ဆွံ့အ မလေးရဲ့ ချစ်သူ

in #love6 years ago

ဆွံ့အ မလေးရဲ့ ချစ်သူ


( " မမလေး ဆောင့်း့  မမလေး ဆောင်း!!" )

အိမ်ဖော် အဒေါ်ကြီးက လာနှိုးလေသည် ။
ဆောင်းည လေး တစ်ယောက် နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်နေရာမှ လန့်နှိုးလာခဲ့သည် ။
ဖျတ်ခနဲ လန့်နှိုးလာသော ဆောင်းည အား
အိမ်ဖော် အဒေါ်ကြီးက လက်ဟန်ခြေဟန်နဲ့ကော
နောက်ပြီး ပါးစပ်ကပါ

" မမလေး ဆောင့်း့  ဘာလို့ ဒီမှာ အိပ်နေတာလဲ "

ဆောင်းည တစ်ယောက် နာရီကို ဖြတ်ခနဲ လှမ်းကြည့်
လိုက်မိသည် ။ နာရီလေးက တစ်ခေါင်ယံ ကျော်နေပြီ
ဆွံ့အ မလေး ဆောင်းညက သူ့ရဲ့ ယောကျာ်းဖြစ်သူ
မောင် ပြန်မလာသေးတော့ လက်ဟန်ဖြင့် အဒေါ်ကြီး
အား

" မောင် ပြန်မလာသေးဘူးလာ့း့  အဒေါ်ကြီး "

အဒေါ်ကြီး က မျက်လုံးလေး ပေကလယ် ပေကလယ်
ဖြင့် မေးနေသူ ဆောင်းည အား လက်လေး ခါပြရင်း

" ဟင့်အင်း ရောက်မလာသေးဘူး မမလေး ဆောင့်း့  ကြည့်ရတာ ဒီည သခင်လေး ပြန်မလာဘူထင်တယ် မမလေး ဆောင်း"

ဆောင်းည ရဲ့ မျက်နှာလေး ညိုငယ်သွားသည်
စဉ်းစားလိုက်သည် ပြီးတော့

" အဒေါ်ကြီး အိပ်ချင် သွားအိပ်တော့လေ့ 
ဆောင်းည စောင့်လိုက်အုံးမယ့့်  "

" ဖြစ်ပါ့မလား မမလေးဆောင့်း့  "

ဆွံ့အ မလေး ဆောင်းည က ပြုံးပြရင်း
ခေါင်းလေး တဆတ်ဆတ် ညိတ်ပြကာ
လက်ဟန်ဖြင့်

" ဖြစ်ပါတယ် အဒေါ်ကြီ့း့  သွား အိပ်တော့နော်"

" အင်းပါ မမလေး ဆောင့်း့  " ဆိုကာ အနားမှာ
ပြန်ပြီး ထွက်ခွာသွားလေသည်
ဆောင်းညကတော့ ဆက်ပြီး မိုးလင်း အား စောင့်နေ
လေသည်

အတန်ငယ်ကြာတော့ အရက်တွေ အလွန်ကျွံ့မူးအောင်
သောက်ပြီး မိုးဝသန် တစ်ယောက် အိမ်ကို ပြန်ရောက်လာ
ခဲ့သည် ။

" ဆောင်းည ရေ့ မင်း ဘယ်မှာလဲ ထွက်လာခဲ့ 
မင်း ယောကျာ်း ငါပြန်လာတာကိုတောင့့်  ထွက်မကြို
ဘူးလာ့း့  မင်း ဘာလုပ်နေတာလဲ "

အရက်တွေ မူးပြီး အော်ကြီး
ဟစ်ကျယ် အော်ခေါ်နေသော
သူ့ အသံကြောင့် ဆောင်းည တစ်ယောက်
ပြေးရောက် လာခဲ့သည်

အနားရောက်တော့ အရက်တွေ မွှန်ထူပြီး
လူမှန်းမသိ သူမှန်း မသိ ။
မူးနေသော မိုးဝသန် အား ကြည့်ကာ

