ကျွန်​​တော်​တို့အတွက်​ ကြီးပွား​အောင်​မြင်​​ရေး (၂)

in #motivation7 years ago (edited)

image

Steemit မှာမ​ရေးဖြစ်​တာကြာပါပြီ။ စာ​မေးပွဲ​ကြောင့်​ရယ်​၊ Project ကိစ္စရယ်​၊ Field ဆင်းရမယ့်​ ကိစ္စ​တွေရယ်​ တလ​ကျော်​​လောက်​ steemit နဲ့ အဆက်​အသွယ်​ပြတ်​သွားတယ်​။ ဟိုတ​နေ့ကမှာ ဘယ်​လို​ပြောရမလဲ ​ဆောင်းပါးမကျ ဘာမကျ ​ရေးလိုက်​တာ တိုသွားတယ်​။ 😂 အခုကအဆက်​​လေး​ပေါ့။ (၂) လို့​ပြောလို့ရသလို နိဂုံးချုပ်​လို့လည်း ဆိုရမှာပါ။ မရှည်​ဘူးဆိုရင်​​တောင်​ မတို​အောင်​​တော့ ​ရေးမှာပါ။ အင်း....စကားနည်းနည်းရှည်​သွားတယ်​...😂 အဟမ်း....

ကျွန်​​တော်​တို့အတွက်​ ကြီးပွား​အောင်​မြင်​​ရေး ၂

ဒီ​တော့ ကျွန်​​တော်တို့​လူသားအလုံးက​တော့ ကြီးပွားဖို့ ချမ်းသာဖို့ ​အောင်​မြင်​ဖို့ ကြိုးစားကြတာချည်းပါပဲ။ လူတိုင်းဖြစ်​ချင်​ကြတာပါပဲ။ ကြီးပွား​အောင်​မြင်​ချင်​ရင်​ ထိုသူဟာ ကမ္ဘာ​ပေါ်မှာရှိတဲ့ ထူးချွန်​သူ​တွေ ​အောင်​မြင်​သူ​တွေရဲ့ Biography ​တွေကိုလည်း ​လေ့လာရပါလိမ့်​မယ်​။ ထို​အောင်​မြင်​သူ​တွေ ဆင်းရဲချိန်​တုန်းက မထူးချွန်​ခင်​တုန်းက မည်​သို့ မည်​ပုံ ဇွဲခတ်​ရင်းနှီးပြီး ကြိုးစားခဲ့ရသလဲဆိုတာ ကျွန်​​တော်​တို့ ကိုယ်​တိုင်​ခံစားတတ်​မှာဖြစ်​ပါတယ်​။ ဥပမာ ​အေဗရာ ဟမ်​လင်​ကွန်းရဲ့ အ​ကြောင်း​ပေါ့။ ကျွန်​​တော်​ ဖတ်​ဖူးတယ်​ လင်​ကွန်း ငယ်​ငယ်​က သစ်​လုံးအိမ်​ထဲမှာ ဘယ်​လို​နေထိုင်​ခဲ့ရတယ်​ဆိုတာ​ပေါ့။ ဘယ်​သူသိနိုင်​​မှာလည်း လင်းကွန်းဆိုတာ အ​မေရိကန်​ သမိုင်းမှာ အထင်​ကရ ပုဂ္ဂိုလ်​ ဖြစ်​လာမယ်​ဆိုတာ။ ဒီလိုမျိုး ထူးချွန်​သူ​တွေ ရဲ့ အတ္ထုတ်​ပတ္တိ​တွေကို ​လေ့လာခြင်းအားဖြင့်​ ကျွန်​​တော်​တို့​တွေဟာ ထိုသူ​တွေကို အတုယူနိုင်​မယ်​။ ဒါမှမဟုတ်​ အနည်းဆုံး​တော့ ခွဲခြမ်းစိတ်​ဖြာတတ်​မှာ​တော့ ဧကန်​ပါပဲ။ ဒါဟာ ကျွန်​​တော်​တို့ အတွက်​ ​အောင်​မြင်​ဖို့ လမ်းစပဲလို့ ကျွန်​​တော်​ထင်​ပါတယ်​။

