"မာန နှင်းဆီ" (Part 1)

in #love6 years ago

"မာန နှင်းဆီ" (Part 1)

"ေ မခတ်​ထန်​"
ခေါ်သံက မိုးကြိုးပစ်​သံထက်​ပြင်းသည်​။ဘယ်​​လောက်​ပင်​သတ္တိ​ကောင်းတယ်​​ပြော​ပြော ဒဏ်​ရာ​တွေ​ပေး​နေကျ​ခေါ်သံ​ကြောင့်​ ​မေ့ကိုယ်​​လေးတုန်​သွားမိသည်​။ပြီး​တော့ ​လေး​လေးမျက်​နှာကို ဖျက်​ခနဲ​မော့ကြည့်​မိသည်​ကအားကိုးတကြီး...။
"သွားလိုက်​သမီး​လေး၊ သူတို့ဆုံးမတာလို့ပဲ ခံယူလိုက်​ပါကွယ်​၊ ခုချိန်​မှာ ​လေး​လေးကသမီးဘက်​ကရပ်​တည်​မ​ပေးနိုင်​လို့ ​လေး​လေးမှာအပစ်​ရှိပါတယ်​ကွယ်​"
စကားအဆုံးမှာ​ခေါင်းငိုက်​စိုက်​ကျကာ ညိုး​လျှော်​သွားတဲ့ ​လေး​လေးကိုကြည့်​လျက်
"စိတ်​မပူပါနဲ့  ​လေး​လေးရယ်​ ဒီဒဏ်​​တွေကိုသမီးခံနိုင်​​နေပါပီ"ဟုအံကြိတ်​ကာ​ပြောမိ၏။
"ဟဲ့...​မေခတ်​ထန်​ ငါ​ခေါ်​နေတာမကြားဘူးလား၊နင်နား​ကန်း​နေသလား...ဟမ်​"
"ကျွန်​မ လာပါပီ"
"​အေ...မနက်​ကနင့်​ကိုငါဘာခိုင်းထားလဲ "
"အိမ်​အလုပ်​​တွေပြီးရင်​...မမ​လေးလုံချည်​​လျှော်​ခိုင်းထားပါတယ်​"
"​အေး...အဲ့ဒါ​လျှော်​ပြီးပြီလား"
"​လေး​လေးကို ​ဆေးတိုက်​​နေလို့ မ​လျှော်​..."
"ဖြန်း...👋"
စကား​တောင်​မဆုံးလိုက်​ မမ​လေးနဒီ၏လက်​ဝါးက
မေခတ်​ထန်​၏ပါးမှာ အရှိန်​ပြင်းစွာကျ​ရောက်​လာသည်​။မေခတ်​ထန်​မှာ အသားဖြူသူ​လေးဖြစ်​၍ ပါးပြင်​မှာလက်​ဝါးရာ​လေးက ထင်းခနဲပင်​...။
"​ကောင်​မ...နင်​က ဘာအချိုး ချိုးတာလဲ အဲ့လုံချည်​ကို မနက်​ကတည်းက ​လျှော်​ခိုင်းထားတာကို ခုချိန်​ထိမ​လျှော်​ရ​တေးဘူးဟုတ်​လား...ဟမ်​"
"မ​လျှော်​​ပေးဘူးလို့ ကျွန်​မ မ​ပြောပါဘူး ဒီခုဟာက ကျွန်​မ မအား​သေးလို့ပါ"
အသားကျ​နေ​သောရိုက်​ချက်​များနှင့်​ ​မေ့မျက်​နှာ​လေးရဲဝံ့စွာ​မော့လာသည်​။ခေါင်းငုံ့ လည်​စင်း​ပေး​နေလည်း
ဒီရိုက်​ချက်​​တွေက သနားငဲ့ညှာစွာ ​လျှော့ကျသွားမည်​ မဟုတ်​​သော​ကြောင့်​ ​ပြောချင်​တာကို​ပြောပြီးမှ
ဘယ်​​လောက်​ခံရပါ​စေ...။
"အံမယ်​...ကြည့်​စမ်း​မေ​မေ ဒီ​ကောင်​မလူပါးသိပ်​ဝ​နေတာ "
"အမှန်​တရားကို ​ပြောပြတာပါမမ"
"တိတ်​စမ်း၊ အမျိုးယုတ်​မ"
'အမျိုးယုတ်​မ 'ဆိုသည့်​ စကားသံက နားထဲမှာ ပြင်းထန်​စွာ ​ပေါက်​ကွဲသွားသည်​။မေ့ မျက်​လုံးများက
မေ့အား'အမျိုးယုတ်​မ'ဟု​ပြောလိုက်​​သော​ဒေါ်နဒီလှိုင်းထံသို့...။
"အံမာ...ကြည့်​ပုံက... ငညို"
ဒေါ်နဒီလှိုင်း ကသူ့ငယ်​ကျွန်​ကြီး ငညိုအား..။
"ဗျာ.မမ​လေး"
"ဒီ​ကောင်​မကိုအပိုးကျိုး​အောင်​ဆုံးမလိုက်​စမ်း..."
