ရင့်​ကျက်​လာမိတဲ့အခါ

in #life7 years ago

ရင့်​ကျက်​လာမိတဲ့အခါ


ပြဿနာတွေရှိလာတဲ့အခါ
အရင်လို ထင်တိုင်းမလုပ်တတ်​တော့ပဲ အမှားအမှန်စဉ်စားပြီးမှ လုပ်တတ်​လာတယ်...

လူတစ်​ချို့ ရဲ့စကားတွေကို
မယုံကြည်ပေမယ့်​ နားထောင်ပေးတတ်​လာတယ်...

အထီးကျန်နေခဲ့ရ​တောင်
အရင်လိုအတွေးတွေ အစွန်းမရောက်အောင်
ထိန်းတတ်​လာတယ်....

အပြစ်တင်ခံရတဲ့ စကားတွေကြားလာတဲ့အခါ
အရင်လိုခေါင်းထဲထည့် စဉ်းစားမနေတော့ပဲ
လစ်လျူရှုတတ်​လာတယ်....

ဒေါသတွေဖြစ်နေရင်တောင်
အရင်လို ပေါက်ကွဲမပြတတ်တော့ဘူး....

ခွဲခြားဆက်ဆံနေခဲ့ရင်တောင်မှ
ခံစားမနေတော့ပဲ မသိသလိုမျိုးနဲ့ နေတတ်လာတယ်..

စာတွေဖတ်​ရတာ နှစ်သက်လာပြီး
လူတစ်ယောက်ရဲ့ ဘဝဖြတ်သန်းလာပုံတွေ
အခက်အခဲတွေကို ဘယ်​လိုရင်ဆိုင်လည်းဆိုတာကို
စိတ်ဝင်စားတတ်​လာတယ်....

ချစ်တယ်ဆိုရင်တောင်မှ ရင်ခုန်တတ်​စလို မဟုတ်တော့ပဲ
တည်ငြိမ်စွာပဲ ချစ်​နေချင်​လာတယ်​.....
ဝမ်းနည်းမှုတွေရှိလာတောင်
ဘယ်သူမှမသိအောင်
တိုးတိုးတိတ်တိတ်​ ​ငိုတတ်​လာခဲ့တယ်....
စိတ်ခံစားချက်တွေကို ကိုယ်မျက်နှာမှာ
မပေါ်အောင် အပြုံးတွေနဲ့ ထိန်းတတ်​လာတယ်....

အရင်လို စိတ်ကူးမနေတာ့ပဲ
ဘဝကို လက်တွေဆန်ဆန်ပုံဖော်တတ်လာတယ်....

ဆုံးရှုံးမှုဆိုတာ ဘယ်အရာမှ မရှိမှန်းလည်း
စဉ်စားတတ်​လာတယ်..........