လကမ္ဘာတက်​တဲ့ လူသားတစ်​ဦးရဲ့ စွန့်​စားမှုနဲ့ ပင်​လယ်​သမုဒ္ဒရာ ​လေမုန်​တိုင်းကြားမှာ ကြမ်းတမ်းလှတဲ့ လှိုင်းလုံး​တွေကြား စွန့်​စားမှု​တွေဆိုတာ အတူတူပါပဲ။ ဓာတ်​ခွဲခန်း​တွေထဲမှာ စာအုပ်​ပုံ​တွေကြားမှာ မအိပ်​မ​နေ မနားမ​နေ ရှာ​ဖွေပြုစု​နေတဲ့ လူတစ်​​ယောက်​ရဲ့ စွန့်​စားမှုဆိုတာကလည်း အတူတူပါပဲ။ ဘာ​ကြောင့်​လဲဆို​တော့ ကျွန်​​တော်​တို့ လူသား​တွေအားလုံးဟာ အတွင်းစိတ်​ထဲက အ​ကြောင်းအရာ​တွေကို အ​ခြေခံပြီးမှ မိမိနှစ်​သက်​ရာ နယ်​ပယ်​မှာ ပါဝင်​ကြတာချည်းဖြစ်​ပါတယ်​။ အခုကျွန်​​တော်​တို့က steemit ဆိုတဲ့ နယ်​ပယ်​မှာ တစ်​စိတ်​တစ်​​ဒေသ ​တော့ပါဝင်​​နေကြတယ်​မဟုတ်​လား။

အောင်​မြင်​သူ​တွေရဲ့ ​အ​ကြောင်း​တွေ​လေ့လာကြည့်​တဲ့အခါ သူတို့ဟာ ဘာမှမပြည့်​စုံတဲ့ ဘဝက​နေ တစ်​​ယောက်​တစ်​စ ရုန်းကန်​စွန့်​စားခဲ့ရာက ပြည်​စုံသွားတာ​တွေ ​တွေ့ရမှာပါ။ ကျွန်​​တော်​ထင်​တယ်​ ဘယ်​သူဘယ်​ဝါကမှ စစဉ်​ကတည်းက ပြီးပြည့်​စုံပြီးသားရယ်​လို့ မရှိခဲ့ကြပါဘူး။ မိမိ​ဆွေမျိုး မိဘ အသိုင်းအဝိုင်း ​ကောင်းမှု​ကြောင့်​ ​အောင်​မြင်​ချမ်းသာတာမျိုး​တော့ ရှိ​ပါတယ်​။ ဒါ​ပေမယ့်​ အတုယူ​လောက်​စရာ​တော့ မရှိပါဘူး။ ကျွန်​​တော်​တို့​တွေရဲ့ ​ဆွေမျိုးအသိုင်းအဝိုင်း​တွေဟာ ကျွန်​​တော်​တို့လိုပဲ ဘာမှမရှိတဲ့ ဘဝက​နေစ​နေကြလို့ပါ။ ဒီ​တော့ ကျွန်​​တော်​တို့ အားလုံးဟာ ဘာမှမရှိတဲ့ ဘဝက​နေ ​အောင်​မြင်​လာတဲ့သူ​တွေကိုသာ အတုယူမှတ်​သားသင့်​ပါတယ်​။ ​နိုင်​ငံခြား​တွေမှာ ထူးခြားတဲ့ ​အ​ကြောင်းအရာ​တွေ မကြာခဏ​ပေါ်​ပေါက်​​နေတာ​တွေ၊ ထူးချွန်​တဲ့ လူသား​တွေဆိုပြီး TV မှာ​ရော စာအုပ်​မှာ​ရော ​ကြုံဖူးကြမှပါ။ သူတို့ ဘာ​ကြောင့်​ ထူးချွန်​တာလဲ ​အောင်​မြင်​ကြတာလဲ။ သယံဇာတ​ကြောင့်​လား၊ ရာသီဥတု​တွေ​ကောင်းမွန်​​နေလို့လား။..ဒါမှမဟုတ်​ လူ​ကောင်​ကြီး​တွေ ထွား​နေလို့လား။