"ဟုတ်​ကဲ့...မမ​လေး"
ငညိုကလည်း အမိန့်​နာခံသည့်​ တပ်​သားတစ်​​ယောက်​နှယ်​ စကားဆုံးသည်​နှင့်​ ​မေ့အားရိုက်​ရန်​ နံရံတွင်
ထားရှိသည့်​ ကျာပွတ်​နှင့်​...
"ရွှမ်း..."
ဘယ်​​လောက်​ပင်​မာန်​တင်းထားပါ​စေ ဒီကျာပွတ်​ကို
တော့​တောင့်​ခံထားနိုင်းစွမ်းမရှိပါ​ချေ။တစ်​ချက်​ထဲနှင့်
ဒူး​ထောက်​ကျသွား​သော ​မေခတ်​ထန်​အား သားအမိ
နှစ်​ကြည့်​ကာ သူတို့အတွက်​ ၏မြင်​ကွင်းကဟာသ
ဗီဒီယိုကဲ့သို့ ကြည့်​ကာ ဟားတိုက်​ရယ်​​မော​နေကြသည့်
ဒေါ်နဒီလှိုင်းတိုးသားအမိကို ကျာပွတ်​ဒဏ်​ကိုအံကြိတ်
ခံ​နေရင်းမှ စူးစိုက်​စွာကြည့်​​နေမိသည်​။
"ရွှမ်း"
"အား..."
"ရွှမ်း"
"အား..."မိန်းက​လေး​တျောက်​ ဖြစ်​သည့်​အတွက်
ပြင်းထန်​လွန်းသည့်​ ကျာပွတ်​သုံးချက်​နှင့်​အတူ
မေ့ခန္ခာကိုယ်​​လေး ​လေဟာနယ်​ထဲ ​ရောက်​သွား
သကဲ့သို့ ခံစားလိုက်​ရပြီး ​မေ​နောက်​ဆုံးသိလိုက်​သည်​က "ဒုန်း"ဟူ​သော ကြမ်းပြင်​နှင့်​ သူမ၏​ခေါင်းထိခက်​သံ ...။ထိုအချိန်​မှ ​ဒေါ်နဒီလှိုင်းက
"ဟဲ့ ..ငညို ရပီ ...အဲ့​ကောင်​မကိုသူ့အခန်းထဲထည့်​ပိတ်​ထားလိုက်​...ငါ့​ယောကျာ်းမသိ​စေနဲ့။သူ​မေးရင်
အပြင်​သွားခိုင်းထားတယ်​လို့​ပြော ကြားလား..."
