နေထိုင်ရာလောက

in #life4 years ago

အရာအားလုံးဟာ တည်ငြိမ်နေတယ်ထင်ထားတာလေ
ငါနေထိုင်ရာ ဒီကဘာကြီက လည်ပါတ်နေတာ
ကိုယ့်တစ်ယောက်တည်း ရပ်တည်နိုင်သလားလို့
မေးလိုက်တိုင်း ငါနေထိုင်နေတာ
လူ့ဘောင်လောကမှာလေ
မနက်ဖန်တွေကို ကြိုသိနေသလို နေထိုင်နေတာက
မျှော်လင့်ချက်တွေကို ယုံကြည်လွန်းတာပါ
အစလည်းမရှိ အဆုံးလည်းမသိတဲ့
သံသရာ လောကထဲ လှည့်လည်နေမိတာက
ဘယ်သူ့ကြောင့်လည်း ငါမသိပါဘူး
ပြောနေတာတွေက ဦးတည်ရာမဲ့နေလား
ငါ့ရင်ထဲမှာလည်း ရည်မှန်းရာတိကျ မရှိပါဘူး
ဖြစ်ချင်သလိုဖြစ်နေတာက သဘာဝဘဲလား
အားလုံးကို နားလည်ဖို့မလိုအပ်ပါဘူး
နေ့တစ်ရက်စာအတွက် အသိတရားလောက်ရှိရင်
မင်းအတွက် လောကမှာ နေရတာ ထိုက်တန်သွားပြီ