တစ်​ခုမှမဟုတ်​ပါဘူး။ သူတို့နိုင်​ငံထွက်​ သယံဇာတပစ္စည်းဆိုတာကလည်း အများနိုင်​ငံနဲ့ယှဉ်​လို့​တောင်​မှ ၁၅ ရာခိုင်​နှုန်း ​တောင်​ရှိမှာမဟုတ်​ပါဘူး၊ ပြီး​တော့ ရာသီဥတု ဘယ်​မှာ​ကောင်းကြလို့လဲ။ ​တော်​ကြာမီး​တောင်​​ပေါက်​ကွဲ၊ ​တော်​ကြာ​လေမုန်​တိုင်းေ၊ ​ရေကြီး၊ ​တော်​ကြာ ငလျင်​တဲ့...။ ဒါ​ပေမယ့်​ သူတို့နိုင်​ငံ​တွေ ချမ်းသာကြတယ်​ ​အောင်​မြင်​ကြတယ်​။ သူတို့နိုင်​ငံ​တွေမှာ ကမ္ဘာ့အချမ်းသာဆုံး စရင်း​ဝင်​​တွေ ဘာ​တွေ ​တွေ့နိုင်​​သေးတယ်​။ အဲ့ဒါဘာ​ကြောင့်​လဲ။ ကျွန်​​တော်​တို့ နိုင်​ငံ​တွေ​ရော ချမ်းသာလို့မရဘူးလား(အဘလို​ပေါ့😛)။ ရှင်းရှင်း​လေးပါပဲ။
သူတို့...သူတို့​တွေဟာ ဘဝကို ဘယ်​လိုအကျိုးရှိ​အောင်​ အသုံးချ​နေထိုင်​ရမယ်​ဆိုတာ စတဲ့ကျင့်​စဉ်​နည်းလမ်း​တွေကို လက်​ကိုင်​ပြုထားလို့ပဲလို့ ကျွန်​​တော်​ထင်​ပါတယ်​။ သူတို့မှာ​အောင်​မြင်​​ရေးစိတ်​ဓာတ်​ကို ထက်​မြတ်​​စေတဲ့ လှူံ့​ဆော်​မှု​တွေ ရှိ​နေတယ်​။ ပွားများမှု​တွေရှိ​နေတယ်​။ ကျွန်​​တော်​ထင်​တယ်​ ကျွန်​​တော်တို့နိုင်​မှာသာ အဲ့လိုစိတ်​ဓာတ်​​တွေကို လက်​ကိုင်​ထားနိုင်​ရင်​ ပွားများနိုင်​ရင် ​ကျွန်​​တော်​တို့ နိုင်​ငံဟာလည်း ​အောင်​မြင်​ကြီးပွားတဲ့ နိုင်​ငံတစ်​နိုင်​ငံဖြစ်​လာမှာပါ။

နိုင်​ငံတစ်​နိုင်​ငံရဲ့ ချမ်းသာမှုဆိုတာ လူတစ်​ဦးတစ်​​ယောက်​ချင်းစီးရဲ့ ချမ်းသာမှုနဲ့ပဲ ဖွဲ့စည်းစားထားတာပါ။ ဦး​ဇော်​​ဇော်​ ချမ်းသာလို့ ဦးသန်း​ရွှေ ချမ်းသာလို့ ကျွန်​​တော်​တို့ နိုင်​ငံချမ်းသာတာမဖြစ်​နိုင်​ပါဘူး။ ကျွန်​​တော်​တို့ အားလုံးတစ်​​​ယောက်​ချင်းစီ ချမ်းသာမှ
အောင်​မြင်​မှ ကျွန်​​တော်​တို့ နိုင်​ငံ ​ချမ်းသာတယ်​လို့ ဆိုရမှာပါ။( နိုင်​ငံ​ရေး​တွေပါကုန်​​တော့မှာပဲ😂) တစ်​နည်း​ပြောရရင်​ ကျွန်​​တော်​တို့တစ်​​ယောက်​ချင်းစီရဲ့ အတွင်းစိတ်​ကြိုးကိုင်​မှုဟာ စွမ်​အားတစ်​ခု​ပေါ်​ပေါက်​မှုမှာ ဘယ်​​လောက်​​အ​ရေးပါသလဲဆိုတာ ကိုယ်​စီကိုယ်​စီသိ​နေရမှာဖြစ်​ပါတယ်​။ သူတို့နိုင်​ငံ​တွေမှာ ကြီးပွားမှုဆိုင်​ရာ စိတ်​ပညာဆိုင်​ရာ စာအုပ်​စာတမ်း​တွေ။ ပညာရှင်​​တွေဆိုတာ အများကြီးပါပဲ။ ​ကျောင်း​တွေမှာလည်း မူလတန်းအရွယ်​ကတည်းက ယဉ်​​ကျေးမှု စိတ်​ပညာ​တွေကို ဘာသာရပ်​အ​နေနဲ့ ပို့ချမှု​တွေရှိတယ်​။ လူတိုင်းလူတိုင်းကို လူမှန်းသိကတည်းက စမ်းသပ်​ချင်​စိတ်​၊ တီထွင်​ချင်​စိတ်​ မျိုး​စေ့​တွေကို ချ​ပေးကြတယ်​။ လူတစ်​​ယောက်​မှာ သဘာဝက​ပေးတဲ့ လှူ့​ဆော်​မှု​အား​တွေ ကိန်းဝပ်​​နေကြပါတယ်​။ ဒါ​တွေကို ကျွန်​​တော်​တို့ အသိ​ပေးဖို့လိုပါတယ်​။

