ကျွန်​​တော်​တို့အတွက်​ ကြီးပွား​အောင်​မြင်​​ရေး (၁)

in #motivation7 years ago (edited)

image

ကျွန်​​တော်​တို့အတွက်​ ကြီးပွား​အောင်​မြင်​​ရေး (၁)

တချို့ ​အောင်​မြင်​​နေတဲ့ စီးပွား​ရေးသမား​တွေ ​ပြော​လေ့ရှိတယ်​။ '​ယောကျားပဲဖြစ်ဖြစ်​ မိန်းမပဲဖြစ်​ဖြစ်​ နည်းလမ်းသိရင်​ ပိုက်​ဆံရှာဖို့ မခဲယဉ်းဘူးတဲ့။' နည်းလမ်းသိဖို့ပဲ အဓိကကျတယ်​လို့ပဲ ဆိုလိုချင်​တာပါ။ မည်​သည့်​နယ်​ပယ်​မှာမဆို ​အောင်​မြင်​​နေတဲ့သူနဲ့ ဆုံးရှုံးမှုဘက်​ကို ​ခြေလှမ်း​နေတဲ့ လူတစ်​​ယောက်​ရဲ့ ကွဲပြားခြားနားချက်​ဆိုတာ ကိုယ့်​မှာရှိတဲ့ အစွမ်းအစအ​ပေါ် နားလည်​ခြင်း၊ မလည်​ခြင်းအ​ပေါ်မှာပဲ မူတည်​တယ်​လို့ ကျွန်​​တော်​ထင်​ပါတယ်​။

အောင်​မြင်​တဲ့ လူတစ်​​ယောက်​ရဲ့ သဘာဝဆိုတာ သမန်​လူတစ်​​ယောက်​ရဲ့ သဘာဝနဲ့ ဘာမှပိုထူးမှာမဟုတ်​ဘူးလို့ပဲ ကျွန်​​တော်​ထင်​ပါတယ်​။ ကျွန်​​တော်​တို့ အားလုံးမှာ သဘာဝက​ပေးအပ်​တဲ့ ​ခြေနှစ်​​ချောင်း​၊ လက်​နှစ်​​ချောင်းအပြင်​ ဘာမှမရှိပါဘူး။ အချို့ဆိုရင်​ ပါသင့်​တာ​တောင်​မှ မပါကြပါဘူး။ ဒါ​ပေမယ့်​ ​အောင်​မြင်​ကြီးပွားတတ်​ကြပါတယ်​။ ဒါဟာသူတို့ရဲ့ အစွမ်းအစကို သူတို့နားလည်​လို့ ​အောင်​မြင်​တယ်​လို့ပဲ ကျွန်​​တော်​ ယူဆမိပါတယ်​။ လူတစ်​​ယောက်​စီမှာ ကွဲပြားခြားနားချက်​ဆိုလို့ မဆိုစ​လောက်​ပဲပါကြတာပါ။

ကျွန်​​တော်​တို့ အားလုံးမှာ ရှိသင့်​တဲ့ ဦး​နှောက်​စွမ်းရည်​၊ ဥပဓိရုပ်​၊ ခွန်​အား စသည်​တို့ထက်​ ပိုပြီး​မျှော်​မှန်း​နေဖို့ မလိုအပ်​ဘူးလို့ထင်​တယ်​ဗျ။ ဒါ​ပေမယ့်​ ကျွန်​​တော်​တို့ လက်​ဝယ်​မှာရှိ​နေတဲ့ အချိန်​အခါနဲ့ အခွင့်
အလမ်းတစ်​ခုကို ဘယ်​လိုအသုံးပြုရမလဲဆိုတာကို​တော့ မျက်​ခြည်​မပြတ်​ ဆင်​​ခြင်​​နေဖို့​တော့ လိုမယ်​လို့ ကျွန်​​တော်​ထင်​တယ်​ဗျ။ ဥပမာ steemit ​လို
Platform မှာ ​အောင်​မြင်​ဖို့ အခွင်းအ​လမ်းရှိရက်​နဲ့ အသုံးမချဘူးဆိုရင်​ ​တခြားအခွင့်​​​အ​ရေးမှန်​သမျှ မျက်​ခြည်​ပြတ်​​နေမှာ​တော့ အမှန်​ပဲလို့ ကျွန်​​တော်​ယူဆမိပါတယ်​။ အဲ့ဒီလို အခွင့်​အလမ်းကို အသုံးချတာဟာ ​အောင်​မြင်​ဖို့ အသက်​၊ အဓိကအစိတ်​အပိုင်းတစ်​ခုပဲ ဖြစ်​ပါတယ်​။