ဆောင်းည ကြောက်နေမိသည် ။
စကားကလည်း မပြောတတ် ။
အ အ မလေး တစ်ယောက် ။

" မင်း ဘာလုပ်နေတာလဲ ဆောင်းည
ငါပြန်လာတာတောင့့်  လာထွက်မကြိုဘဲ
မင်း ဘာလုပ်နေတာလဲ့  "

ဆောင်းည က လက်တွေ ခါပြနေသည်

" ဘာမှမလုပ်ပါဘူး မောင် ပြန်လာတာကို
ဆောင်းည စောင့်နေတာပါ "'

ဆိုသော လက်ဟန်မျိုး ပြသည်
သို့သော် အရက်မူးနေသော မိုးလင်းက

" မင်းငါ့ကို ဘာတွေ လာလုပ်ပြနေတာလဲ့ 
အော်မေ့သွားတာပဲ့  မင်း က အ အ မပဲ ။
မင်းကို ယူထားတဲ့ ငါကလည်း အ အ မရဲ့
ယောကျာ်းဘဲ "

ပြောလိုက်တော့ ဆောင်းည တစ်ချက် ဝမ်းနည်း
သွားသည် ။
သို့သော် သူကိုတွဲပေးလိုက်သည် ။
အခန်းထဲသို့ ရောက်အောင် လိုက်ပို့ပေးလိုက်
သည် ။


မနက်မိုးလင်းတော့ မိုးဝသန် တစ်ယောက်
ခေါင်းလေး ကိုက်စွာဖြင့် အားကျွတ်ကျွတ်!!
ဆိုပြီး ထလာခဲ့မိသည် ။

ညက လူမှန်းမသိ ။ သူမှန်း မသိအောင် သူမူးနေ
ခဲ့သည် ။ ဘာတွေ ဖြစ်လို့ ဖြစ်ခဲ့မှန်း မသိဘူး ။

မနက်စာ Breakfast စားရင်း
စဉ်းစားနေမိသည် ။ ဘေးနားမှာ အ အ မလေး ဆောင်းည ကတော့ ယပ်ခတ်ပေးနေသည် ။

" ည က ငါဘာတွေဖြစ်ခဲ့သေးသလဲ
ဆောင့်း့  "

ဆောင်း တစ်ယောက် ခေါင်းကို ခါပြသည် ။
နောက်ပြီး လက်ဟန်ခြေဟန်ဖြင့်

" ဘာမှမဖြစ်ခဲ့ပါဘူး မောင့့်  "

" တကယ်လား !!'

စကားဖြင့် ပြန်မေးလိုက်သည် ။
ဆောင်းည က စကားမပြောနိုင်တော့
ခေါင်းကို တဆတ်ဆတ် ညိတ်ပြပါသည် ။
မိုးဝသန် လည်း ဘာမှဆက်မမေးတော့ဘူး
ဒီအတိုင်းဘဲ ထားထားလိုက်သည် ။

မိုးဝသန် အလုပ်သွားဖို့ ကားပေါ်ကို
တက်လေသည် ။
ထိုစဉ် အနောက်ကနေ ဆောင်း တစ်ယောက်
ပြေးထွက်လာသည် ။

" အ့  အ့  အ့  အ !!"

ဆိုကာ ပြေးရောက်လာသည် ။

" ဘာလဲ ဆောင်းည့  "

" အ့  အ့  အ့  အ !!"

လက်ကိုင်ဖုန်းကို ကမ်းပေးလိုက်သည် ။
မိုးဝသန်က ကြည့်လိုက်သည် ။
သူ့ဖုန်းကျန်ခဲ့လို့ သူမိန်းမ ဆောင်းညက
လိုက်ပေးတာကိုး ။

" ကျေးဇူးပဲ့  " ပြောကာ ကားပေါ်ကို
တက်သွားကာ ကွေ့ပြီး မောင်ထွက်ခွာ
သွားပါသည် ။
ကျန်ရစ်ခဲ့သူ ဆောင်းညကတော့ ပြုံးပြီး
ကျန်ရစ်ခဲ့ပါတော့သည် ။