အောင်​မြင်​ချင်​စိတ်​ ကြီးပွာချင်းစိတ်​ ဆိုတာကလည်း လှူ့​ဆော်​မှုနဲ့ဆိုင်​တဲ့ အတွင်းစိတ်​​ကြောင့်​ပါ။ အချို့အချို့​သောလူ​တွေဟာ ​အောင်​မြင်​သထက်​​အောင်​မြင်​​အောင်​ ချမ်းသာသထက်​ချမ်းသာ​အောင်​ ကြိုးစား​နေကြတာ ​အ​ကြောင်းအ​ရင်း​တွေရှိပါတယ်​။ သူတို့​တွေဟာ ဘယ်​အတိုင်းအတာထိ ​အောင်​မြင်​​အောင်​လုပ်​နိုင်​သလဲဆိုတာကို ​ဖော်​ထုတ်​​နေတဲ့သ​ဘော​လေး​တွေ ​တွေ့ရပါတယ်​။ အ​အောင်​မြင်​ဆုံးဖြစ်​​အောင်​ကြိုးစားချင်​ကြတယ်​။ အဲ့လို​အောင်​ ​အောင်​မြင်​​အောင်​ သူတို့ရဲ့ စိတ်​ကူးဉာဏ်​​တွေကို တိုးချဲ့ရင်း...တိုးချဲ.ရင်း......။ အဲ့ဒါဟာ ​အောင်​မြင်​သူ​တွေမှာ ရှိ​နေတဲ့ စွမ်းအားကို နည်းအမျိုးအမျိုးနဲ့ အသုံးချ​နေတာမျို့မို ကျွန်​​တော့်​အ​နေနဲ့ နည်းနာအတုယူသင့်​​ကြောင်း ​ပြောကြားရင်း ကျွန်​​တော်​ရဲ့ ကျွန်​​တော်​တို့အတွက်​ ကြီးပွား​အောင်​မြင်​​ရေး ​ဆောင်းပါးအား နိဂုံးချုပ်​အဆုံးသတ်​လိုက်​ပါတယ်​။ ​ ။

image

writer>>> konay1997
#motivation_2017

Sort:  

Good Article

Thanks for your support @julybrave

Loads of information. Thanks. Love it. @konay1997 Followed

အရမ်းကောင်းတဲ့ဆောင်းပါးတစ်ပုဒ်ဖြစ်ပါတယ်

ကျေးဇူး bro

အောင်မြင်မှာပါအကို

ဟုတ်​ကဲ့ bro

စာရေးဆရာတော်ပါတယ်ဗျာ။

steemit သာမက အခြားလုပ်ငန်းများတွင်ပါအောင်မြင်ပါစေ အောင်မြင်သောလူတစ်ယောက်ဖြစ်နိုင်ပါစေ

ကျေးဇူးပါ bro

ဘဝမှာအောင်မြင်မှုတွေရပါစေ

ကျေးဇူး @ayeminmaung

Good Post

Thanks ဗျ

Always do the best, success will follow.
From 3 idiots movie.

Thanks bro 😃😄

ရှင်သန်မှုနဲ့အတူ အောင်မြင်မှုတွေကို ရယူနိုင်ပါစေဗျာ

အောင်​မြင်​မှု​တွေနဲ့ ရှင်​သန်​ပါရ​စေ အကို​ရေ 😒

ကျွန်နော်လည်းအောင်မြင်အောင်ကြိုးစားနေပါတယ်

if you achieve once, you are more hungry for more...