အဓိကက​တော့ ကျွန်​​တော်​တို့​တွေရဲ့ အ​တွေးစိတ်​ကူးဟာ အမြဲသန့်​စင်​​နေဖို့လိုပါတယ်​။ လှည်းကျင်းထားတဲ့ ကြမ်းခင်းတစ်​ခုလို့ ကျွန်​​တော်​တို့ရဲ့ အ​တွေးအိမ်​ဟာ သင့်​စင်​​နေရမယ်​လို့​ပြောချင်​တာပါ။ ကျွန်​​တော်​တို့ကို တွန့်​ဆုတ်​​တွေ​ဝေ​စေမယ့်​ အပျက်​အ​တွေးမျိုး​တွေကို ​ခေါင်းထဲက​နေ ဖက်​ထုတ်​ဖို့ မဖြစ်​မ​နေကို မိမိစိတ်​ကို ဆင်​ခြင်​​နေရပါမယ့်​။ ကျွန်​​တော်​တို့ အားလုံးကို အမြဲအ​နှောင့်​အယှက်​​ပေး​နေတဲ့ စကားဟာ 'အင်း ဖြစ်​မှဖြစ်​ပါ့မလား မသိဘူး' ဆိုတဲ့ ညည်းညူသံ ပဲဖြစ်​ပါတယ်​။ ကျွန်​​တော်​ငယ်​ငယ်​က သင်္ချာတွက်​​နေရင်​ ငါ့အ​​ဖြေမှန်​ပါ့မလားဆိုတဲ့ သံသယစိတ်​​ ဖြစ်​ခဲ့ဖူးပါတယ်​။ ဒါဟာ ကိုယ့်​ကိုယ်​ကို ယုံကြည်​မှုမရှိတဲ့ လက္ခဏာ တစ်​ရပ်​ပါပဲ။..

ပြီး​တော့ ရှိ​သေးတယ်​ 'ငါလာပ်​​နေတဲ့ အလုပ်​ကို တခြားသူက ဘယ်​လို​တွေ မြင်​သွားမလဲ ' ဆိုတဲ့ စိုးရိမ်​စိတ်​မျိုးလည်း ဖြစ်​တတ်​ကြပါတယ်​။..ဒါဟာဆိုရင်​ အပျက်​စိတ်​နဲ့ ယှဉ်​တွဲမိတ်​ဖွဲ့​နေတဲ့ ဖွားဘက်​​တော်​ပါပဲခင်​များ။ ရှက်​တတ်​တဲ့ စိတ်​​ကြောင့်​ ဖြစ်​တတ်​တဲ့သဘာဝ​ပေါ့။ အဲ့လို​ကြောင့်​ကြစိတ်​​တွေ ​ပေါ်​ပေါက်​လာရင်​ ချက်​ချင်း ပထုတ်​ဖို့ နှင်​ထုတ်​ဖို့ သတိ​ပေးပါရ​စေ steemit သူငယ်​ချင်းတို့​ရေ။

ဘာ​ကြောင့်​လဲ ဆို​တော့ အဲဒီမ​ကောင်းဆိုးရွားနတ်​ဆိုးက ​အောင်​မြင်​မှုလမ်း​ကြောင်း​ပေါ် ​လျှောက်​ချင်​​နေတဲ့ ကျွန်​​တော်​တို​ကို အတားအဆီးပြု​နေလို့်​ပါပဲ။ ဒါ​ကြောင့်​ အများစုအကျိုးလည်း မထိခိုက်​၊ ကိုယ့်​​အတွက်​လည်း အကြိုက်​ဖြစ်​မယ့်​ နည်းလမ်းဆိုရင်​ လုပ်​သာလုပ်​လို့ပဲ တိုက်​တွန်းပါရ​စေလား.......

imageWiriter>>> @konay1997
#motivation 2017

Sort:  

စိတ်ကိုအောင်နိုင်ခြင်းက အဓိကပါပဲ ဘဒို

စိတ် သာရှင်စော လို့ကြားဖူးပါတယ်ဗျာ

Nice write Bro,
Keep it up.

မ​ရေးတာကြာလို့ တိုသွားတယ်

5tin!

5 tin ထားတယ်​ 😞

အရမ်းကောင်းတယ် bro do သာ do thank!

ကောင်းပါရဲ့ဗျာ ဒါပေမင့် ရှည်ရှည်လေးရေးပါဗျာ ဖတ်ရတာအားမရဘူး

ဟုတ်​bro

နဲနဲ​လေး တို​နေသလိုပဲ....ဆက်​​ရေးပါ အား​ပေး​နေတယ်

တိုသွားတယိ မ​ရေးတာကြာပီ

Oki ဆက်​ကြိုးစား...fighting

အရမ်း​ကောင်းပါတယ်​။ fighting။ စာ​လေးနည်းနည်းတိုသွားတာ​လေးတစ်​ခုပဲ ​ပြောစရာရှိတယ်​ ။

Thank for sharing