"ဟုတ်​ကဲ့...မမ​လေး"
ဒီမြင်​ကွင်းကို အစအဆုံးမြင်​လိုက်​ရသူက...။အမုန်း
ပြင်​ဦးလွင်​ ကို​ရောက်​ကတည်း ဘယ်​မှမသွားပဲ
မ​ရောက်​တာကြာပီဖြစ်​တဲ့စံအိမ်​ကြီးကိုလှည့်​ပတ်
ကြည့်​ရှူ့​နေသည်​။ပြီး အ​ပေါ်ဆုံးအထပ်​မှ မှန်​ဘီလူး
လေးတစ်​လက်​ဖြင့်​ ဟိုကြည့်​ဒီကြည့်​ ကြည့်​​နေရာမှ
အမှတ်​မထင်​ ​ဘေးအိမ်​၏ ​ထောင့်​ကျကျ​နေရာ​လေး
တစ်​ခုမှ သူနှင့်​ရွယ်​တူ​လောက်​ရှိမည့်​ ​ကောင်​မ​လေး
တစ်​​ယောက်​ကို သူနှင့်​ ​ဆွေမျိုး​တော်​စပ်​သည်​ဟု
ယူဆရ​သော အသက်​အလတ်​ပိုင်းမိန်းမကြီး​တျောက်
နှင့်​သူနှင့်​ရွယ်​တူ​ကောင်​မ​လေးထက်​နည်းနည်းကြီး
မည်​ဟုထင်​ရ​သော မိန်းက​လေး​တျောက်​ ပြီး
အသားညိုညို ဗလ​တောင့်​​တောင့်​​ယောကျာ်းကြီး
တို့ကထိုမိန်းက​လေးအားရိုက်​နှက်​​နေသည့်​မြင်​ကွင်း
သည်​ သူ့အားအံ့အားသင့်​​စေသည်​။စိတ်​ထဲမှလည်း
'ဘယ်​လိုလူ​တွေဘာလိမ့်​အကြင်​နာတရား ​ခေါင်းပါး
လိုက်​ကြတာ ကိုယ့်​ကိုဘာမှပြန်​မလုပ်​နိုင်​တဲ့လူကို
ရိုက်​နှက်​​နေကြတာ ထိုမိန်းက​လေး သတိလစ်
သွားလဲကျသွားသည်​အထိ ပင်​။အမုန်း ကိုယ်​နှင့်မဆိုင်
သော်​လည်း လူငယ်​သဘာဝ အရစူးစမ်းချင်​မိသည်​။
ထိုအချိန်​...
"ကျွီ.. ."ဟူ​သောအမုန်းအခန်းတံခါးဖွင့်​လာသူ
ခြံ​စောင့်​ဦး​လေး ဘကြီးစိုးက
"အမုန်း..."
"ဗျာ...ဘကြီးစိုး ဘာ​ပြောစရာရှိလို.လဲ"
"အဟဲ...ဘာမှမဟုတ်​ပါဘူးကွာ မင်းကခါတိုင်းဆို
ဒီ​ရောက်​တာနဲ့ ချက်​ချင်းလည်​တာ​လေကွယ်
ဒီတစ်​​ခေါက်​ငြိမ်​ချက်​သား​ကောင်း​နေလို့
ဘာများဖြစ်​တာလဲဆိုပီးလာကြည့်​တာ...။"
"​သြော်​...ဒီလိုပါပဲဗျာ ​ရောက်​တိုင်းလည်​​နေ​တော့
ပြင်​ဦးလွင်​တစ်​မြို့လုံးကနှံ့​နေပီ​လေဗျာ အဲ့တာ​ကြောင့်
ပါဗျာ ဘာရယ်​လို့​တော့မဟုတ်​ပါဘူး..."
"​အေးပါကွာ...😂😂"
"ဒါနဲ့...​ဘေးခြံကလူသစ်​​တေလား?"
"​အေးကွယ့်​...ဒီနှစ်​မှ​ပြောင်းလာကြတာပဲ
ဘကြီးစိုးကြားမိသ​လောက်​က​တော့ သူတို့က
အထည်​ကြီးပျက်​​တွေဆိုလား ဘာလားသချာမသိပါဘူးကွာ "
"Aww..."

မနက်​မိုးလင်း၍ မျက်​စိနှစ်​လုံးဖွင့်​ပြီဆိုသည်​နှင့်
သံပတ်​​ပေးထားသည့်​စက်​ရုပ်​ပမာ အလုပ်​​တေက
တန်းစီ​နေသည်​ ဒီ​နေ့​ရေခဲ​သေတ္တာထဲမှ ဟင်းချက်
စရာများကုန်​​နေပီဖြစ်​သည်​။ထို့​ကြောင့်​​ဈေးသွားရန်
ထွက်​လာခဲ့သည်​ ။ လမ်းသာ​လျှောက်​​နေရတယ်
မ​နေ့ကရိုက်​ထားတဲ့ ကျာပွတ်​ဒဏ်​​ကြောင့်
တစ်​ကိုယ်​လုံးနာကျင်​​နေသည်​။လူကယိုင်​နဲ့နဲ့ဖစ်​​နေ
သည်​မနည်းအာယူးကာ​လျှောက်​​နေရသည်​။
သို့နှင့်​အချိုး​ကွေ့​လေးတစ်​ခုသို့အ​ရောက်
"အား... အမ​လေး!"
"ဒုန်း"