အလှအပအတွက် လျှို့ဝှက်ချက်

in #mm8 years ago

အလှအပအတွက် လျှို့ဝှက်ချက်
image

လူတိုင်းကတော့ ကိုယ့်ကိုယ်ကို လှလှပပ ဖြစ်စေချင်ကြပါတယ်။
ဒါကလည်း သိပ်တော့ မဆန်းကြယ်တဲ့ သဘာဝတစ်ခုပါ။
အလှကြိုက်တဲ့ ပရိသတ်တွေအတွက် အံ့အားသင့်ဖွယ် အလှအပ လျို့ဝှက်ချက်တွေလည်း ရှိပါတယ်။ ဒါတွေက ဘာတွေလဲဆိုတော့…
ဆံပင်လေးတွေကို ထူထူလေးဖြစ်ချင်တယ်ဆိုရင်တော့ ခေါင်းလျှော်တဲ့အခါ ဆားသုံးဆမှာ ခေါင်းလျှော်ရည် နှစ်ဆသေသေချာချာ ရောသမမွှေပြီး ဆံပင်တွေကို လျှော်ပေးပါ။ ဆားအနည်းငယ်ထည့်ခြင်းက ဆံပင်တွေကို ထူလာစေပြီး ကျန်းမာလှပစေပါတယ်။
ဆံပင်တွေပုံကျကျလှပစေချင်တယ်ဆိုရင်တော့ လေမှုတ်စက်အသုံးပြုတဲ့အခါ ဇောက်ထိုးအနေအထားနဲ့ မှုတ်ပေးမယ်ဆိုရင် ပုံကျစေတဲ့ဆံသားကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
image
မျက်အိတ်တွေ တွဲကျတာ၊ ဖောင်းနေတာတွေကို ကာကွယ်ဖို့ Eye Cream အသုံးပြုတဲ့အခါ Eye Cream ကို ရေခဲသေတ္တာထဲမှာ ထည့်ထားပြီး ညဘက်အိပ်ရာဝင်ချိန်မှာ လိမ်းအိပ်မယ်ဆိုရင် သက်သာစေနိုင်ပါတယ်။
image
မျက်နှာကို ကြေးချွတ်သန့်စင်ပေးဖို့ဆိုရင် သဘာဝနည်းလမ်းတစ်ခုဖြစ်တဲ့ အုန်းဆီနဲ့ ကော်ဖီမှုန့်ကို အသုံးပြုလို့ ရနိုင်ပါတယ်။ အုန်းဆီတစ်ဆနဲ့ ကော်ဖီတစ်ဆကို ရောမွှေပြီး မျက်နှာမှာ ၁၅ မိနစ်လောက်ထားပါ။ ပြီးရင်တော့ ရေဆးချနိုင်ပါတယ်။ ဒီနည်းလမ်းက ကိုယ်ခန္ဓာမှာလည်း အသုံးပြုလို့ရပါတယ်။
image
မိတ်ကပ်ပြင်တဲ့အခါအသုံးပြုတဲ့ Brush တွေကို Baby Shampoo နဲ့ ဆေးကြောသန့်စင်နိုင်ပါတယ်။ မိတ်ကပ် ပစ္စည်းတွေသန့်ရှင်းနေမှ ဝက်ခြံနဲ့ပတ်သက်တဲ့ ပြဿနာတွေ မရှိနိုင်မှာပါ။
image
ညအိပ်ရာဝင်ခါနီး သွားတိုက်ပြီးတဲ့အခါ နှုတ်ခမ်းသားလေးတွေကို သွားတိုက်တံနဲ့ ခပ်ဖွဖွလေး တိုက်ဖို့ မမေ့ပါနဲ့။ ဒါဟာ နှုတ်ခမ်းသား သွေးလည်ပတ်မှုကောင်းမွန်စေပြီး နူးညံ့စေနိုင်ပါတယ်။
Credit-google images