကျောက်တုံးကြီး အရွယ်တော် တွေကို အသုံးပြုကာ သဲတစ်ထပ် ကျောက်စရစ်တစ်ထပ် ကျောက်တုံးတစ်ထပ် ဖြည့်ထည့်ပြီး ရွာချလာတဲ့မိုးရေတွေကို မြေဆီလွှာအောက်ခြေမှာ ရေဖြည့်ပေးထားရမှာပါ။ မြေဆီလွှာမှာ ရေပြည့်သွားတဲ့အခါ ရေဟာ ကျောက်စရစ်နဲ့သဲကတစ်ဆင့် အပေါ်ကို ပလုံစီပြန်တက်လာပြီး သဘာဝစမ်းချောင်းပုံဖြစ်လာပါတယ်။ ဒါဆိုရင် ရေစုဆောင်းနိုင်သွားပါပြီ၊အိန္ဒိယမှာတော့ မာဆာဂျီးဟာ နည်းစနစ် ၁၀၀ ကျော်နဲ့ ရေစု ဆောင်းပေးသွားနိုင်ပါပြီး လယ်သမား ၁၀၀၀၀၀ ကို အကျိုးခံစားစေခဲ့နိုင်ပါပြီ မာဆာဂျီးလည်း ပြည်သူ့အကျိုးပြု ဆုတွေရတာမနည်းတော့ပါဘူး။
ကျွန်တော်တို့နိုင်ငံမှာလည်း ခုလိုမိုးများ အားသွန်ရွာသွန်းနေတုန်းအချိန်ကလေးမှာ ရေရှားပါးပြတ် လပ်တတ်တဲ့ မြိုရွာများမှာ ကြိုတင် ဆောင်ရွက်ထားနိုင်ရင်ဖြင့် နောင်နှစ်များမှာ ဒုက္ခရောက်မှ ဖြေရှင်း နေရခြင်းမျိုးမရှိတော့ပဲ အေးချမ်းစွာနေထိုင်နိုင်ပြီး ရေအတွက် အလုပ်ပျက်အကိုင်ပျက် ဖြစ်ရခြင်းများမှကင်း လွတ်နိုင်ပါစေကြောင်း တင်ဆက်လိုက်ရပါသည်။

Sort:  

Congratulations @soeminmp! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of posts published

Click on any badge to view your own Board of Honnor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

next time, try to include picture

Thank !Ok

follow and vote me back