လွမ်းမိနေဆဲပါ

in #life5 years ago

နာကျင်လေသော အတိတ်တွေက
ရင်မှာအခါခါ ရိုက်ခက်နေဆဲ
ပြီးဆုံးသွားလေတဲ့ မနေ့ကအိပ်မက်
လက်ထဲမှာ ဘာမှကို ကျန်ရစ်မနေပါ
တစ်ခုခုတော့ ပေးခဲ့ပါ
ဝေဒနာတွေလား ရင်ထဲမှာ အပြည့်ပေါ့
ဟိုးအရင်အချိန်တွေကလို အပြုံးလေးတစ်ပွင့်
ကြင်နာတဲ့ စကားလေးတစ်ခွန်း
လိုချင်နေမိတယ်
တမ်းတလို့နေဆဲ
ပြန်မလာတော့မယ့်လမ်း
မင်းတစ်ယောက်က လျှောက်ခါသွားပြီ
ကျန်ရစ်သူကိုယ့်အတွက်တော့
အမှတ်တရတွေနဲ့ ဝေဒနာတွေက
အဖေါ်အဖြစ်ရည်ညွှန်းလေသလား
ချစ်သူရေ